YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဧဖက် 3:1-6

ဧဖက် 3:1-6 Judson Bible (JBMLE)

ထို​အ​ကြောင်း​ကြောင့် ငါ​ပေါ​လု​သည် ယေ​ရှု​ခ​ရစ်​နှင့်​စပ်​ဆိုင်​သော​အား​ဖြင့် အ​ကျဉ်း​ခံ​ရ၏။- သင်​တို့​အ​ကျိုး​ကို ထောက်၍ ငါ့​အား​အပ်​ပေး​တော်​မူ​သော ဘု​ရား​သ​ခင်၏ ကျေး​ဇူး​တော်​သာ​သ​နာ​ကို သင်​တို့ ကြား​သိ​ရ​သည်​နှင့်​အ​ညီ၊ တစ်​ပါး​အ​မျိုး​ဖြစ်​သော သင်​တို့​အ​တွက်​ကြောင့် ငါ​ခံ​ရ၏။- ကျေး​ဇူး​တော်​သာ​သ​နာ​ကို အပ်​ပေး​သည် အ​ကြောင်း​ဟူ​မူ​ကား၊ ငါ​သည်​အ​ထက်​က အ​နည်း​ငယ် ရေး​ထား​ခဲ့​သည်​အ​တိုင်း၊ ဘု​ရား​သ​ခင်​သည် ဗျာ​ဒိတ်​တော်​အား​ဖြင့် နက်​နဲ​သော​အ​ရာ​ကို ငါ့​အား​ပြ​တော်​မူ၏။- ထို​စ​ကား​ကို​ဖတ်​ရွတ်​လျှင်၊ ခ​ရစ်​တော်၏ နက်​နဲ​သော​အ​ရာ၌ ငါ​လေ့​ကျက်​သည်​ကို သင်​တို့​သည် သိ​ရ​ကြ​မည်။- ထို​နက်​နဲ​သော​အ​ရာ​ကို သန့်​ရှင်း​သော တ​မန်​တော်​တို့​နှင့် ပ​ရော​ဖက်​တို့​အား၊ ယ​ခု​ကာ​လ၌ ဝိ​ညာဉ်​တော်​အား​ဖြင့် ဖွင့်​လှစ်​တော်​မူ​သည်​နည်း​တူ၊ အ​ခြား​သော​ကာ​လ​တို့၌ လူ​မျိုး​တို့​အား ပြ​တော်​မ​မူ။- ထို​နက်​နဲ​သော​အ​ရာ​ဟူ​မူကား၊ တစ်​ပါး​အ​မျိုး​သား​တို့​သည် ဧ​ဝံ​ဂေ​လိ​တ​ရား​အား​ဖြင့် ယု​ဒ​လူ​မျိုး​တို့​နှင့်​အ​တူ အ​မွေ​ခံ၍၊ တစ်​လုံး​တစ်​ဝ တစ်​ကိုယ်​တည်း​ဖြစ်​လျက်၊ ခ​ရစ်​တော်​နှင့်​ဆိုင်​သော​က​တိ​တော်​ကို ဆက်​ဆံ​ရ​ကြ​သ​တည်း။

ဧဖက် 3:1-6 Common Language Bible (BCL)

ဤ​အ​ကြောင်း​ကြောင့်​ခ​ရစ်​တော်​ယေ​ရှု​၏ အ​ကျဉ်း​သား​ဖြစ်​သူ​ငါ​ပေါ​လု​သည်​သင်​တို့ လူ​မျိုး​ခြား​များ​၏​အ​တွက် ဘု​ရား​သ​ခင်​ထံ တော်​သို့​ဆု​တောင်း​ပတ္ထ​နာ​ပြု​၏။- ဘု​ရား​သ​ခင်​သည်​မိ​မိ​၏​ကျေး​ဇူး​တော် ကြောင့်​သင်​တို့​အ​ကျိုး​ငှာ​ဤ​အ​မှု​ကို​ဆောင် ရွက်​ရန် ငါ့​အား​ပေး​အပ်​တော်​မူ​ကြောင်း​သင် တို့​အ​မှန်​ပင်​ကြား​သိ​ကြ​ပြီး​ဖြစ်​သည်။- ဘု​ရား​သ​ခင်​သည်​မိ​မိ​၏​နက်​နဲ​သော​အ​ကြံ အ​စည်​တော်​ကို​ငါ့​အား​ဖွင့်​ပြ​တော်​မူ​၏။ (ဤ အ​ကြောင်း​အ​ရာ​နှင့်​ပတ်​သက်​၍​သင်​တို့​အား အ​ကျဉ်း​အား​ဖြင့်​ငါ​ဖော်​ပြ​ခဲ့​ပြီး​ပေ​ပြီ။- သင်​တို့​သည်​ထို​ဖော်​ပြ​ချက်​ကို​ဖတ်​ရှု​ခြင်း အား​ဖြင့်​ခ​ရစ်​တော်​၏​နက်​နဲ​သည့်​အ​ရာ​ကို ငါ​သိ​ရှိ​နား​လည်​ကြောင်း​သိ​မြင်​နိုင်​ကြ​၏။-) ဘု​ရား​သ​ခင်​သည်​ထို​နက်​နဲ​သော​အ​ရာ​ကို ယ​ခင်​ခေတ်​အ​ခါ​များ​က​လူ​သား​တို့​အား ဖွင့်​ပြ​တော်​မ​မူ​ခဲ့​သော်​လည်း ယ​ခု​အ​ခါ ၌​ကိုယ်​တော်​၏​သန့်​ရှင်း​မြင့်​မြတ်​သူ​တ​မန် တော်​များ​နှင့်​ပ​ရော​ဖက်​များ​အား​ဝိ​ညာဉ် တော်​အား​ဖြင့်​ဖွင့်​ပြ​တော်​မူ​လေ​ပြီ။- ထို​နက်​နဲ​သော​အ​ရာ​ကား​သ​တင်း​ကောင်း အား​ဖြင့် လူ​မျိုး​ခြား​တို့​သည်​ယု​ဒ​အ​မျိုး သား​များ​နှင့်​အ​တူ ဘု​ရား​သ​ခင်​၏​ကောင်း ချီး​မင်္ဂ​လာ​ကို​ခံ​စား​ခွင့်​ရ​ရှိ​ကြ​၏။ သူ​တို့ သည်​ခန္ဓာ​တော်​၏​အင်္ဂါ​များ​ဖြစ်​၍​ခ​ရစ်​တော် ယေ​ရှု​အား​ဖြင့် ဘု​ရား​သ​ခင်​ပေး​တော်​မူ သော​က​တိ​တော်​ကို​ပါ​ဝင်​ခံ​စား​ခွင့်​ရ​ရှိ ကြ​၏။

ဧဖက် 3:1-6 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ထို​အကြောင်း​ကြောင့် ငါ​ပေါလု​သည် သင်​တို့​လူမျိုးခြား​များ​အတွက် ခရစ်တော်​ယေရှု​နှင့်ဆိုင်သော​အကျဉ်းသား​ဖြစ်​၏။ သင်​တို့​အတွက် ငါ့​အား​ပေးအပ်​တော်မူ​သော ဘုရားသခင်​၏​ကျေးဇူး​တော်​နှင့်ဆိုင်သည့် စီမံ​ခန့်ခွဲ​မှု​ကို သင်​တို့​ကြားသိ​ကြ​သည်​ဟု ငါ​ယူဆ​၏။ အထက်​က အကျဉ်း​မျှ ငါ​ရေး​ထား​သည့်​အတိုင်း ဤ​လျှို့ဝှက်​နက်နဲ​သော​အရာ​ကို ဗျာဒိတ်​တော်​အားဖြင့် ငါ့​အား​သိ​စေ​တော်မူ​၏။ ၎င်း​ကို​ဖတ်​လျှင် ခရစ်တော်​၏​လျှို့ဝှက်​နက်နဲ​သော​အရာ​ကို ငါ​မည်သို့​တတ်သိ​နားလည်​ထား​သည်​ကို သင်​တို့​သိ​နိုင်​ကြ​၏။ ဘုရားသခင်​သည် ထို​လျှို့ဝှက်​နက်နဲ​သော​အရာ​ကို မိမိ​၏​သန့်ရှင်း​သော​တမန်တော်​များ​နှင့်​ပရောဖက်​များ​အား ဝိညာဉ်​တော်​အားဖြင့် ယခု​ဖွင့်ပြ​တော်မူ​သကဲ့သို့ အခြား​သော​ခေတ်​ကာလ​များ​၌ လူသား​တို့​အား သိ​စေ​တော်​မ​မူ​ခဲ့​ပေ။ ထို​လျှို့ဝှက်​နက်နဲ​သော​အရာ​မှာ လူမျိုးခြား​တို့​သည် ကောင်းမြတ်​သော​သတင်း​အားဖြင့် ခရစ်တော်​ယေရှု​၌ အတူတကွ​အမွေ​ဆက်ခံ​သူ​များ၊ တစ်ခုတည်း​သော​ကိုယ်ခန္ဓာ​၌​ပါဝင်​သူ​များ​၊ ကတိ​တော်​ကို​အတူတကွ​ခံစား​သူ​များ​ဖြစ်​ကြ​ခြင်း​ပေ​တည်း။