ဧဖက် 2:3-4
ဧဖက် 2:3-4 Judson Bible (JBMLE)
ထိုငြင်းဆန်သော သူတို့နှင့်တကွ၊ ငါတို့ရှိသမျှသည် အထက်က ကိုယ်ကာယ၏အလိုသို့လည်းကောင်း၊ စိတ်၏ အလိုသို့လည်းကောင်း၊ လိုက်သဖြင့် ကာမဂုဏ်တို့၌ ကျင်လည်သည်ဖြစ်၍၊ ကြွင်းသောသူတို့ကဲ့သို့ပင် ပကတိအတိုင်း အမျက်တော်ကို ခံရသောသူဖြစ်ကြ၏။- သို့သော်လည်း ကရုဏာတော်နှင့် ကြွယ်ဝတော်မူသော ဘုရားသခင်သည် ငါတို့ကို ချစ်တော်မူသော မဟာမေတ္တာတော်အားဖြင့်၊
ဧဖက် 2:3-4 Common Language Bible (BCL)
အမှန်စင်စစ်ငါတို့သည်ထိုသူတို့ကဲ့သို့ ဇာတိ၏ဆွဲဆောင်ရာသို့လိုက်လျက် ကာယ၏ အလိုနှင့်စိတ်၏အလိုအရပြုကျင့်ခဲ့ကြ၏။ ငါတို့သည်ဇာတိသဘောအရအခြားသူ တို့နည်းတူ ဘုရားသခင်၏အမျက်တော်ကို ခံထိုက်သူများဖြစ်ခဲ့ကြသည်။ သို့ရာတွင်ဘုရားသခင်၏ကရုဏာတော်သည် အလွန်ကြွယ်ဝ၍ မေတ္တာတော်သည်အလွန် ကြီးမားလှသဖြင့်ကိုယ်တော်သည်၊
ဧဖက် 2:3-4 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
ငါတို့အားလုံးသည်လည်း တစ်ချိန်က ထိုသူတို့ထဲတွင်ပါလျက် မိမိတို့သွေးသားဇာတိ၏တပ်မက်ခြင်းများထဲ၌ အသက်ရှင်နေထိုင်ခဲ့ပြီး ကိုယ်ကာယနှင့်စိတ်နှလုံးတို့၏အလိုအတိုင်းပြု၍ အခြားသောသူတို့ကဲ့သို့ပင် သဘာဝအလျောက် အမျက်တော်ခံထိုက်သောသူများဖြစ်ကြ၏။ သို့သော် ကရုဏာတော်နှင့်ကြွယ်ဝတော်မူသောဘုရားသခင်သည် ငါတို့ကိုချစ်တော်မူသည့် ကြီးမားသောမေတ္တာတော်အားဖြင့်