YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဧဖက် 1:17-19

ဧဖက် 1:17-19 Judson Bible (JBMLE)

ဆု​တောင်း​သော​အ​ချက်​ဟူ​မူ​ကား၊ ငါ​တို့​သ​ခင် ယေ​ရှု​ခ​ရစ်၏ ဘု​ရား​သ​ခင်​ဖြစ်​တော်​မူ​သော ဘုန်း​ကြီး​သော အ​ဘ​ခ​မည်း​တော်​သည် ကိုယ်​တော်​မြတ်​ကို သိ​ခြင်း​အ​လို​ငှာ ပ​ညာ​ကို​လည်း​ကောင်း၊ ထိုး​ထွင်း​သော​ဉာဏ်​ကို​လည်း​ကောင်း၊ သင်​တို့​အား ပေး​ပါ​မည်​အ​ကြောင်း၊- ခေါ်​တော်​မူ​သော​ကြောင့် မျှော်​လ​င့်​ရ​သော​အ​ရာ​ကား အ​ဘယ်​အ​ရာ​ဖြစ်​သည်​ကို​လည်း​ကောင်း၊ သန့်​ရှင်း​သူ​တို့​သည် ခံ​ရ​သော​အ​မွေ​တော်၏ ဘုန်း​စည်း​စိမ်​ကား အ​ဘယ်​မျှ​လောက် ကြီး​သည်​ကို​လည်း​ကောင်း၊- ယုံ​ကြည်​သော​ငါ​တို့၌ ပြ​တော်​မူ​သော အ​လွန်​ကြီး​လှ​စွာ​သော တန်​ခိုး​တော်​ကား အ​ဘယ်​မျှ​လောက် ကြီး​သည်​ကို​လည်း​ကောင်း၊ သင်​တို့​သည်​သိ​စေ​ခြင်း​ငှာ၊ သင်​တို့၏ ဉာဏ်​မျက်​စိ​ကို လင်း​စေ​ပါ​မည်​အ​ကြောင်း ဆု​တောင်း ပ​တ္ထ​နာ​ပြု၏။

ဧဖက် 1:17-19 Common Language Bible (BCL)

သင်​တို့​သည်​ဘု​ရား​သ​ခင်​ကို​သိ​ကျွမ်း​ခြင်း အ​လို့​ငှာ​သင်​တို့​အား​ဉာဏ်​ပ​ညာ​ကို​ပေး​၍ ဘု​ရား​သ​ခင်​ကို​ပေါ်​လွင်​ထင်​ရှား​စေ​မည့် ဝိ​ညာဉ်​တော်​ကို​သင်​တို့​ရ​ရှိ​ကြ​စေ​ရန် ငါ တို့​သ​ခင်​ယေ​ရှု​ခ​ရစ်​၏​ဘု​ရား​သ​ခင်၊ ဘုန်း​ကြီး​သော​အ​ဖ​ခ​မည်း​တော်​ထံ​ငါ လျှောက်​ထား​၏။- ကိုယ်​တော်​သည်​သင်​တို့​အား​အ​ဘယ်​သို့​သော အ​ရာ​ကို​မျှော်​လင့်​ကြ​စေ​ရန်​ခေါ်​ယူ​တော် မူ​သည်​ကို​လည်း​ကောင်း၊ ကိုယ်​တော်​၏​လူ​စု တော်​အား​က​တိ​ထား​တော်​မူ​သော​အံ့​သြ ဖွယ်​ရာ​ကောင်း​ချီး​မင်္ဂ​လာ​များ​မှာ အ​ဘယ် မျှ​များ​ပြား​သည်​ကို​လည်း​ကောင်း၊ ယုံ​ကြည် သူ​ငါ​တို့​အ​တွင်း​၌​လုပ်​ဆောင်​လျက်​ရှိ သော​တန်​ခိုး​တော်​သည်​အ​ဘယ်​မျှ​ကြီး မား​သည်​ကို​လည်း​ကောင်း သင်​တို့​သိ​မြင် ကြ​စေ​ရန်​သင်​တို့​၏​ဉာဏ်​မျက်​စိ​ကို​ပွင့် လင်း​စေ​တော်​မူ​ပါ​မည့်​အ​ကြောင်း ငါ​သည် ဆု​တောင်း​ပတ္ထ​နာ​ပြု​၏။ ငါ​တို့​အ​တွင်း ၌​လုပ်​ဆောင်​လျက်​ရှိ​သည့်​တန်​ခိုး​တော် ကား၊

ဧဖက် 1:17-19 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ငါ​တို့​သခင်​ယေရှု​ခရစ်တော်​၏​ဘုရားသခင်​တည်းဟူသော ဘုန်း​အသရေ​နှင့်​ပြည့်စုံ​တော်မူ​သည့်​ခမည်းတော်​သည် မိမိ​ကို​သိရှိ​စေရန် ဉာဏ်ပညာ​နှင့်​ဗျာဒိတ်​တော်​ဆိုင်ရာ​ဝိညာဉ်​ကို သင်​တို့​အား ပေး​တော်မူ​မည့်​အကြောင်း​နှင့် ဘုရားသခင်​သည် သင်​တို့​၏​စိတ်နှလုံး​မျက်စိ​ကို ပွင့်လင်း​စေ​၍ ခေါ်ယူ​တော်မူ​ခြင်း​နှင့်ဆိုင်သော မျှော်လင့်​ခြင်း​သည် မည်သည့်​အရာ​ဖြစ်​သည်​ကို​လည်းကောင်း၊ သန့်ရှင်း​သူ​တို့​ခံရ​မည့်​အမွေ​တော်​သည် ဘုန်း​အသရေ​နှင့် မည်မျှ​ကြွယ်ဝ​သည်​ကို​လည်းကောင်း၊ ကိုယ်တော်​၏​အစွမ်းသတ္တိ​နှင့်​ပြည့်စုံ​သော တန်ခိုး​အရှိန်အဝါ​၏​လုပ်ဆောင်​မှု​အားဖြင့် ယုံကြည်​သော​ငါ​တို့​အပေါ်​သက်ရောက်​သည့် ကိုယ်တော်​၏​တန်ခိုး​သည် မည်မျှ​ထူးကဲ​ကြီးမား​သည်​ကို​လည်းကောင်း သင်​တို့​အား​သိ​စေ​မည့်​အကြောင်း တောင်းလျှောက်​၏။