ဧဖက် 4:8-9
ဧဖက် 4:8-9 Judson Bible (JBMLE)
ထိုသို့နှင့်အညီ ကျမ်းစာ၌လာသည်ကား၊ မြင့်သောအရပ်သို့ တက်ကြွတော်မူသဖြင့်၊ များစွာသော သူတို့ကို ဖမ်းသွားတော်မူ၍၊ လူတို့အား ဆုလာဘ်များကို ပေးတော်မူသည်ဟု လာသတည်း။- တက်ကြွတော်မူသည်ဟု ဆိုသော်၊ အစစွာ မြေကြီးအောက်အရပ်သို့ ဆင်းသက်တော်မူကြောင်းကို ရည်မှတ်၍ဆိုသည် မဟုတ်လော။
ဧဖက် 4:8-9 Common Language Bible (BCL)
ကျမ်းစာလာသည်အတိုင်း၊ ``ကိုယ်တော်သည်အထက်ဘဝဂ်သို့ တက်ကြွတော်မူသောအခါ မိမိနှင့်အတူသုံ့ပန်းအမြောက်အမြားကို ခေါ်ဆောင်သွားတော်မူ၏။ လူသားတို့အားဆုကျေးဇူးများကိုချပေးတော် မူ၏။'' ကိုယ်တော်တက်ကြွတော်မူသည်ဆိုရာ၌ အဘယ် ကိုဆိုလိုပါသနည်း။ ကိုယ်တော်သည်အနိမ့်ဆုံး အရပ်မြေကြီးသို့ ဦးစွာဆင်းသက်တော်မူသည် ဟုဆိုလိုပေသည်။
ဧဖက် 4:8-9 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
ထို့ကြောင့် “ကိုယ်တော်သည် မြင့်သောအရပ်သို့ တက်သွားတော်မူသောအခါ ချုပ်နှောင်ထားသောသူကို ဖမ်းဆီးခေါ်ဆောင်သွား၍ လူတို့အား လက်ဆောင်များကိုပေးတော်မူ၏”ဟု ကျမ်းစာ၌ဆိုထား၏။ (တက်သွားတော်မူသောအခါဟုဆိုရာတွင် မြေကြီးအောက်အရပ်များသို့လည်း ကြွဆင်းတော်မူခဲ့ကြောင်းကို ဆိုလိုခြင်းမဟုတ်လျှင် မည်သည့်အရာဖြစ်ဦးမည်နည်း။