YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဧဖက် 2:14-22

ဧဖက် 2:14-22 Judson Bible (JBMLE)

အ​ဘယ်​သို့​နည်း​ဟူ​မူ​ကား၊ ထို​သ​ခင်​သည် ငါ​တို့ ရန်​ငြိမ်း​ခြင်း​အ​ကြောင်း ဖြစ်​တော်​မူ၏။- ဝိ​နည်း​အ​ထုံး​အ​ဖွဲ့​နှင့်​စပ်​ဆိုင်​သော ပ​ညတ်​တ​ရား​တည်း​ဟူ​သော ရန်​ငြိုး​ဖွဲ့​ခြင်း၏​အ​ကြောင်း​ကို ကိုယ်​ခ​န္ဓာ​တော်​တွင် ပယ်​ရှင်း​တော်​မူ​သ​ဖြင့်၊ ပိုင်း​ခြား​လျက်​ရှိ​သော စပ်​ကြား အုတ်​တံ​တိုင်း​နံ​ရံ​ကို ဖြို​ဖျက်၍ လူ​မျိုး​နှစ်​စု​တို့​ကို တစ်​စု​တည်း​ဖြစ်​စေ​တော်​မူ၏။ အ​ကြောင်း​မူ​ကား၊ ရန်​ကို ငြိမ်း​စေ​ပြီး​လျှင်၊- ကိုယ်​တော်၌ ထို​လူ​နှစ်​စု​တို့​ကို လူ​သစ်​တစ်​ဦး တစ်​ကိုယ်​တည်း​ဖြစ်​စေ​ခြင်း​ငှာ ပြင်​ဆင်၍၊ တစ်​လုံး​တစ်​ဝ​တည်း ဖြစ်​ပြီး​သော ထို​လူ​နှစ်​စု​တို့​ကို၊ လက်​ဝါး​ကပ်​တိုင်​တော်​အား​ဖြင့် ရန်​ကို သတ်​ဖြတ်​လျက်၊ ဘု​ရား​သ​ခင်​နှင့် မိတ်​သ​ဟာ​ယ​ဖွဲ့​စေ​မည်​အ​ကြောင်း​တည်း။- ထို​ခ​ရစ်​တော်​သည်​လည်း ကြွ​လာ၍၊ ဝေး​လျက်​ရှိ​သော သင်​တို့​အား​လည်း​ကောင်း၊ နီး​လျက်​ရှိ​သော ငါ​တို့​အား​လည်း​ကောင်း၊ ရန်​ငြိမ်း​ခြင်း​တ​ရား​တည်း​ဟူ​သော ဧ​ဝံ​ဂေ​လိ​တ​ရား​ကို ဟော​တော်​မူ၏။- ထို​သို့ ခ​ရစ်​တော်​အား​ဖြင့် ငါ​တို့​နှစ်​ဦး​သည် စိတ်​ဝိ​ညာဉ်​တစ်​လုံး​တစ်​ဝ​တည်း​ဖြစ်၍၊ ခ​မည်း​တော်​ထံ​သို့ တိုး​ဝင်​ရ​မည်​အ​ခွင့်​ကို ရ​ကြ​ပြီ။ ထို​ကြောင့်၊ သင်​တို့​သည် တစ်​ကျွန်း​တစ်​နိုင်​ငံ​သား မ​ဟုတ်၊ ဧည့်​သည်​လည်း မ​ဟုတ်၊ သန့်​ရှင်း​သူ​တို့၏ အ​မျိုး​သား​ချင်း ဖြစ်​ကြ၏။ ဘု​ရား​သ​ခင်​အိမ်​တော်​သား​လည်း ဖြစ်​ကြ၏။- အ​ဘယ်​သို့​နည်း​ဟူ​မူ​ကား၊ တ​မန်​တော်​တို့​မှ​စ၍ ပ​ရော​ဖက်​များ​တည်း​ဟူ​သော တိုက်​မြစ်​အ​ပေါ်၌ သင်​တို့​သည် ထပ်​ဆင့်၍ တည်​ဆောက်​လျက်​ရှိ​ကြ၏။- ထို​တိုက်​ထောင့်​အ​မြစ်​ကျောက်​ကား၊ ယေ​ရှု​ခ​ရစ်​ဖြစ်​သ​တည်း။ ထို​ကျောက်​နှင့် တစ်​တိုက်​လုံး​သည် စေ့​စပ်၍ ကြီး​ပွား​သ​ဖြင့်၊ သ​ခင်​ဘု​ရား​အ​ဖို့ အ​လို​ငှာ သန့်​ရှင်း​သော ဗိ​မာန်​တော်​ဖြစ်၏။- ထို​ဗိ​မာန်​တော်၌​လည်း၊ ဘု​ရား​သ​ခင်​သည် ဝိ​ညာဉ်​တော်​အား​ဖြင့် ကျိန်း​ဝပ်​တော်​မူ​ခြင်း​အ​လို​ငှာ၊ သင်​တို့​သည် ငါ​တို့​နှင့်​အ​တူ တည်​ဆောက်​လျက်​ရှိ​ကြ၏။

ဧဖက် 2:14-22 Common Language Bible (BCL)

ခ​ရစ်​တော်​သည်​ယု​ဒ​အ​မျိုး​သား​များ​နှင့်​လူ မျိုး​ခြား​တို့​ကို လူ​မျိုး​တစ်​မျိုး​တည်း​ဖြစ်​စေ တော်​မူ​လျက် ငါ​တို့​အား​ရန်​ငြိမ်း​မှု​ကို​ပေး​တော် မူ​၏။ ကိုယ်​တော်​သည်​မိ​မိ​၏​ကိုယ်​ခန္ဓာ​တော်​အား ဖြင့် ငါ​တို့​အား​ရန်​သူ​များ​အ​ဖြစ်​ပိုင်း​ခြား ထား​သည့်​တံ​တိုင်း​ကို​ဖြို​ဖျက်​တော်​မူ​၏။- ကိုယ်​တော်​သည်​ဥ​ပ​ဒေ​စည်း​မျဉ်း​များ​နှင့်​တ​ကွ ယု​ဒ​ပ​ညတ်​တ​ရား​ကို​ပယ်​ဖျက်​တော်​မူ​သ​ဖြင့် ယု​ဒ​အ​မျိုး​သား​များ​နှင့်​လူ​မျိုး​ခြား​တို့​အား မိ​မိ​နှင့်​တစ်​လုံး​တစ်​ဝ​တည်း​ဖြစ်​စေ​လျက်​လူ မျိုး​အ​သစ်​ကို​ဖြစ်​ပေါ်​စေ​တော်​မူ​သည်။ ဤ​နည်း အား​ဖြင့်​ရန်​ငြိမ်း​မှု​ကို​ပေး​တော်​မူ​၏။- ခ​ရစ်​တော်​သည်​လက်​ဝါး​ကပ်​တိုင်​တွင်​အ​သေ​ခံ တော်​မူ​ခြင်း​ဖြင့် သူ​တို့​အ​ချင်း​ချင်း​၏​ရန်​ကို ဖယ်​ရှား​ပြီး​လျှင် လက်​ဝါး​ကပ်​တိုင်​အား​ဖြင့်​လူ မျိုး​နှစ်​စု​ကို​တစ်​စု​တည်း​ဖြစ်​စေ​လျက် ဘု​ရား သ​ခင်​၏​ထံ​တော်​သို့​ပြန်​လည်​ပို့​ဆောင်​တော်​မူ​၏။- သို့​ဖြစ်​၍​ယ​ခင်​ဘု​ရား​သ​ခင်​နှင့်​ဝေး​လျက်​နေ ခဲ့​သော​သင်​တို့​လူ​မျိုး​ခြား​များ​အား​လည်း​ကောင်း၊ ဘု​ရား​သ​ခင်​နှင့်​နီး​ခဲ့​သူ​ယု​ဒ​အ​မျိုး​သား​များ အား​လည်း​ကောင်း ခ​ရစ်​တော်​သည်​ကြွ​လာ​တော်​မူ​၍ ရန်​ငြိမ်း​ခြင်း​ဆိုင်​ရာ​သ​တင်း​ကောင်း​ကို​ဟော​ပြော ကြေ​ညာ​တော်​မူ​၏။- လူ​မျိုး​ခြား​များ​နှင့်​ယု​ဒ​အ​မျိုး​သား​များ ဖြစ်​သည့်​ငါ​တို့​သည် ခ​ရစ်​တော်​အား​ဖြင့်​တစ် ပါး​တည်း​သော​ဝိ​ညာဉ်​တော်​ကို​အ​မှီ​ပြု​လျက် ခ​မည်း​တော်​၏​ရှေ့​တော်​သို့​ဝင်​ရောက်​ခွင့်​ရ​ရှိ ကြ​ပေ​သည်။ သို့​ဖြစ်​၍​သင်​တို့​သည်​လူ​မျိုး​ခြား​မ​ဟုတ်၊ သူ စိမ်း​တစ်​ရံ​ဆံ​လည်း​မ​ဟုတ်​ကြ​တော့​ပေ။ သင်​တို့ သည်​ဘု​ရား​သ​ခင်​၏​လူ​စု​တော်​နှင့်​အ​တူ​ပြည် တော်​သား​များ၊ ကိုယ်​တော်​၏​အိမ်​ထောင်​စု​သား များ​ဖြစ်​ကြ​လေ​ပြီ။- သင်​တို့​သည်​လည်း​တ​မန်​တော်​များ​နှင့်​ပ​ရော​ဖက် များ​ချ​မှတ်​ခဲ့​သည့်​တိုက်​မြစ်​အ​ပေါ်​တွင်​တည် ဆောက်​လျက်​ရှိ​သည့်​အ​ဆောက်​အ​အုံ​ဖြစ်​ကြ​၏။ ထို​အ​ဆောက်​အ​အုံ​၏​အ​ရေး​အ​ကြီး​ဆုံး​သော ထောင့်​ချုပ်​ကျောက်​ကား​ခ​ရစ်​တော်​ယေ​ရှု​ပင်​ဖြစ် သ​တည်း။- ကိုယ်​တော်​သည်​ဤ​အ​ဆောက်​အ​အုံ​တစ်​ခု​ကို တည်​မြဲ​ခိုင်​ခံ့​ကြီး​ပွား​တိုး​တက်​စေ​သ​ဖြင့် ယင်း​သည်​သ​ခင်​ဘု​ရား​အား​ဆက်​ကပ်​ထား သော​ဗိ​မာန်​တော်​ဖြစ်​လာ​လေ​သည်။- သင်​တို့​သည်​လည်း​ခ​ရစ်​တော်​နှင့်​တစ်​လုံး​တစ် ဝ​တည်း​ဖြစ်​လျက် အ​ခြား​သူ​အ​ပေါင်း​တို့​နှင့် အ​တူ​တည်​ဆောက်​ခြင်း​ကို​ခံ​သ​ဖြင့်​ဝိ​ညာဉ် တော်​အား​ဖြင့် ဘု​ရား​သ​ခင်​ကျိန်း​ဝပ်​တော် မူ​ရာ​ဌာ​န​တော်​ဖြစ်​လာ​ကြ​ပေ​သည်။

ဧဖက် 2:14-22 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

အကြောင်းမူကား ကိုယ်တော်​သည် ငါ​တို့​၏​သင့်မြတ်​ငြိမ်းချမ်း​ခြင်း​အကြောင်း​ဖြစ်​တော်မူ​၍ ငါ​တို့​နှစ်မျိုးစလုံး​ကို တစ်မျိုးတည်း​ဖြစ်​စေ​ပြီး ပိုင်းခြား​သော​ရန်ငြိုး​တံတိုင်း​ကို ဖြိုဖျက်​ကာ စည်းမျဉ်း​များ​ပါ​သည့် ပညတ်​ချက်​တို့​နှင့်ဆိုင်သော​ပညတ်​တရား​ကို မိမိ​ကိုယ်ခန္ဓာ​တော်​အားဖြင့် ပယ်ဖျက်​တော်မူ​၏။ ဤသည်ကား လူ​နှစ်​မျိုး​ကို မိမိ​၌ တစ်မျိုးတည်း​သော​လူ​သစ်​အဖြစ် ဖန်ဆင်း​လျက် သင့်မြတ်​ငြိမ်းချမ်း​ခြင်း​ကို​ဖြစ်​စေ​ကာ လက်ဝါးကပ်တိုင်​တွင် ရန်ငြိုး​ကို​သုတ်သင်​ပြီး လက်ဝါးကပ်တိုင်​အားဖြင့် ငါ​တို့​နှစ်မျိုးစလုံး​ကို ကိုယ်ခန္ဓာ​တစ်ခုတည်း​၌ ဘုရားသခင်​နှင့်​ပြန်လည်​သင့်မြတ်​စေရန်​ဖြစ်​၏။ ထို့နောက် ကိုယ်တော်​သည် ကြွလာ​တော်မူ​၍ အဝေး​၌​ရှိ​သော​သင်​တို့​ကို​လည်းကောင်း၊ အနီး​၌​ရှိ​သော​သူ​တို့​ကို​လည်းကောင်း သင့်မြတ်​ငြိမ်းချမ်း​ခြင်း​နှင့်ဆိုင်သည့် ကောင်းမြတ်​သော​သတင်း​ကို​ဟောပြော​တော်မူ​၏။ ဤသို့ဖြင့် ငါ​တို့​နှစ်မျိုးစလုံး​သည် ဝိညာဉ်​တော်​တစ်ပါးတည်း​၌ ခမည်းတော်​ထံသို့​တိုးဝင်​ခွင့်​ကို ကိုယ်တော်​အားဖြင့်​ရရှိ​ကြ​၏။ ထို့ကြောင့် သင်​တို့​သည် လူမျိုးခြား​များ​နှင့်​သူစိမ်း​ဧည့်သည်​များ​မ​ဟုတ်​တော့​ဘဲ သန့်ရှင်း​သူ​တို့​နှင့်​တစ်​မျိုးသား​တည်း​ဖြစ်​ကြ​ပြီး ဘုရားသခင်​၏​အိမ်သူအိမ်သား​များ​ဖြစ်​ကြ​၏။ သင်​တို့​သည် တမန်တော်​များ​နှင့်​ပရောဖက်​များ​၏​အုတ်မြစ်​ပေါ်တွင် တည်ဆောက်​ခြင်း​ခံရ​ကြ​၍ ခရစ်တော်​ယေရှု​ကိုယ်တော်​တိုင် ထောင့်ချုပ်​ကျောက်​ဖြစ်​တော်မူ​၏။ ထို​ထောင့်ချုပ်​ကျောက်​အားဖြင့် အဆောက်အအုံ​တစ်ခုလုံး​သည် အံဝင်ခွင်ကျ​ဆက်စပ်​လျက် သခင်​ဘုရား​၌ သန့်ရှင်း​သော​ဗိမာန်​တော်​အဖြစ်​သို့ တိုးပွား​လေ​၏။ သင်​တို့​သည်​လည်း ဝိညာဉ်​တော်​အားဖြင့် ဘုရားသခင်​ကိန်းဝပ်​တော်မူ​ရာ​အဖြစ်​သို့ ထို​သခင်​၌ အတူတကွ​တည်ဆောက်​ခြင်း​ခံရ​ကြ​၏။