YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဧဖက် 5:21-25

ဧဖက် 5:21-25 Judson Bible (JBMLE)

ခ​ရစ်​တော်​ကို ခန့်​ညား​သော​အား​ဖြင့်၊ အ​ချင်း​ချင်း တစ်​ယောက်​အောက်​တစ်​ယောက် ကိုယ်​ကို နှိမ့်​ချ​လျက် နေ​ကြ​လော့။- အ​ချင်း​မိန်း​မ​တို့၊ သ​ခင်​ဘု​ရား၏ အုပ်​စိုး​တော်​မူ​ခြင်း​ကို ဝန်​ခံ​သ​ကဲ့​သို့၊ ကိုယ်​ခင်​ပွန်း၏​အုပ်​စိုး​ခြင်း​ကို ဝန်​ခံ​ကြ​လော့။- အ​ကြောင်း​မူ​ကား၊ ခ​ရစ်​တော်​သည် အ​သင်း​တော်၏​အ​ပေါ်​မှာ ခေါင်း​ဖြစ်​တော်​မူ​သ​ကဲ့​သို့၊ ယောက်ျား​သည် မိ​မိ​ခင်​ပွန်း၏​အ​ပေါ်​မှာ ခေါင်း​ဖြစ်၏။ ခ​ရစ်​တော်​သည်​လည်း မိ​မိ​ကိုယ်​ကို ကယ်​တင်​သော​သူ ဖြစ်​တော်​မူ၏။- အ​သင်း​တော်​သည် ခ​ရစ်​တော်၏ အုပ်​စိုး​တော်​မူ​ခြင်း​ကို ဝန်​ခံ​သ​ကဲ့​သို့၊ မိန်း​မ​တို့​လည်း ကိုယ်​ခင်​ပွန်း၏ အုပ်​စိုး​ခြင်း​ကို အ​ရာ​ရာ၌ ဝန်​ခံ​ရ​ကြ​မည်။- အ​ချင်း​ယောက်ျား​တို့၊ ခ​ရစ်​တော်​သည် အ​သင်း​တော်​ကို ချစ်​တော်​မူ​သ​ကဲ့​သို့၊ သင်​တို့​လည်း ကိုယ်​ခင်​ပွန်း​ကို ချစ်​ကြ​လော့။

ဧဖက် 5:21-25 Common Language Bible (BCL)

ခ​ရစ်​တော်​ကို​ရို​သေ​လေး​စား​သော​အား​ဖြင့်​သင် တို့​သည်​တစ်​ဦး​၏​အ​လို​ကို​တစ်​ဦး​လိုက်​လျော ကြ​လော့။ မ​ယား​ဖြစ်​သူ​တို့၊ သင်​တို့​သည်​သ​ခင်​ဘု​ရား​၏ အုပ်​စိုး​ခြင်း​ကို​ခံ​ယူ​သ​ကဲ့​သို့​ခင်​ပွန်း​တို့​၏​အုပ် စိုး​ခြင်း​ကို​ခံ​ယူ​ကြ​လော့။- ခ​ရစ်​တော်​သည်​အ​သင်း​တော်​အ​ပေါ်​သြ​ဇာ​အာ​ဏာ ရှိ​သ​ကဲ့​သို့ လင်​သည်​မိ​မိ​ခင်​ပွန်း​အ​ပေါ်​သြ​ဇာ အာ​ဏာ​ရှိ​၏။ ခ​ရစ်​တော်​သည်​မိ​မိ​၏​ကိုယ်​ခန္ဓာ​ဖြစ် သော​အ​သင်း​တော်​၏​ကယ်​တင်​ရှင်​ဖြစ်​တော်​မူ​၏။- သို့​ဖြစ်​၍​အ​သင်း​တော်​သည်​ခရစ်​တော်​၏​အုပ်​စိုး ခြင်း​ကို​ခံ​ယူ​သ​ကဲ့​သို့ မ​ယား​တို့​သည်​လည်း​လင် တို့​၏​အုပ်​စိုး​ခြင်း​ကို​အ​ကြွင်း​မဲ့​ခံ​ယူ​ရ​ကြ​မည်။ လင်​ဖြစ်​သူ​တို့၊ ခ​ရစ်​တော်​သည်​အ​သင်း​တော်​ကို ချစ်​တော်​မူ​၍ အ​သင်း​တော်​အ​တွက်​မိ​မိ​အ​သက် ကို​စွန့်​တော်​မူ​သည့်​နည်း​တူ သင်​တို့​၏​မ​ယား​များ ကို​ချစ်​ကြ​လော့။

ဧဖက် 5:21-25 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ခရစ်တော်​ကို​ကြောက်ရွံ့​ရိုသေ​သော​စိတ်​ဖြင့် အချင်းချင်း​နာခံ​ကြ​လော့။ ဇနီးသည်​တို့၊ သခင်​ဘုရား​ကို​နာခံ​သကဲ့သို့ မိမိ​၏​ခင်ပွန်းသည်​ကို နာခံ​ကြ​လော့။ အကြောင်းမူကား ခရစ်တော်​သည် အသင်းတော်​တည်းဟူသော​ကိုယ်ခန္ဓာ​တော်​၏​ကယ်တင်ရှင်​ဖြစ်​တော်မူ​ပြီး ထို​အသင်းတော်​၏​ဦးခေါင်း​ဖြစ်​တော်မူ​သကဲ့သို့ ခင်ပွန်းသည်​သည်​လည်း ဇနီးသည်​၏​ဦးခေါင်း​ဖြစ်​၏။ အသင်းတော်​သည် ခရစ်တော်​ကို​နာခံ​သကဲ့သို့ ဇနီးသည်​တို့​သည်​လည်း အရာရာ​၌ ခင်ပွန်းသည်​ကို​နာခံ​ကြ​ရ​မည်။ ခင်ပွန်းသည်​တို့၊ ခရစ်တော်​သည် အသင်းတော်​ကို​ချစ်​၍ အသင်းတော်​အတွက် မိမိကိုယ်ကို​စွန့်​တော်မူ​သည့်​နည်းတူ ဇနီးသည်​ကို ချစ်​ကြ​လော့။