YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဧဖက် 4:11-12

ဧဖက် 4:11-12 Common Language Bible (BCL)

လူ​သား​တို့​အား​ဆု​ကျေး​ဇူး​များ​ကို​ချ​ပေး တော်​မူ​သော​အ​ရှင်​သည်​လည်း ကိုယ်​တော်​ပင်​ဖြစ် ပေ​သည်။ ကိုယ်​တော်​သည်​လူ​အ​ချို့​တို့​ကို​တ​မန် တော်​အ​ရာ​၌​လည်း​ကောင်း၊ အ​ချို့​တို့​ကို​ပ​ရော ဖက်​အ​ရာ​၌​လည်း​ကောင်း၊ အ​ချို့​တို့​ကို​ဧ​ဝံ ဂေ​လိ​တ​ရား​ဟော​ဆ​ရာ​အ​ရာ​၌​လည်း​ကောင်း၊ အ​ချို့​တို့​ကို​သင်း​အုပ်​ဆ​ရာ​နှင့်​ဋ္ဌမ္မ​ပညာ​ဆ​ရာ အ​ရာ​၌​လည်း​ကောင်း​ခန့်​ထား​တော်​မူ​၏။- ဤ​သို့​ပြု​တော်​မူ​ခြင်း​မှာ​ခ​ရစ်​တော်​၏​ကိုယ်​ခန္ဓာ တော်​ကို​တည်​ဆောက်​ခြင်း​အ​လို့​ငှာ ဘု​ရား​သ​ခင် ၏​လူ​စု​တော်​ဝင်​အ​ပေါင်း​အား​အ​မှု​တော်​ဆောင် ရွက်​ခြင်း​အ​တွက်​အ​သင့်​ပြင်​ဆင်​ပေး​ရန်​ပင်​ဖြစ် ပေ​သည်။

ဧဖက် 4:11-13 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ထို့နောက် ကိုယ်တော်​သည် အချို့​တို့​ကို တမန်တော်​အရာ​၌​လည်းကောင်း၊ အချို့​တို့​ကို ပရောဖက်​အရာ​၌​လည်းကောင်း၊ အချို့​တို့​ကို ကောင်းမြတ်​သော​သတင်း​ဟောပြော​သူ​အရာ​၌​လည်းကောင်း၊ အချို့​တို့​ကို သင်းအုပ်​အရာ​နှင့်​ဆရာ​အရာ​၌​လည်းကောင်း ခန့်ထား​တော်မူ​၏။ ဤသည်ကား ငါ​တို့​အားလုံး​သည် ယုံကြည်​ခြင်း​နှင့် ဘုရားသခင်​၏​သား​တော်​ကို​သိ​ခြင်း​တို့​၌ တစ်လုံးတစ်ဝတည်း​ဖြစ်​လျက် စုံလင်​ရင့်ကျက်​သော​သူ​ဖြစ်​ကာ ခရစ်တော်​၏​ပြည့်စုံ​ခြင်း​အတိုင်းအတာ​ပမာဏ​သို့​ရောက်​သည့်​တိုင်အောင် ခရစ်တော်​၏​ကိုယ်ခန္ဓာ​တော်​ကို​တည်ဆောက်​သဖြင့် အမှု​တော်​လုပ်ငန်း​အတွက် သန့်ရှင်း​သူ​တို့​ကို ပြင်ဆင်​ထား​ရန်​ဖြစ်​၏။