ဧဖက် 2:6-7
ဧဖက် 2:6-7 Judson Bible (JBMLE)
ယေရှုခရစ်အားဖြင့် ငါတို့ကို ထမြောက်စေ၍ ကောင်းကင်အရပ်၌ နေရာပေးတော်မူပြီ။- အကြောင်းမူကား၊ ထိုသခင်အားဖြင့် ငါတို့၌ ကျေးဇူးပြု၍၊ ကျေးဇူးတော်၏ အလွန်ကြွယ်ဝခြင်းကို နောင်ကပ်ကာလတို့၌ ထင်ရှားစေမည်အကြောင်း ဖြစ်သတည်း။
ဧဖက် 2:6-7 Common Language Bible (BCL)
ငါတို့သည်ခရစ်တော်ယေရှုနှင့်တစ်လုံးတစ်ဝ တည်းဖြစ်သဖြင့်ဘုရားသခင်သည် ငါတို့အား ခရစ်တော်နှင့်အတူသေခြင်းမှရှင်ပြန်ထမြောက် စေတော်မူ၍ ထိုအရှင်နှင့်အတူကောင်းကင် လောကတွင်စိုးစံခွင့်ကိုပေးတော်မူ၏။- ဤသို့ပြုတော်မူခြင်းမှာခရစ်တော်ယေရှုအားဖြင့် ငါတို့အားမေတ္တာပြတော်မူရာ၌ကိုယ်တော်၏ ကျေးဇူးတော်သည်သာမန်ထက်လွန်ကဲသည်ကို နောင်ကာလအစဉ်အဆက်လူတို့သိမြင်နိုင် ကြစေရန်ပင်ဖြစ်သည်။
ဧဖက် 2:6-7 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
ထို့နောက် ခရစ်တော်ယေရှုအားဖြင့် ငါတို့ကို ကိုယ်တော်နှင့်အတူထမြောက်စေ၍ အထက်ကောင်းကင်အရပ်၌ ကိုယ်တော်နှင့်အတူထိုင်စေတော်မူ၏။ ဤသည်ကား ခရစ်တော်ယေရှု၌ ငါတို့အားကျေးဇူးပြုတော်မူခြင်းအားဖြင့် မိမိ၏ထူးကဲသောကျေးဇူးတော်၏ကြွယ်ဝမှုကို နောင်လာမည့်ကာလအစဉ်အဆက်တို့၌ ပြသရန်အတွက်ဖြစ်၏။