YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဧဖက် 3:1-21

ဧဖက် 3:1-21 Judson Bible (JBMLE)

ထို​အ​ကြောင်း​ကြောင့် ငါ​ပေါ​လု​သည် ယေ​ရှု​ခ​ရစ်​နှင့်​စပ်​ဆိုင်​သော​အား​ဖြင့် အ​ကျဉ်း​ခံ​ရ၏။- သင်​တို့​အ​ကျိုး​ကို ထောက်၍ ငါ့​အား​အပ်​ပေး​တော်​မူ​သော ဘု​ရား​သ​ခင်၏ ကျေး​ဇူး​တော်​သာ​သ​နာ​ကို သင်​တို့ ကြား​သိ​ရ​သည်​နှင့်​အ​ညီ၊ တစ်​ပါး​အ​မျိုး​ဖြစ်​သော သင်​တို့​အ​တွက်​ကြောင့် ငါ​ခံ​ရ၏။- ကျေး​ဇူး​တော်​သာ​သ​နာ​ကို အပ်​ပေး​သည် အ​ကြောင်း​ဟူ​မူ​ကား၊ ငါ​သည်​အ​ထက်​က အ​နည်း​ငယ် ရေး​ထား​ခဲ့​သည်​အ​တိုင်း၊ ဘု​ရား​သ​ခင်​သည် ဗျာ​ဒိတ်​တော်​အား​ဖြင့် နက်​နဲ​သော​အ​ရာ​ကို ငါ့​အား​ပြ​တော်​မူ၏။- ထို​စ​ကား​ကို​ဖတ်​ရွတ်​လျှင်၊ ခ​ရစ်​တော်၏ နက်​နဲ​သော​အ​ရာ၌ ငါ​လေ့​ကျက်​သည်​ကို သင်​တို့​သည် သိ​ရ​ကြ​မည်။- ထို​နက်​နဲ​သော​အ​ရာ​ကို သန့်​ရှင်း​သော တ​မန်​တော်​တို့​နှင့် ပ​ရော​ဖက်​တို့​အား၊ ယ​ခု​ကာ​လ၌ ဝိ​ညာဉ်​တော်​အား​ဖြင့် ဖွင့်​လှစ်​တော်​မူ​သည်​နည်း​တူ၊ အ​ခြား​သော​ကာ​လ​တို့၌ လူ​မျိုး​တို့​အား ပြ​တော်​မ​မူ။- ထို​နက်​နဲ​သော​အ​ရာ​ဟူ​မူကား၊ တစ်​ပါး​အ​မျိုး​သား​တို့​သည် ဧ​ဝံ​ဂေ​လိ​တ​ရား​အား​ဖြင့် ယု​ဒ​လူ​မျိုး​တို့​နှင့်​အ​တူ အ​မွေ​ခံ၍၊ တစ်​လုံး​တစ်​ဝ တစ်​ကိုယ်​တည်း​ဖြစ်​လျက်၊ ခ​ရစ်​တော်​နှင့်​ဆိုင်​သော​က​တိ​တော်​ကို ဆက်​ဆံ​ရ​ကြ​သ​တည်း။- တန်​ခိုး​တော်​ပြု​ပြင်​သော​အား​ဖြင့် ငါ့​အား​ပေး​သ​နား​တော်​မူ​သော ဘု​ရား​သ​ခင်၏ ကျေး​ဇူး​တော်​ကို ခံ​ရ​သည်​နှင့်​အ​ညီ၊ ထို​တ​ရား​ကို ဟော​ပြော​သော ဆ​ရာ၏​အ​ဖြစ်​သို့ ငါ​ရောက်​ရ​ပြီ။- စစ်၍​မ​ကုန်​နိုင်​သော ခ​ရစ်​တော်၏ ကြွယ်​ဝ​ပြည့်​စုံ​ခြင်း၏ ဧ​ဝံ​ဂေ​လိ​တ​ရား​ကို တစ်​ပါး​အ​မျိုး​သား​တို့​အား ဟော​ပြော​ခြင်း​ငှာ​လည်း​ကောင်း၊ အ​လုံး​စုံ​တို့​ကို ယေ​ရှု​ခ​ရစ်​အား​ဖြင့် ဖန်​ဆင်း​တော်​မူ​သော ဘု​ရား​သ​ခင်၌ ရှေး​ကပ်​ကာ​လ​ပတ်​လုံး ဝှက်​ထား​လျက်​ရှိ​သော ထို​နက်​နဲ​သော​အ​ရာ​နှင့် စပ်​ဆိုင်​သော သာ​သ​နာ​သည် အ​ဘယ်​သို့ ဖြစ်​သည်​ကို လူ​အ​ပေါင်း​တို့​အား ထင်​ရှား​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ သန့်​ရှင်း​သူ​အ​ပေါင်း​တို့​တွင် အ​ငယ်​ဆုံး​သော​သူ​ထက် သာ၍​ငယ်​သော ငါ​အား ထို​ကျေး​ဇူး​တော်​ကို ပေး​တော်​မူ​ပြီ။- အ​ဘယ်​ကြောင့်​နည်း​ဟူ​မူ​ကား၊ ငါ​တို့​သ​ခင်​ယေ​ရှု​ခ​ရစ်​ကို အ​ကြောင်း​ပြု၍ ထာ​ဝ​ရ​အ​ကြံ​တော် ရှိ​သည်​နှင့်​အ​ညီ၊ ကောင်း​ကင်​အ​ရပ်​တို့၌ အ​ထွဋ်​အ​မြတ် အာ​ဏာ​စက်​တို့​သည်၊ ဘု​ရား​သ​ခင်၏ ထူး​ဆန်း​သော ပ​ညတ်​တော်​ကို အ​သင်း​တော်​အား​ဖြင့် ယ​ခု​သိ​ရ​ကြ​မည် အ​ကြောင်း​တည်း။- ထို​သ​ခင်​ကို ယုံ​ကြည်​ခြင်း​အား​ဖြင့် ငါ​တို့​သည် ရဲ​ရင့်​သော​စိတ်​နှင့်​တိုး​ဝင်၍ အ​သ​နား​တော်​ခံ​ရ​သော အ​ခွင့်​ကို​ရ​ကြ​ပြီ။- ထို​ကြောင့် သင်​တို့၏​အ​သ​ရေ​ကို ပြု​စု၍ သင်​တို့​အ​တွက်​ကြောင့် ငါ​ခံ​ရ​သော ဆင်း​ရဲ​ခြင်း​ကို​မြင်​လျှင်၊ ရွေ့​လျော့​သော စိတ်​မ​ရှိ​ကြ​ပါ​စေ​နှင့်။ အ​ထက်​ဆို​ခဲ့​ပြီး​သော အ​ကြောင်း​ကြောင့်၊ ကောင်း​ကင်​ပေါ်၊ မြေ​ကြီး​ပေါ်​မှာ​ရှိ​သော တစ်​အိမ်​ထောင်​လုံး တည်း​ဟူ​သော သား​တော်​အ​ပေါင်း​တို့၏ အ​ချုပ်​အ​ခြာ​ဖြစ်​တော်​မူ​သော၊ ငါ​တို့ သ​ခင်​ယေ​ရှု​ခ​ရစ်၏ ခ​မည်း​တော်​ရှေ့​မှာ ငါ​သည် ဒူး​ထောက်၍ ဆု​တောင်း​လေ့​ရှိ၏။- ဆု​တောင်း​သော​အ​ချက်​ဟူ​မူ​ကား၊ ဝိ​ညာဉ်​တော်​အား​ဖြင့် သင်​တို့၏​အ​တွင်း​လူ​ကို ခွန်​အား​နှင့် မြဲ​မြံ​ခိုင်​ခံ့​စေ၍၊- ယုံ​ကြည်​ခြင်း​အား​ဖြင့် ခ​ရစ်​တော်​သည် သင်​တို့၏ စိတ်​နှ​လုံး​အ​ထဲ၌ ကျိန်း​ဝပ်​တော်​မူ​မည်​အ​ကြောင်း၊ ဘုန်း​တော်​ကြွယ်​ဝ​ပြည်​စုံ​ခြင်း​နှင့် ညီ​လျော်​စွာ သင်​တို့​အား ပေး​တော်​မူ၍၊ မေ​တ္တာ၌ စိုက်​ပျိုး​ခြင်း၊ တိုက်​မြစ်​လည်း​ကျ​တည်​ခြင်း ရှိ​သ​ဖြင့်၊- သင်​တို့​သည် သန့်​ရှင်း​သူ​အ​ပေါင်း​တို့၏ နည်း​တူ၊ အ​နံ​အ​လျား အ​နက်​အ​မြင့်​တို့​ကို ပိုင်း​ခြား၍ သိ​ခြင်း​ငှာ​လည်း​ကောင်း၊- ကိုယ်​ဉာဏ်​နှင့်​မ​သိ​နိုင်​သော ခ​ရစ်​တော်၏ မေ​တ္တာ​တော်​ကို သိ​နား​လည်​ခြင်း​ငှာ​လည်း​ကောင်း၊ သင်​တို့​သည် တတ်​စွမ်း​နိုင်​သ​ဖြင့် ဘု​ရား​သ​ခင်၏ ပြည့်​စုံ​တော်​မူ​ခြင်း ရှိ​သ​မျှ​နှင့်​အ​ညီ ပြည့်​စုံ​ကြ​ပါ​မည်​အ​ကြောင်း၊ ငါ​သည် ဆု​တောင်း​လေ့​ရှိ၏။- ငါ​တို့၌ ပြု​ပြင်​သော​တန်​ခိုး​တော်​အ​တိုင်း၊ ငါ​တို့ တောင်း​ပန်​ကြံ​စည်​သ​မျှ​ထက် အ​လွန်​ထူး​ခြား​စွာ ပြု​ခြင်း​ငှာ တတ်​နိုင်​တော်​မူ​သော ဘု​ရား​သ​ခင်​သည်၊- ယေ​ရှု​ခ​ရစ်​အား​ဖြင့် အ​သင်း​တော်၌ က​မ္ဘာ​အ​ဆက်​ဆက် ဘုန်း​ကြီး​တော်​မူ​စေ​သ​တည်း။ အာ​မင်။

ဧဖက် 3:1-21 Common Language Bible (BCL)

ဤ​အ​ကြောင်း​ကြောင့်​ခ​ရစ်​တော်​ယေ​ရှု​၏ အ​ကျဉ်း​သား​ဖြစ်​သူ​ငါ​ပေါ​လု​သည်​သင်​တို့ လူ​မျိုး​ခြား​များ​၏​အ​တွက် ဘု​ရား​သ​ခင်​ထံ တော်​သို့​ဆု​တောင်း​ပတ္ထ​နာ​ပြု​၏။- ဘု​ရား​သ​ခင်​သည်​မိ​မိ​၏​ကျေး​ဇူး​တော် ကြောင့်​သင်​တို့​အ​ကျိုး​ငှာ​ဤ​အ​မှု​ကို​ဆောင် ရွက်​ရန် ငါ့​အား​ပေး​အပ်​တော်​မူ​ကြောင်း​သင် တို့​အ​မှန်​ပင်​ကြား​သိ​ကြ​ပြီး​ဖြစ်​သည်။- ဘု​ရား​သ​ခင်​သည်​မိ​မိ​၏​နက်​နဲ​သော​အ​ကြံ အ​စည်​တော်​ကို​ငါ့​အား​ဖွင့်​ပြ​တော်​မူ​၏။ (ဤ အ​ကြောင်း​အ​ရာ​နှင့်​ပတ်​သက်​၍​သင်​တို့​အား အ​ကျဉ်း​အား​ဖြင့်​ငါ​ဖော်​ပြ​ခဲ့​ပြီး​ပေ​ပြီ။- သင်​တို့​သည်​ထို​ဖော်​ပြ​ချက်​ကို​ဖတ်​ရှု​ခြင်း အား​ဖြင့်​ခ​ရစ်​တော်​၏​နက်​နဲ​သည့်​အ​ရာ​ကို ငါ​သိ​ရှိ​နား​လည်​ကြောင်း​သိ​မြင်​နိုင်​ကြ​၏။-) ဘု​ရား​သ​ခင်​သည်​ထို​နက်​နဲ​သော​အ​ရာ​ကို ယ​ခင်​ခေတ်​အ​ခါ​များ​က​လူ​သား​တို့​အား ဖွင့်​ပြ​တော်​မ​မူ​ခဲ့​သော်​လည်း ယ​ခု​အ​ခါ ၌​ကိုယ်​တော်​၏​သန့်​ရှင်း​မြင့်​မြတ်​သူ​တ​မန် တော်​များ​နှင့်​ပ​ရော​ဖက်​များ​အား​ဝိ​ညာဉ် တော်​အား​ဖြင့်​ဖွင့်​ပြ​တော်​မူ​လေ​ပြီ။- ထို​နက်​နဲ​သော​အ​ရာ​ကား​သ​တင်း​ကောင်း အား​ဖြင့် လူ​မျိုး​ခြား​တို့​သည်​ယု​ဒ​အ​မျိုး သား​များ​နှင့်​အ​တူ ဘု​ရား​သ​ခင်​၏​ကောင်း ချီး​မင်္ဂ​လာ​ကို​ခံ​စား​ခွင့်​ရ​ရှိ​ကြ​၏။ သူ​တို့ သည်​ခန္ဓာ​တော်​၏​အင်္ဂါ​များ​ဖြစ်​၍​ခ​ရစ်​တော် ယေ​ရှု​အား​ဖြင့် ဘု​ရား​သ​ခင်​ပေး​တော်​မူ သော​က​တိ​တော်​ကို​ပါ​ဝင်​ခံ​စား​ခွင့်​ရ​ရှိ ကြ​၏။ တန်​ခိုး​တော်​ပြု​ပြင်​သော​အား​ဖြင့်​ငါ့​အား ဘု​ရား​သ​ခင်​ပေး​သ​နား​တော်​မူ​သော​အ​ထူး ဆု​ကျေး​ဇူး​တော်​နှင့်​အ​ညီ​ငါ​သည်​သ​တင်း ကောင်း​ကို​ကြေ​ညာ​သူ​ဖြစ်​လာ​၏။- ငါ​သည်​ဘု​ရား​သ​ခင်​၏​လူ​စု​တော်​တွင်​အ​သိမ် ငယ်​ဆုံး​ဖြစ်​ပေ​သည်။ သို့​ရာ​တွင်​ကိုယ်​တော်​သည် ခ​ရစ်​တော်​၏​အ​တိုင်း​မ​သိ​ကြွယ်​ဝ​ချမ်း​သာ ခြင်း​ဆိုင်​ရာ​သ​တင်း​ကောင်း​ကို​လူ​မျိုး​ခြား တို့​အား​ဟော​ပြော​ကြေ​ညာ​ရန်​နှင့်၊- ဘု​ရား​သ​ခင်​၏​နက်​နဲ​သော​အ​ကြံ​အ​စည် တော်​သည်​အ​ဘယ်​သို့​အ​ကောင်​အ​ထည်​ပေါ် လာ​မည်​ကို လူ​အ​ပေါင်း​တို့​အား​ရှင်း​လင်း ဖော်​ပြ​ရန်​အ​ခွင့်​ထူး​ကို​ငါ့​အား​ပေး​သ​နား တော်​မူ​၏။ ခပ်​သိမ်း​သော​အ​ရာ​တို့​ကို​ဖန်​ဆင်း တော်​မူ​သော​ဘု​ရား​သ​ခင်​သည် ရှေး​ကာ​လ အ​ဆက်​ဆက်​က​ထို​အ​ကြံ​အ​စည်​တော် ကို​ကွယ်​ဝှက်​၍​ထား​တော်​မူ​ခဲ့​၏။- ဤ​သို့​ပြု​တော်​မူ​ခြင်း​မှာ​ကောင်း​ကင်​လော​က ကို​အ​စိုး​ရ​သူ​များ​နှင့်​အာ​ဏာ​ပိုင်​များ​သည် ကိုယ်​တော်​၏​အ​ထူး​ထူး​အ​ပြား​ပြား​သော ဉာဏ်​ပ​ညာ​တော်​ကို ယ​ခု​အ​ခါ​၌​အ​သင်း တော်​အား​ဖြင့်​သိ​လာ​ကြ​စေ​ရန်​ပင်​ဖြစ် ပေ​သည်။- ဘု​ရား​သ​ခင်​သည်​မိ​မိ​၏​ထာ​ဝ​ရ​အ​ကြံ အ​စည်​တော်​နှင့်​အ​ညီ ငါ​တို့​အ​ရှင်​ခ​ရစ် တော်​ယေ​ရှု​အား​ဖြင့်​ယင်း​သို့​စီ​မံ​တော်​မူ သ​တည်း။- ငါ​တို့​သည်​ခ​ရစ်​တော်​နှင့်​တစ်​လုံး​တစ်​ဝ​တည်း ဖြစ်​ခြင်း​အား​ဖြင့်​လည်း​ကောင်း၊ ထို​သ​ခင်​ကို ယုံ​ကြည်​ခြင်း​ဖြင့်​လည်း​ကောင်း ဘု​ရား​သ​ခင် ထံ​တော်​သို့​ရဲ​ဝံ့​ယုံ​ကြည်​စိတ်​ချ​စွာ​ချဉ်း​ကပ် ခွင့်​ကို​ရ​ရှိ​ကြ​၏။- သို့​ဖြစ်​၍​သင်​တို့​အ​တွက်​ငါ​ခံ​ရ​သော​ဒုက္ခ ဆင်း​ရဲ​ခြင်း​ကြောင့်​သင်​တို့​စိတ်​မ​ပျက်​ကြ နှင့်။ သင်​တို့​၏​အ​ကျိုး​အ​တွက်​ငါ​ခံ​ရ​ခြင်း ဖြစ်​ပေ​သည်။ ဤ​အ​ကြောင်း​ကြောင့်​ငါ​သည်​ကောင်း​ကင်​ဘုံ​နှင့် ကမ္ဘာ​မြေ​ပေါ်​ရှိ​အိမ်​ထောင်​စု​မှန်​သ​မျှ​တို့​၏ အ​မည်​နာ​မ​အ​ရင်း​အ​မြစ်​ဖြစ်​တော်​မူ​သော အ​ဖ​ခ​မည်း​တော်​၏​ရှေ့​တော်​တွင်​ဒူး​ထောက် လျက်​ဆု​တောင်း​ပတ္ထ​နာ​ပြု​၏။- ကိုယ်​တော်​သည်​ဘုန်း​အ​သ​ရေ​တော်​နှင့်​ပြည့်​စုံ ကြွယ်​ဝ​တော်​မူ​သည်​နှင့်​အ​ညီ သင်​တို့​အား စိတ်​ဋ္ဌာတ်​ကြံ့​ခိုင်​လာ​စေ​စိမ့်​သော​ငှာ​ဝိ​ညာဉ် တော်​အား​ဖြင့်​တန်​ခိုး​စွမ်း​ရည်​ကို​ပေး​သ​နား တော်​မူ​ရန်​ငါ​သည်​ဆု​တောင်း​ပတ္ထ​နာ​ပြု​၏။- သင်​တို့​ယုံ​ကြည်​ခြင်း​အား​ဖြင့်​ခ​ရစ်​တော်​သည် သင်​တို့​စိတ်​နှ​လုံး​တွင်​ကျိန်း​ဝပ်​တော်​မူ​ရန်​ငါ ဆု​တောင်း​၏။ သင်​တို့​သည်​ခ​ရစ်​တော်​၏​မေတ္တာ တော်​အ​လျား၊ အ​နံ၊ အ​မြင့်၊ အ​နက်​တို့​ကို ဘု​ရား​သ​ခင်​၏​လူ​စု​တော်​ဝင်​အ​ပေါင်း​တို့ နှင့်​အ​တူ​သိ​ရှိ​နား​လည်​နိုင်​ကြ​မည့်​အ​ကြောင်း မေတ္တာ​တော်​တွင်​အ​ခြေ​ခံ​အ​မြစ်​စွဲ​လျက်​ရှိ ကြ​စေ​ရန်​ကို​လည်း​ငါ​သည်​ဆု​တောင်း​ပတ္ထ နာ​ပြု​၏။- ကိုယ်​တော်​၏​မေတ္တာ​တော်​ကို​အ​ဘယ်​အ​ခါ​၌ မျှ​အ​ပြည့်​အ​ဝ​နား​လည်​နိုင်​မည်​မ​ဟုတ်​သော် လည်း သင်​တို့​သည်​ထို​မေတ္တာ​တော်​ကို​သိ​ရှိ​နား လည်​လာ​ကြ​သ​ဖြင့် ဘု​ရား​သ​ခင်​ပြည့်​စုံ​သည် နှင့်​အ​မျှ​ပြည့်​စုံ​စေ​တော်​မူ​ရန်​ဆု​တောင်း​ပတ္ထ နာ​ပြု​၏။ ငါ​တို့​စိတ်​နှ​လုံး​ကို​ပြု​ပြင်​တော်​မူ​သော တန်​ခိုး​တော်​အား​ဖြင့် ငါ​တို့​တောင်း​လျှောက် ကြံ​စည်​သ​မျှ​သော​အ​ရာ​တို့​ထက်​သာ​လွန် ပို​မို​၍​ချ​ပေး​တော်​မူ​နိုင်​သော​ဘု​ရား​သ​ခင် သည် အ​သင်း​တော်​အား​ဖြင့်​လည်း​ကောင်း၊ ခ​ရစ်​တော်​ယေ​ရှု​အား​ဖြင့်​လည်း​ကောင်း ထာ​ဝ​စဉ်​ကမ္ဘာ​အ​ဆက်​ဆက်​ဘုန်း​အ​သ​ရေ ထွန်း​တောက်​တော်​မူ​ပါ​စေ​သ​တည်း။ အာ​မင်။

ဧဖက် 3:1-21 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ထို​အကြောင်း​ကြောင့် ငါ​ပေါလု​သည် သင်​တို့​လူမျိုးခြား​များ​အတွက် ခရစ်တော်​ယေရှု​နှင့်ဆိုင်သော​အကျဉ်းသား​ဖြစ်​၏။ သင်​တို့​အတွက် ငါ့​အား​ပေးအပ်​တော်မူ​သော ဘုရားသခင်​၏​ကျေးဇူး​တော်​နှင့်ဆိုင်သည့် စီမံ​ခန့်ခွဲ​မှု​ကို သင်​တို့​ကြားသိ​ကြ​သည်​ဟု ငါ​ယူဆ​၏။ အထက်​က အကျဉ်း​မျှ ငါ​ရေး​ထား​သည့်​အတိုင်း ဤ​လျှို့ဝှက်​နက်နဲ​သော​အရာ​ကို ဗျာဒိတ်​တော်​အားဖြင့် ငါ့​အား​သိ​စေ​တော်မူ​၏။ ၎င်း​ကို​ဖတ်​လျှင် ခရစ်တော်​၏​လျှို့ဝှက်​နက်နဲ​သော​အရာ​ကို ငါ​မည်သို့​တတ်သိ​နားလည်​ထား​သည်​ကို သင်​တို့​သိ​နိုင်​ကြ​၏။ ဘုရားသခင်​သည် ထို​လျှို့ဝှက်​နက်နဲ​သော​အရာ​ကို မိမိ​၏​သန့်ရှင်း​သော​တမန်တော်​များ​နှင့်​ပရောဖက်​များ​အား ဝိညာဉ်​တော်​အားဖြင့် ယခု​ဖွင့်ပြ​တော်မူ​သကဲ့သို့ အခြား​သော​ခေတ်​ကာလ​များ​၌ လူသား​တို့​အား သိ​စေ​တော်​မ​မူ​ခဲ့​ပေ။ ထို​လျှို့ဝှက်​နက်နဲ​သော​အရာ​မှာ လူမျိုးခြား​တို့​သည် ကောင်းမြတ်​သော​သတင်း​အားဖြင့် ခရစ်တော်​ယေရှု​၌ အတူတကွ​အမွေ​ဆက်ခံ​သူ​များ၊ တစ်ခုတည်း​သော​ကိုယ်ခန္ဓာ​၌​ပါဝင်​သူ​များ​၊ ကတိ​တော်​ကို​အတူတကွ​ခံစား​သူ​များ​ဖြစ်​ကြ​ခြင်း​ပေ​တည်း။ တန်ခိုး​တော်​၏​လုပ်ဆောင်​မှု​အားဖြင့် ငါ့​အား​ပေးအပ်​ထား​သော ဘုရားသခင်​၏​ကျေးဇူး​တော်​ဆိုင်ရာ​ကောင်းချီး​လက်ဆောင်​နှင့်အညီ ငါ​သည် ထို​ကောင်းမြတ်​သော​သတင်း​နှင့်ဆိုင်သော အမှု​တော်​ဆောင်​ဖြစ်လာ​၏။ သန့်ရှင်း​သူ​အားလုံး​တို့​တွင် အငယ်ဆုံး​သော​သူ​ထက် သာ၍​ငယ်​သော​ငါ့​အား ဤ​ကျေးဇူး​တော်​ကို​ပေးအပ်​တော်မူ​ခြင်း​မှာ ချင့်မျှော်​တွေးဆ​၍​မ​ရ​နိုင်​သော ခရစ်တော်​၏​ကြွယ်ဝ​မှု​ကို လူမျိုးခြား​တို့​အား​ဟောပြော​စေရန်​နှင့် အရာ​ခပ်သိမ်း​တို့​ကို ဖန်ဆင်း​တော်မူ​သော​ဘုရားသခင်​၌ ရှေး​ကာလ​များ​မှစ၍ ဝှက်​ထား​ခြင်း​ခံရ​သည့် လျှို့ဝှက်​နက်နဲ​သော​အရာ​နှင့်ဆိုင်သော စီမံ​ခန့်ခွဲ​မှု​သည် မည်သည့်​အရာ​ဖြစ်​သည်​ကို လူ​အပေါင်း​တို့​တွင် သိသာ​ထင်ရှား​စေရန်​ဖြစ်​၏။ ဤသည်ကား ငါ​တို့​၏​သခင်​ခရစ်တော်​ယေရှု​၌ ပြီးပြည့်စုံ​သော​ထာဝရ​အကြံအစည်​တော်​နှင့်အညီ အထက်​ကောင်းကင်​အရပ်​၌​ရှိ​သော အာဏာစက်​များ​နှင့်​အုပ်ချုပ်မှု​များ​အား ယခု​အခါ​တွင် အသင်းတော်​အားဖြင့် ဘုရားသခင်​၏​အမျိုးမျိုး​အဖုံဖုံ​သော​ဉာဏ်ပညာ​တော်​ကို သိ​စေရန်​ဖြစ်​၏။ ထို​သခင်​ကို​ယုံကြည်​ခြင်း​အားဖြင့် ရဲရင့်​ခြင်း​ကို​လည်းကောင်း၊ ယုံကြည်​စိတ်ချ​စွာ​ဖြင့် အထံ​တော်​သို့​တိုးဝင်​ခွင့်​ကို​လည်းကောင်း ကိုယ်တော်​၌ ငါ​တို့​ရရှိ​ကြ​၏။ သို့ဖြစ်၍ သင်​တို့​အတွက် ငါ​ခံရ​သော​ဆင်းရဲ​ဒုက္ခ​များ​ကြောင့် စိတ်ပျက်​အားလျော့​ခြင်း​မ​ရှိ​ကြ​ရန် ငါ​တောင်းပန်​၏။ ထို​အရာ​များ​သည် သင်​တို့​၏​ဂုဏ်သရေ​ဖြစ်​၏။ ဤ​အကြောင်း​ကြောင့် ငါ​သည် ကောင်းကင်​ဘုံ​၌​လည်းကောင်း၊ မြေကြီး​ပေါ်၌​လည်းကောင်း ရှိသမျှ​သော​မိသားစု​တို့​အမည်​နာမ​ခံယူ​ရရှိ​ရာ​ဖြစ်​တော်မူ​သော အဖ​ခမည်းတော်​ထံ ဒူး​ထောက်​လျက် ဘုရားသခင်​သည် မိမိ​ဘုန်း​အသရေ​တော်​၏​ကြွယ်ဝ​မှု​နှင့်အညီ မိမိ​၏​ဝိညာဉ်​တော်​အားဖြင့် သင်​တို့​၏​အတွင်း​ဝိညာဉ်​လူ​ကို တန်ခိုး​နှင့်တကွ ကြံ့ခိုင်​သန်စွမ်း​စေ​တော်မူ​၍ ယုံကြည်​ခြင်း​အားဖြင့် သင်​တို့​စိတ်နှလုံး​ထဲ၌ ခရစ်တော်​သည် ကိန်းဝပ်​တော်မူ​မည့်​အကြောင်း​နှင့် သင်​တို့​သည် မေတ္တာ​တော်​၌ အမြစ်တွယ်​၍​အုတ်မြစ်​ချ​ထား​ကာ ထို​မေတ္တာ​တော်​၏​အလျား၊ အနံ၊ အမြင့်၊ အနက်​တို့ မည်မျှ​ရှိသည်​ကို သန့်ရှင်း​သူ​အားလုံး​နှင့်အတူ သဘောပေါက်​နိုင်​စွမ်း​ရှိ​သဖြင့် အသိပညာ​ထက် ထူးကဲ​သော​ခရစ်တော်​၏​ချစ်​ခြင်း​မေတ္တာ​တော်​ကို​သိရှိ​၍ ဘုရားသခင်​၏​ပြည့်စုံ​တော်မူ​ခြင်း​အပေါင်း​တို့​ဖြင့် ပြည့်စုံ​ခြင်း​သို့​ရောက်​ကြ​မည့်​အကြောင်း ငါ​ဆုတောင်း​၏။ ငါ​တို့​ထဲ၌ သက်ဝင်​လှုပ်ရှား​နေ​သော​တန်ခိုး​တော်​အားဖြင့် ငါ​တို့​တောင်းလျှောက်​သော​အရာ​၊ သို့မဟုတ် ဆင်ခြင်​သော​အရာ​အားလုံး​တို့​ထက် သာလွန်​ထူးခြား​စွာ​ပြု​နိုင်​သော​အရှင်​၌ အသင်းတော်​အားဖြင့်​လည်းကောင်း၊ ခရစ်တော်​ယေရှု​အားဖြင့်​လည်းကောင်း ခေတ်ကာလ​အဆက်ဆက် ထာဝစဉ်​ဘုန်း​အသရေ​တော်​ရှိ​ပါစေသော။ အာမင်။