YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဧဖက် 4:13-15

ဧဖက် 4:13-15 Judson Bible (JBMLE)

ငါ​တို့​ရှိ​သ​မျှ​သည် ယုံ​ကြည်​ခြင်း​သို့​လည်း​ကောင်း၊ ဘု​ရား​သ​ခင်၏​သား​တော်​ကို သိ​ကျွမ်း​ခြင်း​သို့​လည်း​ကောင်း၊ တ​ညီ​တ​ညွတ်​တည်း​ရောက်၍ ခ​ရစ်​တော်၏ ပြည့်​စုံ​ခြင်း​ပ​မာ​ဏ အ​ရပ်​တည်း​ဟူ​သော ကြီး​ရင့်​သော လူ​တို့၏​အ​ဖြစ်​သို့ ရောက်​ကြ​သည်​တိုင်​အောင် ဖြစ်​သ​တည်း။- အ​ကြောင်း​မူ​ကား၊ သူ​တစ်​ပါး​တို့​သည် လူ​ပ​ရိ​ယာယ်​နှင့်​အ​ပြစ်​သို့ သွေး​ဆောင်​ခြင်း​ငှာ လှည့်​ဖြား ပြော​ဆို​သ​ဖြင့်၊ ငါ​တို့​သည် နောက်​တစ်​ဖန် ခပ်​သိမ်း​သော ဩ​ဝါ​ဒ လေ​တိုက်၍ ဖ​ရို​ဖ​ရဲ​လွင့်​သွား​သော သူ​ငယ်​မ​ဖြစ်​ဘဲ​လျက်၊- မေ​တ္တာ​စိတ်​နှင့်​သ​မ္မာ​တ​ရား​ကို ဟော​ပြော​သ​ဖြင့်၊ ဦး​ခေါင်း​တည်း​ဟူ​သော ခ​ရစ်​တော်​မှာ အ​ရာ​ရာ​တို့၌ ကြီး​ပွား​ကြ​မည် အ​ကြောင်း​တည်း။

ဧဖက် 4:13-15 Common Language Bible (BCL)

ထို့​ကြောင့်​ငါ​တို့​၏​ယုံ​ကြည်​ခြင်း​အား​ဖြင့် လည်း​ကောင်း၊ ဘု​ရား​သ​ခင်​၏​သား​တော်​ကို​သိ ကျွမ်း​ခြင်း​အား​ဖြင့်​လည်း​ကောင်း ငါ​တို့​ရ​ရှိ သ​မျှ​သည်​တစ်​လုံး​တစ်​ဝ​တည်း​ဖြစ်​ကြ​လျက် ခ​ရစ်​တော်​၏​ပြည့်​စုံ​ခြင်း​ပ​မာ​ဏ​အ​တိုင်း ရင့်​ကျက်​သည့်​သူ​များ​အ​ဖြစ်​သို့​ရောက်​ကြ ပေ​အံ့။- ထို​အ​ခါ​ငါ​တို့​သည်​ပ​ရိ​ယာယ်​ဖြင့်​လူ​တို့​ကို လမ်း​လွဲ​အောင်​လိမ်​လည်​ပြော​ဆို​တတ်​သူ​တို့​၏ သြ​ဝါ​ဒ​လှိုင်း​လုံး​များ​အ​ထဲ​၌ သြ​ဝါ​ဒ​လေ ကြောင်း​ပြောင်း​တိုင်း​လွင့်​ပါ​သွား​သော​က​လေး သူ​ငယ်​များ​ကဲ့​သို့​ဖြစ်​ကြ​တော့​မည်​မ​ဟုတ်။- ငါ​တို့​သည်​မေတ္တာ​နှင့်​သမ္မာ​တ​ရား​ကို​ဟော​ပြော သော​အား​ဖြင့် အ​သင်း​တော်​၏​ဦး​ခေါင်း​ဖြစ်​တော် မူ​သော​ခ​ရစ်​တော်​၌​အ​စ​စ​အ​ရာ​ရာ​တွင်​ကြီး ပွား​တိုး​တက်​မှု​ရှိ​ရ​ကြ​ပေ​မည်။

ဧဖက် 4:12-15 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ဤသည်ကား ငါ​တို့​အားလုံး​သည် ယုံကြည်​ခြင်း​နှင့် ဘုရားသခင်​၏​သား​တော်​ကို​သိ​ခြင်း​တို့​၌ တစ်လုံးတစ်ဝတည်း​ဖြစ်​လျက် စုံလင်​ရင့်ကျက်​သော​သူ​ဖြစ်​ကာ ခရစ်တော်​၏​ပြည့်စုံ​ခြင်း​အတိုင်းအတာ​ပမာဏ​သို့​ရောက်​သည့်​တိုင်အောင် ခရစ်တော်​၏​ကိုယ်ခန္ဓာ​တော်​ကို​တည်ဆောက်​သဖြင့် အမှု​တော်​လုပ်ငန်း​အတွက် သန့်ရှင်း​သူ​တို့​ကို ပြင်ဆင်​ထား​ရန်​ဖြစ်​၏။ ဤသို့ဖြင့် ငါ​တို့​သည် လူ​တို့​၏​ကောက်ကျစ်​စဉ်းလဲ​မှု​နှင့် ပရိယာယ်​ဖြင့်​လှည့်ဖြား​တတ်​သည့်​လျှို့ဝှက်​အကြံအစည်​တို့​ကြောင့် ဖြစ်ပေါ်​လာ​သည့်​သြဝါဒ​လေ​အမျိုးမျိုး​၌ လွင့်ပါ​၍​လူးလွန့်​နေ​သော ကလေး​သူငယ်​များ​ကဲ့သို့​မ​ဟုတ်​တော့​ဘဲ ချစ်​ခြင်း​မေတ္တာ​ဖြင့် သမ္မာတရား​ကို​ဟောပြော​လျက် ဦးခေါင်း​ဖြစ်​တော်မူ​သော​ခရစ်တော်​၌ အရာရာ​တွင် ကြီးထွား​ကြ​မည်​ဖြစ်​၏။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။