YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဧဖက် 2:4-7

ဧဖက် 2:4-7 Judson Bible (JBMLE)

သို့​သော်​လည်း က​ရု​ဏာ​တော်​နှင့် ကြွယ်​ဝ​တော်​မူ​သော ဘု​ရား​သ​ခင်​သည် ငါ​တို့​ကို ချစ်​တော်​မူ​သော မ​ဟာ​မေ​တ္တာ​တော်​အား​ဖြင့်၊- ဒု​စ​ရိုက်​အ​ပြစ်၌​သေ​လျက်​ရှိ​နေ​သော ငါ​တို့​ကို ခ​ရစ်​တော်​နှင့်​အ​တူ အ​သက်​ရှင်​စေ​တော်​မူ​ပြီ။ ကျေး​ဇူး​တော်​ကြောင့်​သာ ကယ်​တင်​ခြင်း​သို့ ရောက်​ရ၏။- ယေ​ရှု​ခ​ရစ်​အား​ဖြင့် ငါ​တို့​ကို ထ​မြောက်​စေ၍ ကောင်း​ကင်​အ​ရပ်၌ နေ​ရာ​ပေး​တော်​မူ​ပြီ။- အ​ကြောင်း​မူ​ကား၊ ထို​သ​ခင်​အား​ဖြင့် ငါ​တို့၌ ကျေး​ဇူး​ပြု၍၊ ကျေး​ဇူး​တော်၏ အ​လွန်​ကြွယ်​ဝ​ခြင်း​ကို နောင်​ကပ်​ကာ​လ​တို့၌ ထင်​ရှား​စေ​မည်​အ​ကြောင်း ဖြစ်​သ​တည်း။

ဧဖက် 2:4-7 Common Language Bible (BCL)

သို့​ရာ​တွင်​ဘု​ရား​သ​ခင်​၏​က​ရု​ဏာ​တော်​သည် အ​လွန်​ကြွယ်​ဝ​၍ မေတ္တာ​တော်​သည်​အ​လွန် ကြီး​မား​လှ​သ​ဖြင့်​ကိုယ်​တော်​သည်၊- ငါ​တို့​အား​မ​နာ​ခံ​မှု​အား​ဖြင့်​ဝိ​ညာဉ်​ရေး အ​ရ​သေ​လျက်​ရှိ​နေ​ရာ​မှ ခ​ရစ်​တော်​နှင့်​အ​တူ ရှင်​ပြန်​စေ​တော်​မူ​၏။ သင်​တို့​သည်​ဘု​ရား​သ​ခင် ၏​ကျေး​ဇူး​တော်​ကြောင့်​သာ​လျှင် ကယ်​တင်​ခြင်း ကို​ခံ​ရ​ကြ​ပေ​သည်။- ငါ​တို့​သည်​ခ​ရစ်​တော်​ယေ​ရှု​နှင့်​တစ်​လုံး​တစ်​ဝ တည်း​ဖြစ်​သ​ဖြင့်​ဘု​ရား​သ​ခင်​သည် ငါ​တို့​အား ခ​ရစ်​တော်​နှင့်​အ​တူ​သေ​ခြင်း​မှ​ရှင်​ပြန်​ထ​မြောက် စေ​တော်​မူ​၍ ထို​အ​ရှင်​နှင့်​အ​တူ​ကောင်း​ကင် လော​က​တွင်​စိုး​စံ​ခွင့်​ကို​ပေး​တော်​မူ​၏။- ဤ​သို့​ပြု​တော်​မူ​ခြင်း​မှာ​ခ​ရစ်​တော်​ယေရှု​အား​ဖြင့် ငါ​တို့​အား​မေတ္တာ​ပြ​တော်​မူ​ရာ​၌​ကိုယ်​တော်​၏ ကျေး​ဇူး​တော်​သည်​သာ​မန်​ထက်​လွန်​ကဲ​သည်​ကို နောင်​ကာ​လ​အ​စဉ်​အ​ဆက်​လူ​တို့​သိ​မြင်​နိုင် ကြ​စေ​ရန်​ပင်​ဖြစ်​သည်။

ဧဖက် 2:4-7 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

သို့သော် ကရုဏာ​တော်​နှင့်​ကြွယ်ဝ​တော်မူ​သော​ဘုရားသခင်​သည် ငါ​တို့​ကို​ချစ်​တော်မူ​သည့် ကြီးမား​သော​မေတ္တာ​တော်​အားဖြင့် ကျူးလွန်​သော​အပြစ်​များ​၌ သေ​နေ​သော​ငါ​တို့​ကို ခရစ်တော်​နှင့်အတူ အသက်ရှင်​စေ​တော်မူ​၏။ (သင်​တို့​သည် ကျေးဇူး​တော်​အားဖြင့် ကယ်တင်​ခြင်း​ခံရ​ကြ​၏။) ထို့နောက် ခရစ်တော်​ယေရှု​အားဖြင့် ငါ​တို့​ကို ကိုယ်တော်​နှင့်အတူ​ထမြောက်​စေ​၍ အထက်​ကောင်းကင်​အရပ်​၌ ကိုယ်တော်​နှင့်အတူ​ထိုင်​စေ​တော်မူ​၏။ ဤသည်ကား ခရစ်တော်​ယေရှု​၌ ငါ​တို့​အား​ကျေးဇူးပြု​တော်မူ​ခြင်း​အားဖြင့် မိမိ​၏​ထူးကဲ​သော​ကျေးဇူး​တော်​၏​ကြွယ်ဝ​မှု​ကို နောင်​လာမည့်​ကာလ​အစဉ်အဆက်​တို့​၌ ပြသ​ရန်​အတွက်​ဖြစ်​၏။