YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဧဖက် 2:7-10

ဧဖက် 2:7-10 Judson Bible (JBMLE)

အ​ကြောင်း​မူ​ကား၊ ထို​သ​ခင်​အား​ဖြင့် ငါ​တို့၌ ကျေး​ဇူး​ပြု၍၊ ကျေး​ဇူး​တော်၏ အ​လွန်​ကြွယ်​ဝ​ခြင်း​ကို နောင်​ကပ်​ကာ​လ​တို့၌ ထင်​ရှား​စေ​မည်​အ​ကြောင်း ဖြစ်​သ​တည်း။- ယုံ​ကြည်​သော​အား​ဖြင့် ကျေး​ဇူး​တော်​ကြောင့် ကယ်​တင်​ခြင်း​သို့ ရောက်​ရ၏။ ကိုယ်​အ​လို​အ​လျောက် ရောက်​သည်​မ​ဟုတ်။ ဘု​ရား​သ​ခင် သ​နား​တော်​မူ​ရာ ဖြစ်​သ​တည်း။- ကိုယ်​ကု​သိုလ်​ကြောင့် ကယ်​တင်​တော်​မူ​ခြင်း​သို့ ရောက်​သည်​မ​ဟုတ်။ သို့​ဖြစ်၍ အ​ဘယ်​သူ​မျှ ဝါ​ကြွား​စ​ရာ အ​ခွင့်​မ​ရှိ။- အ​ဘယ်​ကြောင့်​နည်း​ဟူ​မူ​ကား၊ ငါ​တို့​သည် ကောင်း​သော​အ​ကျင့်​တို့​ကို ကျင့်​ရ​မည်​အ​ကြောင်း၊ ယေ​ရှု​ခ​ရစ်၌ ပြု​ပြင်၍ ဖန်​ဆင်း​တော်​မူ​ရာ ဖြစ်​ကြ၏။ ထို​ကောင်း​သော အ​ကျင့်​တို့၌ ငါ​တို့​သည် ကျင်​လည်​ရ​မည် အ​ကြောင်း၊ ဘု​ရား​သ​ခင်​သည် ငါ​တို့​ကို ပြင်​ဆင်​တော်​မူ​နှင့်​ပြီ။

ဧဖက် 2:7-10 Common Language Bible (BCL)

ဤ​သို့​ပြု​တော်​မူ​ခြင်း​မှာ​ခ​ရစ်​တော်​ယေရှု​အား​ဖြင့် ငါ​တို့​အား​မေတ္တာ​ပြ​တော်​မူ​ရာ​၌​ကိုယ်​တော်​၏ ကျေး​ဇူး​တော်​သည်​သာ​မန်​ထက်​လွန်​ကဲ​သည်​ကို နောင်​ကာ​လ​အ​စဉ်​အ​ဆက်​လူ​တို့​သိ​မြင်​နိုင် ကြ​စေ​ရန်​ပင်​ဖြစ်​သည်။- သင်​တို့​သည်​ယုံ​ကြည်​သော​အား​ဖြင့်​ကျေး​ဇူး တော်​ကြောင့်​ကယ်​တင်​ခြင်း​ကို​ခံ​ကြ​ရ​၏။ သင်​တို့ ၏​ကြိုး​စား​အား​ထုတ်​မှု​ရ​လဒ်​ကြောင့်​ခံ​ကြ​ရ သည်​မ​ဟုတ်။ ဘု​ရား​သ​ခင်​ချ​ပေး​တော်​မူ​သော ဆု​ဖြစ်​၍​အ​ဘယ်​သူ​မျှ​ဝါ​ကြွား​စ​ရာ အ​ကြောင်း​မ​ရှိ။- ငါ​တို့​သည်​ခ​ရစ်​တော်​ယေ​ရှု​နှင့်​တစ်​လုံး​တစ်​ဝ တည်း​ဖြစ်​လျက်​ဘု​ရား​သ​ခင်​စီ​မံ​ထား​တော်​မူ သော​အ​ကျင့်​ကောင်း​များ​ကို​ပြု​ကျင့်​စေ​ရန် ဘု​ရား သ​ခင်​သည်​ငါ​တို့​အား​ဖန်​ဆင်း​တော်​မူ​ပေ​သည်။

ဧဖက် 2:7-10 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ဤသည်ကား ခရစ်တော်​ယေရှု​၌ ငါ​တို့​အား​ကျေးဇူးပြု​တော်မူ​ခြင်း​အားဖြင့် မိမိ​၏​ထူးကဲ​သော​ကျေးဇူး​တော်​၏​ကြွယ်ဝ​မှု​ကို နောင်​လာမည့်​ကာလ​အစဉ်အဆက်​တို့​၌ ပြသ​ရန်​အတွက်​ဖြစ်​၏။ အကြောင်းမူကား သင်​တို့​သည် ကျေးဇူး​တော်​ကြောင့် ယုံကြည်​ခြင်း​အားဖြင့် ကယ်တင်​ခြင်း​ခံရ​ကြ​၏။ ၎င်း​သည် သင်​တို့​ကိုယ်တိုင်​ကြောင့်​မ​ဟုတ်​ဘဲ ဘုရားသခင်​ပေး​တော်မူ​သော​လက်ဆောင်​ဖြစ်​၏။ မိမိ​ပြု​သော​အမှု​များ​ကြောင့်​မ​ဟုတ်။ သို့ဖြစ်၍ မည်သူမျှ ဝါကြွား​စရာ​အကြောင်း​မ​ရှိ။ အကြောင်းမူကား ငါ​တို့​သည် ကောင်း​သော​အမှု​များ​ကို​ပြု​ရန် ခရစ်တော်​ယေရှု​၌​ဖန်ဆင်း​ခြင်း​ခံရ​သော ဘုရားသခင်​၏​လက်ရာ​တော်​ဖြစ်​ကြ​၏။ ထို​ကောင်း​သော​အမှု​များ​၌ ငါ​တို့​အသက်ရှင်​လျှောက်လှမ်း​ကြ​ရန် ဘုရားသခင်​သည် ထို​အမှု​များ​ကို ကြိုတင်​ပြင်ဆင်​ထား​တော်မူ​၏။