YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဧဖက် 5:18-21

ဧဖက် 5:18-21 Judson Bible (JBMLE)

လွန်​ကျူး​စေ​တတ်​သော စ​ပျစ်​ရည်​နှင့် ယစ်​မူး​ခြင်း​ကို​ရှောင်၍ ဝိ​ညာဉ်​တော်​နှင့် ပြည့်​စုံ​လျက်​ရှိ​ကြ​လော့။- ဆာ​လံ​သီ​ချင်း​မှ​စ​သော ဓ​မ္မ​သီ​ချင်း အ​မျိုး​မျိုး​တို့​ကို အ​ချင်း​ချင်း ပြော​ဆို​ဖတ်​ရွတ်၍၊ နူး​ညွတ်​သော စိတ်​နှ​လုံး​နှင့် သ​ခင်​ဘု​ရား​ရှေ့​တော်၌ ကျူး​ဧ၍​သီ​ချင်း ဆို​ကြ​လော့။- ခပ်​သိမ်း​သော​အ​ရာ​တို့၌ ကျေး​ဇူး​တော်​ကြီး​လှ​ပါ၏​ဟု ငါ​တို့​သ​ခင်​ယေ​ရှု​ခ​ရစ်၏ နာ​မ​တော်​ကို ထောက်၍၊ ခ​မည်း​တော်​ဘု​ရား​သ​ခင်​ရှေ့၊ ကာ​လ​အ​စဉ်​မ​ပြတ် ဝန်​ခံ​ကြ​လော့။ ခ​ရစ်​တော်​ကို ခန့်​ညား​သော​အား​ဖြင့်၊ အ​ချင်း​ချင်း တစ်​ယောက်​အောက်​တစ်​ယောက် ကိုယ်​ကို နှိမ့်​ချ​လျက် နေ​ကြ​လော့။

ဧဖက် 5:18-21 Common Language Bible (BCL)

သင်​တို့​အား​ပျက်​စီး​စေ​မည့်​သေ​သောက်​ကြူး​ခြင်း ကို​ရှောင်​၍ ဝိ​ညာဉ်​တော်​နှင့်​ပြည့်​ဝ​လျက်​ရှိ​ကြ လော့။- တစ်​ဦး​နှင့်​တစ်​ဦး​စ​ကား​ပြော​ကြ​သော​အ​ခါ ဆာ​လံ​သီ​ချင်း၊ ဋ္ဌမ္မ​သီ​ချင်း​နှင့်​ဘာ​သာ​ရေး​သီ ချင်း​များ​မှ​စ​ကား​များ​ဖြင့်​ပြော​ဆို​ကြ​လော့။ စိတ်​နှ​လုံး​အ​တွင်း​၌​သ​ခင်​ဘု​ရား​အား​ထော မ​နာ​ပြု​လျက် ဋ္ဌမ္မ​သီ​ချင်း​များ​နှင့်​ဆာ​လံ သီ​ချင်း​များ​ကို​သီ​ဆို​ကူး​အေး​ကြ​လော့။- ငါ​တို့​အ​ရှင်​ယေ​ရှု​ခ​ရစ်​၏​နာ​မ​တော်​ကို​အ​မှီ ပြု​၍ ခပ်​သိမ်း​သော​အ​ရာ​တို့​အ​တွက်​အ​ဖ​ဘု​ရား သ​ခင်​၏​ကျေး​ဇူး​တော်​ကို​အ​စဉ်​မ​ပြတ်​ချီး မွမ်း​ကြ​လော့။ ခ​ရစ်​တော်​ကို​ရို​သေ​လေး​စား​သော​အား​ဖြင့်​သင် တို့​သည်​တစ်​ဦး​၏​အ​လို​ကို​တစ်​ဦး​လိုက်​လျော ကြ​လော့။

ဧဖက် 5:18-21 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

အပျော်ကြူး​ခြင်း​ကို​ဖြစ်​စေ​သည့် စပျစ်​ဝိုင်​ယစ်မူး​ခြင်း​မ​ရှိ​ဘဲ ဝိညာဉ်​တော်​နှင့်​ပြည့်ဝ​ကြ​လော့။ ဆာလံ​သီချင်း​များ၊ ဓမ္မ​သီချင်း​များ​နှင့် ဝိညာဉ်ရေး​ဆိုင်ရာ​သီချင်း​များ​ကို အချင်းချင်း​မြွက်ဆို​လျက် သခင်​ဘုရား​ထံသို့ သင်​တို့​၏​စိတ်နှလုံး​ထဲမှ သီဆို​ကျူးဧ​ကြ​လော့။ အရာ​ခပ်သိမ်း​တို့​အတွက် ငါ​တို့​သခင်​ယေရှု​ခရစ်တော်​၏​နာမ​တော်​၌ ခမည်းတော်​ဖြစ်​တော်မူ​သော​ဘုရားသခင်​ကို အစဉ်​ကျေးဇူးတင်​ကြ​လော့။ ခရစ်တော်​ကို​ကြောက်ရွံ့​ရိုသေ​သော​စိတ်​ဖြင့် အချင်းချင်း​နာခံ​ကြ​လော့။