YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဧဖက် 1:20-23

ဧဖက် 1:20-23 Judson Bible (JBMLE)

ထို​တန်​ခိုး​တော်​ကား၊ ခ​ရစ်​တော်​ကို သေ​ခြင်း​မှ​ထ​မြောက်​စေ​တော်​မူ၍ ခ​ရစ်​တော်၌​ပြု​ပြင်​သော မ​ဟာ​တန်​ခိုး အာ​နု​ဘော်​အ​ရှိန်​ကဲ့​သို့​ဖြစ်၏။- ခပ်​သိမ်း​သော အ​ထွတ်​အ​မြတ်၊ အာ​ဏာ​စက်၊ တန်​ခိုး၊ အ​စိုး​ရ​ခြင်း​မှ​စ၍ ယ​ခု​ဘ​ဝ​နောင်​ဘ​ဝ၌ ခေါ်​ဝေါ်​သ​မုတ်​သော ဘွဲ့​နာ​မ​အ​လုံး​စုံ​တို့​အ​ထက်၊ ကောင်း​ကင်​အ​ရပ်၌ မိ​မိ​လက်​ယာ​တော်​ဘက်​မှာ အ​လွန်​မြင့်​မြတ်​သော​နေ​ရာ​ကို ခ​ရစ်​တော်​အား ပေး​တော်​မူ၍၊- ခြေ​ဖ​ဝါး​တော်​အောက်​သို့ အ​လုံး​စုံ​တို့​ကို ချ​ထား​သ​ဖြင့်၊ အ​သင်း​တော်​အ​ဖို့​အ​လို​ငှာ၊ သူ့​ကို​အ​လုံး​စုံ​တို့၏ အ​ချုပ်​အ​ခြာ ဦး​ခေါင်း​ဖြစ်​စေ​တော်​မူ၏။- ထို​အ​သင်း​တော်​ကား၊ အ​လုံး​စုံ​တို့​ကို အ​လုံး​စုံ​တို့​နှင့် ပြည့်​စုံ​စေ​တော်​မူ​သော​သူ၏ ပြည့်​စုံ​ခြင်း​တည်း​ဟူ​သော ခ​ရစ်​တော်၏​ကိုယ် ဖြစ်​သ​တည်း။

ဧဖက် 1:20-23 Common Language Bible (BCL)

ခ​ရစ်​တော်​ကို​သေ​ခြင်း​မှ​ရှင်​ပြန်​ထ​မြောက် စေ​တော်​မူ​၍ ကောင်း​ကင်​လော​က​တွင်​မိ​မိ ၏​လက်​ယာ​တော်​ဘက်​၌​စံ​မြန်း​စေ​တော် မူ​သော​အ​ခါ​က ဘု​ရား​သ​ခင်​အ​သုံး​ပြု တော်​မူ​ခဲ့​သည့်​တန်​ခိုး​တော်​ပင်​ဖြစ်​သ​တည်း။- ထို​ကောင်း​ကင်​လော​က​တွင်​ခ​ရစ်​တော်​သည် ကောင်း​ကင်​လော​က​ကို​အ​စိုး​ရ​သူ​များ၊ အာ ဏာ​ပိုင်​များ၊ တန်​ခိုး​ရှင်​များ​နှင့်​အ​ရှင်​သ​ခင် အ​ပေါင်း​တို့​၏​အ​ထွတ်​အ​ထိပ်​အ​ဖြစ်​ဖြင့် အုပ်​စိုး​တော်​မူ​၏။ ကိုယ်​တော်​၏​နာ​မ​တော် သည်​မျက်​မှောက်​လော​က​နှင့်​အ​နာ​ဂတ် လော​က​၌ ခေါ်​ဝေါ်​သ​မုတ်​နိုင်​သော​အ​ထွတ် အ​ထိပ်​ဘွဲ့​နာ​မ​အ​ပေါင်း​တို့​ထက်​ကြီး မြတ်​တော်​မူ​ပေ​သည်။- ဘု​ရား​သ​ခင်​သည်​ခပ်သိမ်း​သော​အ​ရာ​တို့​ကို ခ​ရစ်​တော်​၏​ခြေ​ဖ​ဝါး​တော်​အောက်​တွင်​ချ ထား​၍ ကိုယ်​တော်​အား​အ​သင်း​တော်​အ​ဖို့ အ​ထွတ်​အ​ထိပ်​အ​ရှင်​သ​ခင်​အ​ဖြစ်​ဖြင့် ခန့်​ထား​တော်​မူ​၏။- ထို​အ​သင်း​တော်​ကား​အ​လုံး​စုံ​တို့​ကို​ပြည့်​ဝ စုံ​လင်​စေ​တော်​မူ​သော​သူ​ပြည့်​ဝ​စုံ​လင်​ခြင်း တည်း​ဟူ​သော​ခ​ရစ်​တော်​၏​ကိုယ်​ခန္ဓာ​ဖြစ် သတည်း။

ဧဖက် 1:20-23 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ဘုရားသခင်​သည် ထို​အစွမ်းသတ္တိ​နှင့်​တန်ခိုး​အရှိန်အဝါ​တို့​ကို ခရစ်တော်​ထဲ၌ သက်ဝင်​လှုပ်ရှား​စေ​တော်မူ​၍ ခရစ်တော်​ကို သေ​သော​သူ​တို့​ထဲမှ ထမြောက်​စေ​ကာ ခပ်သိမ်း​သော အုပ်ချုပ်မှု၊ အာဏာစက်၊ တန်ခိုး၊ စိုးပိုင်ခွင့်​နှင့် မျက်မှောက်​ကာလ​၌​သာမက တမလွန်​ကာလ​၌​လည်း ခေါ်ဝေါ်​သမုတ်​ခြင်း​ခံရ​သည့် ဘွဲ့​နာမ​ရှိသမျှ​တို့​၏​အပေါ် အထက်​ကောင်းကင်​အရပ်​၌ မိမိ​၏​လက်ယာ​တော်​ဘက်​တွင် ထိုင်​စေ​တော်မူ​၏။ အရာ​ခပ်သိမ်း​တို့​ကို​လည်း ခရစ်တော်​၏​ခြေ​တော်​အောက်၌ ချ​ထား​၍ ကိုယ်တော်​ကို အရာ​ခပ်သိမ်း​တို့​အပေါ် ဦးခေါင်း​ဖြစ်​စေ​ပြီး အသင်းတော်​အား​ပေး​တော်မူ​၏။ ထို​အသင်းတော်​သည် အလုံးစုံ​တို့​ကို အလုံးစုံ​တို့​၌ ပြည့်စုံ​စေ​တော်မူ​သော​အရှင်​၏​ပြည့်စုံ​ခြင်း​တည်းဟူသော ခရစ်တော်​၏​ကိုယ်ခန္ဓာ​တော်​ဖြစ်​၏။