YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဧဖက် 3:15-20

ဧဖက် 3:14-20 Judson Bible (JBMLE)

အ​ထက်​ဆို​ခဲ့​ပြီး​သော အ​ကြောင်း​ကြောင့်၊ ကောင်း​ကင်​ပေါ်၊ မြေ​ကြီး​ပေါ်​မှာ​ရှိ​သော တစ်​အိမ်​ထောင်​လုံး တည်း​ဟူ​သော သား​တော်​အ​ပေါင်း​တို့၏ အ​ချုပ်​အ​ခြာ​ဖြစ်​တော်​မူ​သော၊ ငါ​တို့ သ​ခင်​ယေ​ရှု​ခ​ရစ်၏ ခ​မည်း​တော်​ရှေ့​မှာ ငါ​သည် ဒူး​ထောက်၍ ဆု​တောင်း​လေ့​ရှိ၏။- ဆု​တောင်း​သော​အ​ချက်​ဟူ​မူ​ကား၊ ဝိ​ညာဉ်​တော်​အား​ဖြင့် သင်​တို့၏​အ​တွင်း​လူ​ကို ခွန်​အား​နှင့် မြဲ​မြံ​ခိုင်​ခံ့​စေ၍၊- ယုံ​ကြည်​ခြင်း​အား​ဖြင့် ခ​ရစ်​တော်​သည် သင်​တို့၏ စိတ်​နှ​လုံး​အ​ထဲ၌ ကျိန်း​ဝပ်​တော်​မူ​မည်​အ​ကြောင်း၊ ဘုန်း​တော်​ကြွယ်​ဝ​ပြည်​စုံ​ခြင်း​နှင့် ညီ​လျော်​စွာ သင်​တို့​အား ပေး​တော်​မူ၍၊ မေ​တ္တာ၌ စိုက်​ပျိုး​ခြင်း၊ တိုက်​မြစ်​လည်း​ကျ​တည်​ခြင်း ရှိ​သ​ဖြင့်၊- သင်​တို့​သည် သန့်​ရှင်း​သူ​အ​ပေါင်း​တို့၏ နည်း​တူ၊ အ​နံ​အ​လျား အ​နက်​အ​မြင့်​တို့​ကို ပိုင်း​ခြား၍ သိ​ခြင်း​ငှာ​လည်း​ကောင်း၊- ကိုယ်​ဉာဏ်​နှင့်​မ​သိ​နိုင်​သော ခ​ရစ်​တော်၏ မေ​တ္တာ​တော်​ကို သိ​နား​လည်​ခြင်း​ငှာ​လည်း​ကောင်း၊ သင်​တို့​သည် တတ်​စွမ်း​နိုင်​သ​ဖြင့် ဘု​ရား​သ​ခင်၏ ပြည့်​စုံ​တော်​မူ​ခြင်း ရှိ​သ​မျှ​နှင့်​အ​ညီ ပြည့်​စုံ​ကြ​ပါ​မည်​အ​ကြောင်း၊ ငါ​သည် ဆု​တောင်း​လေ့​ရှိ၏။- ငါ​တို့၌ ပြု​ပြင်​သော​တန်​ခိုး​တော်​အ​တိုင်း၊ ငါ​တို့ တောင်း​ပန်​ကြံ​စည်​သ​မျှ​ထက် အ​လွန်​ထူး​ခြား​စွာ ပြု​ခြင်း​ငှာ တတ်​နိုင်​တော်​မူ​သော ဘု​ရား​သ​ခင်​သည်၊

ဧဖက် 3:14-21 Common Language Bible (BCL)

ဤ​အ​ကြောင်း​ကြောင့်​ငါ​သည်​ကောင်း​ကင်​ဘုံ​နှင့် ကမ္ဘာ​မြေ​ပေါ်​ရှိ​အိမ်​ထောင်​စု​မှန်​သ​မျှ​တို့​၏ အ​မည်​နာ​မ​အ​ရင်း​အ​မြစ်​ဖြစ်​တော်​မူ​သော အ​ဖ​ခ​မည်း​တော်​၏​ရှေ့​တော်​တွင်​ဒူး​ထောက် လျက်​ဆု​တောင်း​ပတ္ထ​နာ​ပြု​၏။- ကိုယ်​တော်​သည်​ဘုန်း​အ​သ​ရေ​တော်​နှင့်​ပြည့်​စုံ ကြွယ်​ဝ​တော်​မူ​သည်​နှင့်​အ​ညီ သင်​တို့​အား စိတ်​ဋ္ဌာတ်​ကြံ့​ခိုင်​လာ​စေ​စိမ့်​သော​ငှာ​ဝိ​ညာဉ် တော်​အား​ဖြင့်​တန်​ခိုး​စွမ်း​ရည်​ကို​ပေး​သ​နား တော်​မူ​ရန်​ငါ​သည်​ဆု​တောင်း​ပတ္ထ​နာ​ပြု​၏။- သင်​တို့​ယုံ​ကြည်​ခြင်း​အား​ဖြင့်​ခ​ရစ်​တော်​သည် သင်​တို့​စိတ်​နှ​လုံး​တွင်​ကျိန်း​ဝပ်​တော်​မူ​ရန်​ငါ ဆု​တောင်း​၏။ သင်​တို့​သည်​ခ​ရစ်​တော်​၏​မေတ္တာ တော်​အ​လျား၊ အ​နံ၊ အ​မြင့်၊ အ​နက်​တို့​ကို ဘု​ရား​သ​ခင်​၏​လူ​စု​တော်​ဝင်​အ​ပေါင်း​တို့ နှင့်​အ​တူ​သိ​ရှိ​နား​လည်​နိုင်​ကြ​မည့်​အ​ကြောင်း မေတ္တာ​တော်​တွင်​အ​ခြေ​ခံ​အ​မြစ်​စွဲ​လျက်​ရှိ ကြ​စေ​ရန်​ကို​လည်း​ငါ​သည်​ဆု​တောင်း​ပတ္ထ နာ​ပြု​၏။- ကိုယ်​တော်​၏​မေတ္တာ​တော်​ကို​အ​ဘယ်​အ​ခါ​၌ မျှ​အ​ပြည့်​အ​ဝ​နား​လည်​နိုင်​မည်​မ​ဟုတ်​သော် လည်း သင်​တို့​သည်​ထို​မေတ္တာ​တော်​ကို​သိ​ရှိ​နား လည်​လာ​ကြ​သ​ဖြင့် ဘု​ရား​သ​ခင်​ပြည့်​စုံ​သည် နှင့်​အ​မျှ​ပြည့်​စုံ​စေ​တော်​မူ​ရန်​ဆု​တောင်း​ပတ္ထ နာ​ပြု​၏။ ငါ​တို့​စိတ်​နှ​လုံး​ကို​ပြု​ပြင်​တော်​မူ​သော တန်​ခိုး​တော်​အား​ဖြင့် ငါ​တို့​တောင်း​လျှောက် ကြံ​စည်​သ​မျှ​သော​အ​ရာ​တို့​ထက်​သာ​လွန် ပို​မို​၍​ချ​ပေး​တော်​မူ​နိုင်​သော​ဘု​ရား​သ​ခင် သည် အ​သင်း​တော်​အား​ဖြင့်​လည်း​ကောင်း၊ ခ​ရစ်​တော်​ယေ​ရှု​အား​ဖြင့်​လည်း​ကောင်း ထာ​ဝ​စဉ်​ကမ္ဘာ​အ​ဆက်​ဆက်​ဘုန်း​အ​သ​ရေ ထွန်း​တောက်​တော်​မူ​ပါ​စေ​သ​တည်း။ အာ​မင်။

ဧဖက် 3:14-20 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ဤ​အကြောင်း​ကြောင့် ငါ​သည် ကောင်းကင်​ဘုံ​၌​လည်းကောင်း၊ မြေကြီး​ပေါ်၌​လည်းကောင်း ရှိသမျှ​သော​မိသားစု​တို့​အမည်​နာမ​ခံယူ​ရရှိ​ရာ​ဖြစ်​တော်မူ​သော အဖ​ခမည်းတော်​ထံ ဒူး​ထောက်​လျက် ဘုရားသခင်​သည် မိမိ​ဘုန်း​အသရေ​တော်​၏​ကြွယ်ဝ​မှု​နှင့်အညီ မိမိ​၏​ဝိညာဉ်​တော်​အားဖြင့် သင်​တို့​၏​အတွင်း​ဝိညာဉ်​လူ​ကို တန်ခိုး​နှင့်တကွ ကြံ့ခိုင်​သန်စွမ်း​စေ​တော်မူ​၍ ယုံကြည်​ခြင်း​အားဖြင့် သင်​တို့​စိတ်နှလုံး​ထဲ၌ ခရစ်တော်​သည် ကိန်းဝပ်​တော်မူ​မည့်​အကြောင်း​နှင့် သင်​တို့​သည် မေတ္တာ​တော်​၌ အမြစ်တွယ်​၍​အုတ်မြစ်​ချ​ထား​ကာ ထို​မေတ္တာ​တော်​၏​အလျား၊ အနံ၊ အမြင့်၊ အနက်​တို့ မည်မျှ​ရှိသည်​ကို သန့်ရှင်း​သူ​အားလုံး​နှင့်အတူ သဘောပေါက်​နိုင်​စွမ်း​ရှိ​သဖြင့် အသိပညာ​ထက် ထူးကဲ​သော​ခရစ်တော်​၏​ချစ်​ခြင်း​မေတ္တာ​တော်​ကို​သိရှိ​၍ ဘုရားသခင်​၏​ပြည့်စုံ​တော်မူ​ခြင်း​အပေါင်း​တို့​ဖြင့် ပြည့်စုံ​ခြင်း​သို့​ရောက်​ကြ​မည့်​အကြောင်း ငါ​ဆုတောင်း​၏။ ငါ​တို့​ထဲ၌ သက်ဝင်​လှုပ်ရှား​နေ​သော​တန်ခိုး​တော်​အားဖြင့် ငါ​တို့​တောင်းလျှောက်​သော​အရာ​၊ သို့မဟုတ် ဆင်ခြင်​သော​အရာ​အားလုံး​တို့​ထက် သာလွန်​ထူးခြား​စွာ​ပြု​နိုင်​သော​အရှင်​၌

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။