ဧဖက် 5:28-29
ဧဖက် 5:28-29 Judson Bible (JBMLE)
ထိုနည်းတူ ယောက်ျားတို့သည် မိမိကိုယ်ကို ချစ်သကဲ့သို့ မိမိခင်ပွန်းတို့ကိုချစ်ရကြမည်။ ခင်ပွန်းကို ချစ်သောသူသည် ကိုယ်ကိုချစ်သောသူဖြစ်၏။- ကိုယ်အသားကို မုန်းသောသူ တစ်ယောက်မျှမရှိ။ ခရစ်တော်သည် အသင်းတော်ကို ကျွေးမွေးပြုစုတော်မူ သကဲ့သို့၊ ခပ်သိမ်းသောသူတို့သည် မိမိတို့အသားကို ကျွေးမွေးပြုစုတတ်ကြ၏။
ဧဖက် 5:28-29 Common Language Bible (BCL)
လင်ဖြစ်သူတို့သည်မိမိတို့ကိုယ်ခန္ဓာကိုချစ် သကဲ့သို့မယားများအားချစ်သင့်ကြ၏။ မယားကိုချစ်သောသူသည်မိမိကိုယ်ခန္ဓာ ကိုချစ်သောသူဖြစ်၏။- (အဘယ်သူမျှမိမိကိုယ်ခန္ဓာကိုမုန်းသည်ဟူ၍ မရှိ။ မုန်းမည့်အစားသူသည်မိမိကိုယ်ကိုကျွေး မွေးပြုစု၏။ အသင်းတော်အားခရစ်တော် ကျွေးမွေးပြုစုတော်မူသကဲ့သို့တည်း။
ဧဖက် 5:28-29 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
ထိုနည်းတူ ခင်ပွန်းသည်တို့သည်လည်း မိမိတို့၏ဇနီးသည်ကို မိမိတို့ကိုယ်ခန္ဓာကဲ့သို့ ချစ်ကြရမည်။ မိမိ၏ဇနီးသည်ကို ချစ်သောသူသည် မိမိကိုယ်ကိုချစ်သောသူဖြစ်၏။ အကြောင်းမူကား မိမိကိုယ်ခန္ဓာကိုမုန်းသောသူဟူ၍ တစ်ယောက်မျှမရှိဖူးချေ။ ခရစ်တော်သည် အသင်းတော်အားပြုတော်မူသကဲ့သို့ လူတိုင်း မိမိကိုယ်ခန္ဓာကိုပြုစုပျိုးထောင်၍ ယုယမြတ်နိုးတတ်၏။