YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဧဖက် 5:1-6

ဧဖက် 5:1-6 Judson Bible (JBMLE)

ထို​သို့​သင်​တို့​သည် ဘု​ရား​သ​ခင်၏ ချစ်​သား​ဖြစ်​ကြ​သည်​နှင့်​အ​ညီ၊ ဘု​ရား​သ​ခင် ကျင့်​တော်​မူ​သည် နည်း​တူ ကျင့်​ကြ​လော့။- ခ​ရစ်​တော်​သည် ငါ​တို့​ကို ချစ်​တော်​မူ​သော​အား​ဖြင့် ဘု​ရား​သ​ခင့်​ရှေ့​တော်၌ မွှေး​ကြိုင်​သော အ​နံ့​ရှိ​စေ​ခြင်း​ငှာ၊ ကိုယ်​ကို​ကိုယ်​ဆက်​ကပ်၍ ယဇ်​ပူ​ဇော်​လျက်၊ ငါ​တို့​အ​တွက် စွန့်​တော်​မူ​သည်​နည်း​တူ၊ သင်​တို့​သည် မေ​တ္တာ​တ​ရား၌ ကျင်​လည်​ကြ​လော့။ မ​တ​ရား​သော မေ​ထုန်၌​မှီ​ဝဲ​ခြင်း၊ အ​မျိုး​မျိုး​သော ကိ​လေ​သာ​ညစ်​ညူး​ခြင်း၊ လော​ဘ​လွန်​ကျူး​ခြင်း အ​မှု​တို့​ကို သန့်​ရှင်း​သူ​တို့​သည် ရှောင်​သင့်​သည်​အ​တိုင်း၊ စ​ကား​ဖြင့်​မျှ မ​ဆက်​ဆံ​ကြ​နှင့်။- မ​တော်​မ​လျော်​သော ညစ်​ညူး​ပြက်​ပြယ် ပြက်​ရယ်​သော စ​ကား​များ​ကို​လည်း​ပယ်၍ ကျေး​ဇူး​တော် ချီး​မွမ်း​ခြင်း​စ​ကား​ကို သုံး​ကြ​လော့။- မ​တ​ရား​သော မေ​ထုန်၌ မှီ​ဝဲ​သော​သူ၊ ညစ်​ညူး​စွာ ပြု​သော​သူ၊ ရုပ်​တု​ကို ကိုး​ကွယ်​သော​သူ​ဖြစ်​သော လော​ဘ​လွန်​ကျူး​သော​သူ တစ်​စုံ​တစ်​ယောက်​မျှ ခ​ရစ်​တော်​နှင့် ဘု​ရား​သ​ခင်၏​နိုင်​ငံ၌ အ​မွေ​မ​ခံ​ရ​သည်​ကို သင်​တို့ သိ​ကြ၏။- လျှပ်​ပေါ်​သော​စ​ကား​ဖြင့် အ​ဘယ်​သူ​မျှ သင်​တို့​ကို မ​လှည့်​ဖြား​စေ​နှင့်။ ထို​အ​မှု​ကြောင့် ဘု​ရား​သ​ခင်၏ အ​မျက်​တော်​သည် ငြင်း​ဆန်​တတ်​သော သူ​တို့ အ​ပေါ်​သို့ သင့်​ရောက်​ပေ၏။

ဧဖက် 5:1-6 Common Language Bible (BCL)

သင်​တို့​သည်​ဘု​ရား​သ​ခင်​၏​ချစ်​သား​များ​ဖြစ် သ​ဖြင့် ကိုယ်​တော်​နှင့်​တူ​အောင်​ကြိုး​စား​ကြ​ရ​မည်။- ခ​ရစ်​တော်​သည်​ငါ​တို့​ကို​ချစ်​တော်​မူ​၍​ငါ​တို့ အ​တွက် မိ​မိ​ကိုယ်​ကို​ဘု​ရား​သ​ခင်​နှစ်​သက် တော်​မူ​ရာ​မွှေး​ကြိုင်​သော​ယဇ်​သ​ကာ​အ​ဖြစ် ဖြင့်​ဆက်​သ​တော်​မူ​သ​ကဲ့​သို့ သင်​တို့​သည် လည်း​မေတ္တာ​တ​ရား​ကို​ကျင့်​သုံး​ကြ​လော့။ သင်​တို့​သည်​ဘု​ရား​သ​ခင်​၏​လူ​စု​တော်​ဖြစ် သြဖင့်​ကာ​မ​ဂုဏ်​လိုက်​စား​မှု၊ ညစ်​ညမ်း​မှု​နှင့် လော​ဘ​လွန်​ကူး​မှု​အ​ကြောင်း​တို့​ကို​သင် တို့​တွင်​ပြော​ဆို​ခြင်း​ပင်​မ​ရှိ​စေ​နှင့်။- ညစ်​ညမ်း​သော​စ​ကား၊ ယုတ်​မာ​သော​စ​ကား၊ ရိုင်း​စိုင်း​သော​စ​ကား​များ​ကို​လည်း​မ​ပြော မ​ဆို​အပ်။ ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​သည့် စ​ကား​များ​ကို​သာ​လျှင်​ပြော​ဆို​အပ်​၏။- ကာ​မ​ဂုဏ်​လိုက်​စား​သူ၊ ညစ်​ညမ်း​သူ၊ လော​ဘ လွန်​ကူး​သူ​ဟူ​သ​မျှ​သည်​ခ​ရစ်​တော်​နှင့် ဘု​ရား​သ​ခင်​၏​နိုင်​ငံ​တော်​တွင်​ပါ​ဝင်​ကြ ရ​လိမ့်​မည်​မ​ဟုတ်​ကြောင်း​သင်​တို့​သိ​ကြ​၏။ (လော​ဘ​လွန်​ကူး​ခြင်း​သည်​ရုပ်​တု​ကိုး​ကွယ် မှု​တစ်​မျိုး​ပင်​ဖြစ်​သည်။) အ​ချည်း​နှီး​သော​စ​ကား​ဖြင့်​အ​ဘယ်​သူ​မျှ သင်​တို့​ကို​မ​လှည့်​ဖြား​စေ​နှင့်။ ထို​အ​မှု​များ ကြောင့်​ဘု​ရား​သ​ခင်​၏​အ​မိန့်​တော်​ကို​မ​နာ ခံ​သူ​တို့​သည်​အ​မျက်​တော်​သင့်​ကြ​လိမ့်​မည်။

ဧဖက် 5:1-6 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ထို့ကြောင့် ချစ်​တော်မူ​သော​သားသမီး​များ​အဖြစ် ဘုရားသခင်​ကို အတုယူ​သူ​များ​ဖြစ်​ကြ​လော့။ ခရစ်တော်​သည် ငါ​တို့​ကို​ချစ်​တော်မူ​၍ ငါ​တို့​အတွက် မိမိကိုယ်ကို ပူဇော်သက္ကာ​နှင့်​ယဇ်​တည်းဟူသော မွှေးကြိုင်​သည့်​ရနံ့​အဖြစ် ဘုရားသခင်​ထံ ဆက်ကပ်​အပ်နှံ​တော်မူ​သည့်​နည်းတူ ချစ်​ခြင်း​မေတ္တာ​၌ အသက်ရှင်​လျှောက်လှမ်း​ကြ​လော့။ တရားနှင့်မညီ​မေထုန်ပြု​ခြင်း၊ အမျိုးမျိုး​သော​ညစ်ညူး​ခြင်း​နှင့် လောဘ​လွန်ကျူး​ခြင်း​တို့​ကို သန့်ရှင်း​သူ​များ​ရှောင်​သင့်​သည့်​အတိုင်း သင်​တို့​ထဲတွင် စကား​ဖြင့်​ပင် မ​ပြော​ကြ​နှင့်။ မဖွယ်မရာ​ပြုမူ​ခြင်း၊ မိုက်မဲ​စွာ​ပြောဆို​ခြင်း​နှင့် ညစ်ညမ်း​သော​ပြက်လုံး​ထုတ်​ခြင်း​တို့​သည်​လည်း မ​သင့်လျော်​သဖြင့် ရှောင်ရှား​၍ ကျေးဇူး​တော်​ချီးမွမ်း​ခြင်း​ကို​သာ ပြု​ကြ​လော့။ တရားနှင့်မညီ​မေထုန်ပြု​သူ၊ ညစ်ညူး​သော​သူ၊ ရုပ်တု​ကိုးကွယ်​သူ​ဖြစ်​သော လောဘ​လွန်ကျူး​သူ​တစ်စုံတစ်ဦး​မျှ ခရစ်တော်​နှင့်​ဘုရားသခင်​၏​နိုင်ငံ​တော်​ကို အမွေ​ဆက်​ခံရ​မည်​မ​ဟုတ်​ကြောင်း ကောင်းစွာ​သိမှတ်​ကြ​လော့။ အချည်းနှီး​သော​စကား​တို့​ဖြင့် မည်သူမျှ သင်​တို့​ကို မ​လှည့်ဖြား​စေ​နှင့်။ အကြောင်းမူကား ဤ​အမှု​များ​ကြောင့် ဘုရားသခင်​၏​အမျက်​တော်​သည် နာခံ​မှု​မ​ရှိ​သော​သူ​တို့​အပေါ်သို့ သက်ရောက်​လာ​၏။