YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဧဖက် 1:8-10

ဧဖက် 1:7-10 Judson Bible (JBMLE)

ခပ်​သိမ်း​သော သ​တိ​ပ​ညာ​တော်​နှင့်​လျော်​စွာ ငါ​တို့၌ အ​တိုင်း​ထက်​အ​လွန် များ​လှ​စွာ​သော ကျေး​ဇူး​တော်​သည် ကြွယ်​ဝ​ပြည့်​စုံ​သည်​နှင့်​အ​ညီ၊ ထို​သား​တော်၏​အ​သွေး​အား​ဖြင့် အ​ပြစ်​လွှတ်​တော်​မူ​ခြင်း​တည်း​ဟူ​သော ရွေး​နုတ်​တော်​မူ​ခြင်း​ကျေး​ဇူး​ကို ငါ​တို့​သည် ခံ​ရ​ကြ၏။- ဘု​ရား​သ​ခင်​သည် နှ​လုံး​သွင်း​တော်​မူ​သော စေ​တ​နာ​တော်​နှင့် လျော်​သော အ​လို​တော်၏ နက်​နဲ​သော​အ​ရာ​ကို ငါ​တို့​အား ပြ​တော်​မူ၏။- ထို​နက်​နဲ​သော​အ​ရာ​ဟူ​မူ​ကား၊ ကာ​လ​အ​ချိန်​စေ့​စုံ​ခြင်း၏ သာ​သ​နာ​တွင် ကောင်း​ကင်​ပေါ်၊ မြေ​ကြီး​ပေါ်​မှာ ရှိ​ရှိ​သ​မျှ​တို့​ကို​ပေါင်း၍ ခ​ရစ်​တော်၌ ချုပ်​ခြာ စေ​တော်​မူ​လိမ့်​သ​တည်း။

ဧဖက် 1:7-10 Common Language Bible (BCL)

ငါ​တို့​သည်​ခ​ရစ်​တော်​အ​သေ​ခံ​တော်​မူ​ခြင်း ကြောင့်၊ မိ​မိ​တို့​အ​ပြစ်​၏​အ​နှောင်​အ​ဖွဲ့​မှ​လွတ် မြောက်​ကြ​ရ​၏။ တစ်​နည်း​အား​ဖြင့်​အ​ပြစ်​ဖြေ လွှတ်​ခွင့်​ကို​ရ​ရှိ​ကြ​၏။ ငါ​တို့​အား​ဘု​ရား သ​ခင်​ဤ​ကဲ့​သို့​ရက်​ရော​စွာ​ချ​ပေး​တော်​မူ သည့်​ကျေး​ဇူး​တော်​သည်​အ​လွန်​ကြီး​မြတ် လှ​ပါ​သည်​တ​ကား။ ကိုယ်​တော်​သည်​ခပ်​သိမ်း သော​ဉာဏ်​ပ​ညာ​အ​သိ​ပ​ညာ​နှင့်​ကြွယ်​ဝ ပြည့်​စုံ​တော်​မူ​သည်​နှင့်​အ​ညီ၊- မိ​မိ​ရည်​ရွယ်​ချက်​အ​တိုင်း​ပြု​တော်​မူ​၏။ ခ​ရစ်​တော်​အား​ဖြင့်​နက်​နဲ​သော​အ​ကြံ အ​စည်​တော်​ကို​ငါ​တို့​အား​သိ​စေ​တော်​မူ​ပြီ။- ဤ​အ​ကြံ​အ​စည်​တော်​ကား​အ​ချိန်​တန်​သော အ​ခါ​ခ​ရစ်​တော်​အား​ဦး​စီး​ခေါင်း​ဆောင်​ပြု​စေ လျက် မိုး​မြေ​၌​ရှိ​သ​မျှ​သော​အ​ဖန်​ဆင်း​ခံ​တို့ ကို​စု​ပေါင်း​စေ​ရန်​ပင်​ဖြစ်​သ​တည်း။

ဧဖက် 1:8-10 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ဘုရားသခင်​သည် ထို​ကျေးဇူး​တော်​ကို ငါ​တို့​၌​ကြွယ်ဝ​ပြည့်စုံ​စေ​တော်မူ​၍ ခပ်သိမ်း​သော​ဉာဏ်ပညာ​နှင့်​အသိပညာ​အားဖြင့် ခရစ်တော်​၌​ကြံရွယ်​ထား​သည့် အလို​တော်​၏​လျှို့ဝှက်​နက်နဲ​သော​အရာ​ကို မိမိ​စေတနာ​တော်​အတိုင်း ငါ​တို့​အား​သိ​စေ​တော်မူ​၏။ ထို​နက်နဲ​သော​အရာ​ဟူမူကား အချိန်အခါ​များ​ပြည့်စုံ​သောအခါ ကောင်းကင်​ဘုံ​၌​ရှိ​သော​အရာ​များ​ဖြစ်စေ၊ မြေကြီး​ပေါ်၌​ရှိ​သော​အရာ​များ​ဖြစ်စေ၊ အရာ​ခပ်သိမ်း​တို့​ကို ခရစ်တော်​၌​ပေါင်းစည်း​စေရန် စီမံ​ခန့်ခွဲ​တော်မူ​ခြင်း​ဖြစ်​၏။