YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဧဖက် 4:20-24

ဧဖက် 4:20-24 Judson Bible (JBMLE)

ထို​သို့​ဖြစ်​စေ​ခြင်း​ငှာ သင်​တို့​သည် ခ​ရစ်​တော်​တ​ရား​ကို သင်​ကြ​ပြီ​မ​ဟုတ်​ဘဲ၊- အ​ထက်​က ကျင်​လည်​ကြ​သည်​အ​ရာ​မှာ လှည့်​ဖြား​တတ်​သော လော​ဘ​စိတ်​တို့​ဖြင့် ပုပ်​ပျက်​သော​လူ​ဟောင်း​ကို ချွတ်​ပယ်၍၊ စိတ်​နှ​လုံး​သ​ဘော​သစ်​ကို ရ​ပြီး​လျှင်၊ မှန်​သော​ဖြောင့်​မတ်​ခြင်း၊ သန့်​ရှင်း​ခြင်း ပါ​ရ​မီ​အား​ဖြင့် ဘု​ရား​သ​ခင်​နှင့်​အ​တူ​အ​မျှ ဖန်​ဆင်း​သော လူ​သစ်​ကို ယူ​တင်​ဝတ်​ဆောင်​မည်​အ​ကြောင်း၊ ခ​ရစ်​တော်၏​စ​ကား​ကို ကြား​နာ​ရ​သည်​ဖြစ်၍၊ ယေ​ရှု၌ သ​မ္မာ​တ​ရား​ရှိ​သည်​နှင့်​အ​ညီ၊ ထို​သ​ခင်​ထံ၌ နည်း​ခံ​ကြ​ပြီ​သ​တည်း။

ဧဖက် 4:20-24 Common Language Bible (BCL)

ခ​ရစ်​တော်​၏​လမ်း​စဉ်​သည်​ထို​လမ်း​စဉ်​မ​ဟုတ် ကြောင်း​ကို​သင်​တို့​သင်​ကြား​ခဲ့​ကြ​ပြီ။- ကိုယ်​တော်​၏​အ​ကြောင်း​ကို​အ​မှန်​ပင်​သင်​တို့​ကြား​နာ ကြ​ရ​ပြီ။ ကိုယ်​တော်​၏​တ​ပည့်​များ​အ​နေ​ဖြင့် သ​ခင် ယေ​ရှု​၏​သမ္မာ​တ​ရား​တော်​အ​ကြောင်း​ကို​သင်​ကြား ခဲ့​ကြ​ပြီ။- သို့​ဖြစ်​၍​အ​ထက်​က​ကျင်​လည်​ခဲ့​သော​လူ​ဟောင်း ဘ​ဝ​ကို​စွန့်​ပစ်​လော့။ လှည့်​ဖြား​တတ်​သော​ဆန္ဒ​များ ကြောင့်​ယို​ယွင်း​ပျက်​စီး​သည့်​လူ​ဟောင်း​ကို​စွန့်​လွှတ် ကြ​လော့။- သင်​တို့​သည်​စိတ်​သစ်​သ​ဘော​သစ်​ကို​ခံ​ယူ​ကြ ရ​မည်။- ဘု​ရား​သ​ခင်​၏​ပုံ​သဏ္ဌာန်​တော်​နှင့်​အ​ညီ​ဖန်​ဆင်း ခြင်း​ကို​ခံ​ရ​၍ သမ္မာ​တ​ရား​ဆိုင်​ရာ​ဖြောင့်​မတ် သန့်​ရှင်း​သူ​လူ​သစ်​ဖြစ်​ကြ​ရ​မည်။

ဧဖက် 4:20-24 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

သို့သော် သမ္မာတရား​သည် ယေရှု​၌​ရှိ​သည်​နှင့်အညီ သင်​တို့​သည် ခရစ်တော်​အကြောင်း​ကို​ကြားနာ​လျက် ကိုယ်တော်​၌ သွန်သင်​ခြင်း​ကို​ခံယူ​ခဲ့​သည်​မှန်​လျှင် ခရစ်တော်​၌ ထိုသို့​နည်းခံ​ခဲ့​ကြ​သည်​မ​ဟုတ်။ သင်​တို့​သည် လှည့်ဖြား​တတ်​သော​တပ်မက်​ခြင်း​များ​ကြောင့် ပျက်စီး​ခြင်း​သို့​ရောက်​မည့် သင်​တို့​၏​လူ​ဟောင်း​တည်းဟူသော ယခင်​က အသက်ရှင်​နေထိုင်​မှု​ကို ချွတ်ပယ်​၍ သင်​တို့​၏​စိတ်နှလုံး​သဘော အသစ်​ပြုပြင်​ခြင်း​ခံရ​ကာ သမ္မာတရား​နှင့်ဆိုင်သော ဖြောင့်မတ်​ခြင်း​နှင့်​သန့်ရှင်း​ခြင်း​တို့​ဖြင့် ဘုရားသခင်​၏​သဏ္ဌာန်​တော်​နှင့်အညီ ဖန်ဆင်း​ခြင်း​ခံရ​သော​လူ​သစ်​ကို​ဝတ်ဆင်​ရန် နည်းခံ​ခဲ့​ကြ​၏။