ဧဖက် 5:15-20
ဧဖက် 5:15-20 Judson Bible (JBMLE)
ထိုကြောင့် ပညာမဲ့ကဲ့သို့မဟုတ်၊ ပညာရှိကဲ့သို့ စေ့စေ့မြေ့မြေ့ ကျင့်ဆောင်မည်အကြောင်း သတိပြုကြလော့။- ယခု နေ့ရက်ကာလတို့သည် ဆိုးယုတ်သောကြောင့် ကာလအချိန်ကို ရွေးနုတ်ကြလော့။- ထိုကြောင့် သတိမရှိသောသူမဖြစ်၊ သခင်ဘုရား၏ အလိုတော်ရှိရာကို ပိုင်းခြား၍ သိသောသူ ဖြစ်ကြလော့။- လွန်ကျူးစေတတ်သော စပျစ်ရည်နှင့် ယစ်မူးခြင်းကိုရှောင်၍ ဝိညာဉ်တော်နှင့် ပြည့်စုံလျက်ရှိကြလော့။- ဆာလံသီချင်းမှစသော ဓမ္မသီချင်း အမျိုးမျိုးတို့ကို အချင်းချင်း ပြောဆိုဖတ်ရွတ်၍၊ နူးညွတ်သော စိတ်နှလုံးနှင့် သခင်ဘုရားရှေ့တော်၌ ကျူးဧ၍သီချင်း ဆိုကြလော့။- ခပ်သိမ်းသောအရာတို့၌ ကျေးဇူးတော်ကြီးလှပါ၏ဟု ငါတို့သခင်ယေရှုခရစ်၏ နာမတော်ကို ထောက်၍၊ ခမည်းတော်ဘုရားသခင်ရှေ့၊ ကာလအစဉ်မပြတ် ဝန်ခံကြလော့။
ဧဖက် 5:15-20 Common Language Bible (BCL)
သို့ဖြစ်၍သင်တို့ပြုကျင့်ပုံကိုသတိပြုကြ လော့။ ပညာမဲ့သူများကဲ့သို့မဟုတ်ဘဲပညာ ရှိသူများကဲ့သို့ပြုကျင့်ကြလော့။- ဤနေ့ရက်ကာလသည်ဆိုးယုတ်သောကာလဖြစ် သောကြောင့် သင်တို့ရရှိသည့်အခွင့်အရေးရှိ သမျှကိုအကျိုးရှိအောင်အသုံးပြုကြလော့။- ထို့ကြောင့်သင်တို့သည်မိုက်မဲ၍မနေဘဲ သခင် ဘုရား၏အလိုတော်ကိုကြိုးစား၍ရှာကြလော့။ သင်တို့အားပျက်စီးစေမည့်သေသောက်ကြူးခြင်း ကိုရှောင်၍ ဝိညာဉ်တော်နှင့်ပြည့်ဝလျက်ရှိကြ လော့။- တစ်ဦးနှင့်တစ်ဦးစကားပြောကြသောအခါ ဆာလံသီချင်း၊ ဋ္ဌမ္မသီချင်းနှင့်ဘာသာရေးသီ ချင်းများမှစကားများဖြင့်ပြောဆိုကြလော့။ စိတ်နှလုံးအတွင်း၌သခင်ဘုရားအားထော မနာပြုလျက် ဋ္ဌမ္မသီချင်းများနှင့်ဆာလံ သီချင်းများကိုသီဆိုကူးအေးကြလော့။- ငါတို့အရှင်ယေရှုခရစ်၏နာမတော်ကိုအမှီ ပြု၍ ခပ်သိမ်းသောအရာတို့အတွက်အဖဘုရား သခင်၏ကျေးဇူးတော်ကိုအစဉ်မပြတ်ချီး မွမ်းကြလော့။
ဧဖက် 5:15-20 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
ထို့ကြောင့် သင်တို့သည် မည်သို့အသက်ရှင်လျှောက်လှမ်းသည်ကို သေချာစွာဆင်ခြင်ကြလော့။ ပညာမဲ့ကဲ့သို့မဟုတ်ဘဲ ပညာရှိကဲ့သို့ လျှောက်လှမ်း၍ နေ့ရက်ကာလတို့သည် ဆိုးညစ်သောကြောင့် အချိန်အခါကို ကောင်းစွာအသုံးချကြလော့။ သို့ဖြစ်၍ မိုက်မဲသောသူများမဖြစ်ကြဘဲ သခင်ဘုရား၏အလိုတော်သည် မည်သည့်အရာဖြစ်သည်ကို နားလည်ကြလော့။ အပျော်ကြူးခြင်းကိုဖြစ်စေသည့် စပျစ်ဝိုင်ယစ်မူးခြင်းမရှိဘဲ ဝိညာဉ်တော်နှင့်ပြည့်ဝကြလော့။ ဆာလံသီချင်းများ၊ ဓမ္မသီချင်းများနှင့် ဝိညာဉ်ရေးဆိုင်ရာသီချင်းများကို အချင်းချင်းမြွက်ဆိုလျက် သခင်ဘုရားထံသို့ သင်တို့၏စိတ်နှလုံးထဲမှ သီဆိုကျူးဧကြလော့။ အရာခပ်သိမ်းတို့အတွက် ငါတို့သခင်ယေရှုခရစ်တော်၏နာမတော်၌ ခမည်းတော်ဖြစ်တော်မူသောဘုရားသခင်ကို အစဉ်ကျေးဇူးတင်ကြလော့။