YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဧဖက် 2:2-3

ဧဖက် 2:1-3 Judson Bible (JBMLE)

သင်​တို့​သည် အ​ထက်​က လော​ကီ​တ​ရား​သို့​လိုက်၍ အာ​ကာ​သ​ကောင်း​ကင်၏ တန်​ခိုး​ကို အ​စိုး​ရ​သော မင်း​တည်း​ဟူ​သော ငြင်း​ဆန်​သော သူ​တို့၌ ပြု​ပြင်​သော ဝိ​ညာဉ်၏​အ​လို​နှင့်​အ​ညီ၊ ဒု​စ​ရိုက်​အ​ပြစ်​တို့၌ ကျင်​လည်​ကြ၍၊ ထို​ဒု​စ​ရိုက်​အ​ပြစ်၌ သေ​လျက်​ရှိ​နေ​သော သင်​တို့​ကို​ပင် ဘု​ရား​သ​ခင်​သည် အ​သက်​ရှင်​စေ​တော်​မူ​ပြီ။- ထို​ငြင်း​ဆန်​သော သူ​တို့​နှင့်​တ​ကွ၊ ငါ​တို့​ရှိ​သ​မျှ​သည် အ​ထက်​က ကိုယ်​ကာ​ယ၏​အ​လို​သို့​လည်း​ကောင်း၊ စိတ်၏ အ​လို​သို့​လည်း​ကောင်း၊ လိုက်​သ​ဖြင့် ကာ​မ​ဂုဏ်​တို့၌ ကျင်​လည်​သည်​ဖြစ်၍၊ ကြွင်း​သော​သူ​တို့​ကဲ့​သို့​ပင် ပ​က​တိ​အ​တိုင်း အ​မျက်​တော်​ကို ခံ​ရ​သော​သူ​ဖြစ်​ကြ၏။

ဧဖက် 2:2-3 Common Language Bible (BCL)

လော​က​၏​အ​ပြစ်​လမ်း​စဉ်​အ​တိုင်း​လိုက်​လျှောက် ခဲ့​ကြ​၏။ အာ​ကာ​သ​ရှိ​ဝိ​ညာဉ်​တန်​ခိုး​များ​ကို အုပ်​စိုး​သော​မင်း​ကို​နာ​ခံ​သူ​များ​ဖြစ်​ခဲ့​ကြ​၏။ ဘု​ရား​သ​ခင်​၏​အ​မိန့်​တော်​ကို​မ​နာ​ခံ​သူ တို့​သည် ယ​ခု​အ​ခါ​၌​ထို​သူ​၏​စိုး​မိုး​အုပ် ချုပ်​ခြင်း​ကို​ခံ​လျက်​နေ​ကြ​ရ​၏။- အ​မှန်​စင်​စစ်​ငါ​တို့​သည်​ထို​သူ​တို့​ကဲ့​သို့ ဇာ​တိ​၏​ဆွဲ​ဆောင်​ရာ​သို့​လိုက်​လျက် ကာ​ယ​၏ အ​လို​နှင့်​စိတ်​၏​အ​လို​အ​ရ​ပြု​ကျင့်​ခဲ့​ကြ​၏။ ငါ​တို့​သည်​ဇာ​တိ​သ​ဘော​အ​ရ​အ​ခြား​သူ တို့​နည်း​တူ ဘု​ရား​သ​ခင်​၏​အ​မျက်​တော်​ကို ခံ​ထိုက်​သူ​များ​ဖြစ်​ခဲ့​ကြ​သည်။

ဧဖက် 2:2-3 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

အာကာသ​နှင့်ဆိုင်သော​အာဏာစက်​ကို စွဲကိုင်​အုပ်ချုပ်​သူ​တည်းဟူသော နာခံ​မှု​မ​ရှိ​သော​သူ​တို့​ထဲ၌ ယခု​အလုပ်​လုပ်​နေ​သည့် ဝိညာဉ်​အလို​အတိုင်း ဤ​လောက​၏​လမ်းစဉ်​နှင့်အညီ ထို​အပြစ်​များ​တွင် အသက်ရှင်​လျှောက်လှမ်း​ခဲ့​ကြ​၏။ ငါ​တို့​အားလုံး​သည်​လည်း တစ်ချိန်က ထို​သူ​တို့​ထဲတွင်​ပါ​လျက် မိမိ​တို့​သွေးသား​ဇာတိ​၏​တပ်မက်​ခြင်း​များ​ထဲ၌ အသက်ရှင်​နေထိုင်​ခဲ့​ပြီး ကိုယ်ကာယ​နှင့်​စိတ်နှလုံး​တို့​၏​အလို​အတိုင်း​ပြု​၍ အခြား​သော​သူ​တို့​ကဲ့သို့​ပင် သဘာဝ​အလျောက် အမျက်​တော်​ခံ​ထိုက်​သော​သူ​များ​ဖြစ်​ကြ​၏။