YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဧဖက် 4:1-6

ဧဖက် 4:1-6 Judson Bible (JBMLE)

ခေါ်​တော်​မူ​ခြင်း​ကျေး​ဇူး​တော်​ကို သင်​တို့​သည် ခံ​ရ​သည်​နှင့် အ​ထိုက်​အ​လျောက် ကျင့်​ဆောင်​မည် အ​ကြောင်း၊ သ​ခင်​ဘု​ရား​အ​တွက်​ကြောင့် အ​ကျဉ်း​ခံ​ရ​သော ငါ​သည် သင်​တို့​ကို တိုက်​တွန်း​နှိုး​ဆော်​ပါ၏။- အ​ရာ​ရာ၌ စိတ်​နှိမ့်​ချ​ခြင်း၊ နူး​ညံ့​သိမ်​မွေ့​ခြင်း၊ စိတ်​ရှည်​ခြင်း​နှင့် ပြည့်​စုံ​သ​ဖြင့်၊ မေ​တ္တာ​စိတ်​နှင့် တစ်​ယောက်​ကို တစ်​ယောက် သည်း​ခံ​ခြင်း​ရှိ​ကြ၍၊- အ​သင့်​အ​တင့် ပေါင်း​ဖော်​ခြင်း အ​ဖွဲ့​အ​စည်း​အား​ဖြင့်၊ သင်​တို့​သည် အ​ချင်း​ချင်း စိတ်​သ​ဘော မ​ခြား​မ​နား တစ်​လုံး​တစ်​ဝ​တည်း​ဖြစ်​အံ့​သော​ငှာ ကြိုး​စား​အား​ထုတ်​ကြ​လော့။- သင်​တို့​ကို ခေါ်​တော်​မူ​ခြင်း​နှင့်​စပ်​ဆိုင်​သော မျှော်​လ​င့်​ခြင်း​တစ်​ပါး​ထဲ​သို့ ခေါ်​သွင်း​တော်​မူ​သည်​နှင့်​အ​ညီ၊ ကိုယ်​တစ်​ကိုယ်၊ ဝိ​ညာဉ်​တစ်​ဝိ​ညာဉ်​တည်း​ရှိ၏။- သ​ခင်​တစ်​ပါး၊ ယုံ​ကြည်​ခြင်း​တစ်​ပါး၊ ဗ​တ္တိ​ဇံ​တစ်​ပါး၊- ခပ်​သိမ်း​သော ငါ​တို့၏​အ​ဘ​ဖြစ်​သော ဘု​ရား​သ​ခင် တစ်​ဆူ​တည်း​ရှိ​တော်​မူ၏။ ထို​ဘု​ရား​သ​ခင်​သည် ခပ်​သိမ်း​သော ငါ​တို့၏​အ​ပေါ်​မှာ​ရှိ​တော်​မူ၏။ ခပ်​သိမ်း​သော ငါ​တို့​ကို နှံ့​ပြား​တော်​မူ၏။ ခပ်​သိမ်း​သော ငါ​တို့၏​အ​ထဲ၌​လည်း ရှိ​တော်​မူ၏။

ဧဖက် 4:1-6 Common Language Bible (BCL)

သို့​ဖြစ်​၍​သ​ခင်​ဘု​ရား​၏​အ​မှု​တော်​ကို ဆောင်​ရွက်​သော​ကြောင့် အ​ကျဉ်း​ခံ​ရ​သူ​ငါ သည်​သင်​တို့​အား​နှိုး​ဆော်​ပါ​၏။ သင်​တို့ သည်​ဘု​ရား​သ​ခင်​ရွေး​ချယ်​ခေါ်​ယူ​တော် မူ​ခြင်း​ကို​ခံ​ရ​သည်​နှင့်​အ​ညီ​ကျင့်​ကြံ ပြု​မူ​ကြ​လော့။- အ​စဉ်​စိတ်​နှ​လုံး​နှိမ့်​ချ​ကြ​လော့။ သိမ်​မွေ့ နူး​ညံ့​ကြ​လော့။ စိတ်​ရှည်​ကြ​လော့။ တစ်​ဦး ကို​တစ်​ဦး​သည်း​ခံ​ခြင်း​အား​ဖြင့်​မေတ္တာ​ပြ ကြ​လော့။- သင်​တို့​အား​စည်း​လုံး​စေ​သော​ငြိမ်​သက်​ခြင်း အား​ဖြင့် ဝိ​ညာဉ်​တော်​က​ပေး​သော​စည်​လုံး​ညီ ညွတ်​မှု​ကို​အ​စွမ်း​ကုန်​ထိန်း​သိမ်း​ကြ​လော့။- သင်​တို့​အား​ဘု​ရား​သ​ခင်​ရွေး​ချယ်​ခေါ်​ယူ တော်​မူ​ခြင်း​ကြောင့်​မျှော်​လင့်​ခြင်း​တစ်​ပါး တည်း​ရှိ​သ​ကဲ့​သို့​ကိုယ်​ခန္ဓာ​တော်​တစ်​ပါး တည်း၊ ဝိ​ညာဉ်​တော်​တစ်​ပါး​တည်း​ရှိ​တော်​မူ​၏။- သ​ခင်​တစ်​ပါး​တည်း၊ ယုံကြည်​ခြင်း​တစ်​ပါး​တည်း၊ ဗတ္တိ​ဇံ​တစ်​ပါး​တည်း၊- လူ​သား​အ​ပေါင်း​တို့​၏​အ​ဖ​ဘု​ရား​သ​ခင် တစ်​ဆူ​တည်း​ရှိ​တော်​မူ​၏။ ထို​ဘု​ရား​သ​ခင်​သည် လူ​ခပ်​သိမ်း​တို့​ကို​အုပ်​စိုး​တော်​မူ​၍ လူ​ခပ်​သိမ်း တို့​အား​ဖြင့်​လုပ်​ဆောင်​တော်​မူ​လျက်​လူ​ခပ်​သိမ်း တို့​အ​ထဲ​တွင်​ရှိ​တော်​မူ​၏။

ဧဖက် 4:1-6 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ထို့ကြောင့် ခေါ်ယူ​တော်မူ​ခြင်း​ခံရ​သော​သင်တို့​သည် ထို​ခေါ်ယူ​တော်မူ​ခြင်း​နှင့်​ထိုက်တန်​စွာ အသက်ရှင်​လျှောက်လှမ်း​ကြ​ရန် သခင်​ဘုရား​အတွက် အကျဉ်းသား​ဖြစ်​သော​ငါ​သည် သင်​တို့​ကို​တိုက်တွန်း​နှိုးဆော်​ပါ​၏။ အရာရာ​၌ စိတ်​နှိမ့်ချ​ခြင်း​နှင့်​နူးညံ့​သိမ်မွေ့​ခြင်း​အပြည့်အဝ​ရှိ​လျက် စိတ်ရှည်​စွာ​ဖြင့် ချစ်​ခြင်း​မေတ္တာ​၌ တစ်ဦး​ကို​တစ်ဦး​သည်းခံ​ကာ ငြိမ်သက်​ခြင်း​၏​စုစည်း​နှောင်ဖွဲ့​မှု​အားဖြင့် ဝိညာဉ်​တော်​၌ တစ်လုံးတစ်ဝတည်း​ဖြစ်​ခြင်း​ကို ကြိုးစား​ထိန်းသိမ်း​ကြ​လော့။ သင်​တို့​ကို​ခေါ်ယူ​တော်မူ​သောအခါ တစ်ပါးတည်း​သော​မျှော်လင့်​ခြင်း​သို့ ခေါ်ယူ​တော်မူ​သကဲ့သို့ ကိုယ်ခန္ဓာ​တစ်ပါးတည်း၊ ဝိညာဉ်​တော်​တစ်ပါးတည်း​ရှိ​၏။ သခင်​တစ်ပါးတည်း၊ ယုံကြည်​ခြင်း​တစ်ပါးတည်း၊ ဗတ္တိဇံ​တစ်ပါးတည်း​ရှိ​၏။ အရာ​ခပ်သိမ်း​တို့​အပေါ်၌​လည်းကောင်း၊ အရာ​ခပ်သိမ်း​တို့​၌​ပျံ့နှံ့​လျက်​လည်းကောင်း၊ အရာ​ခပ်သိမ်း​တို့​အထဲ​၌​လည်းကောင်း ရှိ​တော်မူ​၍ အရာ​ခပ်သိမ်း​တို့​၏​အဖ​ဖြစ်​တော်မူ​သော ဘုရားသခင်​သည် တစ်ဆူတည်း​ရှိ​တော်မူ​၏။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။