YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဧဖက် 3:17-19

ဧဖက် 3:17-19 Judson Bible (JBMLE)

ယုံ​ကြည်​ခြင်း​အား​ဖြင့် ခ​ရစ်​တော်​သည် သင်​တို့၏ စိတ်​နှ​လုံး​အ​ထဲ၌ ကျိန်း​ဝပ်​တော်​မူ​မည်​အ​ကြောင်း၊ ဘုန်း​တော်​ကြွယ်​ဝ​ပြည်​စုံ​ခြင်း​နှင့် ညီ​လျော်​စွာ သင်​တို့​အား ပေး​တော်​မူ၍၊ မေ​တ္တာ၌ စိုက်​ပျိုး​ခြင်း၊ တိုက်​မြစ်​လည်း​ကျ​တည်​ခြင်း ရှိ​သ​ဖြင့်၊- သင်​တို့​သည် သန့်​ရှင်း​သူ​အ​ပေါင်း​တို့၏ နည်း​တူ၊ အ​နံ​အ​လျား အ​နက်​အ​မြင့်​တို့​ကို ပိုင်း​ခြား၍ သိ​ခြင်း​ငှာ​လည်း​ကောင်း၊- ကိုယ်​ဉာဏ်​နှင့်​မ​သိ​နိုင်​သော ခ​ရစ်​တော်၏ မေ​တ္တာ​တော်​ကို သိ​နား​လည်​ခြင်း​ငှာ​လည်း​ကောင်း၊ သင်​တို့​သည် တတ်​စွမ်း​နိုင်​သ​ဖြင့် ဘု​ရား​သ​ခင်၏ ပြည့်​စုံ​တော်​မူ​ခြင်း ရှိ​သ​မျှ​နှင့်​အ​ညီ ပြည့်​စုံ​ကြ​ပါ​မည်​အ​ကြောင်း၊ ငါ​သည် ဆု​တောင်း​လေ့​ရှိ၏။

ဧဖက် 3:17-19 Common Language Bible (BCL)

သင်​တို့​ယုံ​ကြည်​ခြင်း​အား​ဖြင့်​ခ​ရစ်​တော်​သည် သင်​တို့​စိတ်​နှ​လုံး​တွင်​ကျိန်း​ဝပ်​တော်​မူ​ရန်​ငါ ဆု​တောင်း​၏။ သင်​တို့​သည်​ခ​ရစ်​တော်​၏​မေတ္တာ တော်​အ​လျား၊ အ​နံ၊ အ​မြင့်၊ အ​နက်​တို့​ကို ဘု​ရား​သ​ခင်​၏​လူ​စု​တော်​ဝင်​အ​ပေါင်း​တို့ နှင့်​အ​တူ​သိ​ရှိ​နား​လည်​နိုင်​ကြ​မည့်​အ​ကြောင်း မေတ္တာ​တော်​တွင်​အ​ခြေ​ခံ​အ​မြစ်​စွဲ​လျက်​ရှိ ကြ​စေ​ရန်​ကို​လည်း​ငါ​သည်​ဆု​တောင်း​ပတ္ထ နာ​ပြု​၏။- ကိုယ်​တော်​၏​မေတ္တာ​တော်​ကို​အ​ဘယ်​အ​ခါ​၌ မျှ​အ​ပြည့်​အ​ဝ​နား​လည်​နိုင်​မည်​မ​ဟုတ်​သော် လည်း သင်​တို့​သည်​ထို​မေတ္တာ​တော်​ကို​သိ​ရှိ​နား လည်​လာ​ကြ​သ​ဖြင့် ဘု​ရား​သ​ခင်​ပြည့်​စုံ​သည် နှင့်​အ​မျှ​ပြည့်​စုံ​စေ​တော်​မူ​ရန်​ဆု​တောင်း​ပတ္ထ နာ​ပြု​၏။

ဧဖက် 3:17-19 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ယုံကြည်​ခြင်း​အားဖြင့် သင်​တို့​စိတ်နှလုံး​ထဲ၌ ခရစ်တော်​သည် ကိန်းဝပ်​တော်မူ​မည့်​အကြောင်း​နှင့် သင်​တို့​သည် မေတ္တာ​တော်​၌ အမြစ်တွယ်​၍​အုတ်မြစ်​ချ​ထား​ကာ ထို​မေတ္တာ​တော်​၏​အလျား၊ အနံ၊ အမြင့်၊ အနက်​တို့ မည်မျှ​ရှိသည်​ကို သန့်ရှင်း​သူ​အားလုံး​နှင့်အတူ သဘောပေါက်​နိုင်​စွမ်း​ရှိ​သဖြင့် အသိပညာ​ထက် ထူးကဲ​သော​ခရစ်တော်​၏​ချစ်​ခြင်း​မေတ္တာ​တော်​ကို​သိရှိ​၍ ဘုရားသခင်​၏​ပြည့်စုံ​တော်မူ​ခြင်း​အပေါင်း​တို့​ဖြင့် ပြည့်စုံ​ခြင်း​သို့​ရောက်​ကြ​မည့်​အကြောင်း ငါ​ဆုတောင်း​၏။