ဧဖက် 5:26-27
ဧဖက် 5:26-27 Judson Bible (JBMLE)
ထိုအသင်းတော်သည် သန့်ရှင်းလျက် အပြစ်ကင်းလျက်ရှိသည် ဖြစ်၍၊ အညစ်အကြေးတင်ခြင်း၊ အရေတွန့်ခြင်းမှ စသည်တို့နှင့် လွတ်လပ်သဖြင့်၊ အသရေတင့်တယ်လျက် ရှိသော အသင်းတော်ကို ခရစ်တော်သည် မိမိအား ဆက်သအံ့သောငှာ၊ နှုတ်ကပတ်တော်ရေ၌ ဆေးကြော ခြင်းအားဖြင့် စင်ကြယ်သန့်ရှင်း စေမည်အကြောင်း၊ ထိုအသင်းတော်အဖို့ အလိုငှာ ကိုယ်ကိုကိုယ်စွန့်တော်မူ၏။
ဧဖက် 5:26-27 Common Language Bible (BCL)
ကိုယ်တော်သည်မိမိအသက်ကိုစွန့်တော်မူခြင်း မှာအသင်းတော်ကိုရေဖြင့်သန့်ရှင်းစေပြီးလျှင် နှုတ်ကပတ်တော်ဖြင့်ဘုရားသခင်အားဆက် ကပ်တော်မူသဖြင့်၊- အသင်းတော်ကိုမိမိအားဆက်သတော်မူရာ ၌အညစ်အကြေးအစွန်းအကွက်မရှိ၊ သန့်ရှင်း ဖြူစင်အပြစ်ကင်းလျက်လှပတင့်တယ်သော အသရေနှင့်ပြည့်စုံနိုင်စေရန်ပင်ဖြစ်သည်။
ဧဖက် 5:26-27 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
ခရစ်တော်သည် ထိုသို့ပြုခြင်းမှာ ရေနှင့်ဆိုင်သောဆေးကြောခြင်းအားဖြင့် နှုတ်ကပတ်တော်၌ အသင်းတော်ကို သန့်ရှင်းစင်ကြယ်စေရန်နှင့် အစွန်းအထင်း၊ အတွန့်အရှုံ့မှစ၍ ထိုသို့သောအရာတစ်စုံတစ်ခုမျှမရှိဘဲ သန့်ရှင်း၍ အပြစ်အနာအဆာကင်းသည့် ဂုဏ်သရေရှိသောအသင်းတော်ကို မိမိအားဆက်သနိုင်ရန်အတွက်ဖြစ်၏။