YouVersion လိုဂို
ရှာရန် အိုင်ကွန်

တရားဟောရာ 8:11-16

တရားဟောရာ 8:11-16 Judson Bible (JBMLE)

ယ​နေ့​ငါ​ဆင့်​ဆို​သော စီ​ရင်​ထုံး​ဖွဲ့​ချက်၊ ပ​ညတ်​တ​ရား​တော်​တို့​ကို သင်​သည်​မ​စောင့်၊ သင်၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ကို မေ့​လျော့​သော​အ​ပြစ်​ကို သ​တိ​နှင့်​ရှောင်​လော့။ သင်​သည်​ဝ​စွာ​စား၍ ကောင်း​သော​အိမ်​ကို ဆောက်​လျက်​နေ​ရ​စဉ်၊ သင်၏​သိုး​နွား၊ ရွှေ​ငွေ​အ​စ​ရှိ​သော ဥ​စ္စာ​မျိုး​များ​ပြား​စဉ်​အ​ခါ၊ သင်​သည် မာ​န​ထောင်​လွှား​ခြင်း​သို့ ရောက်၍၊ အ​ထက်​ကျွန်​ခံ​နေ​ရာ အဲ​ဂု​တ္တု​ပြည်​မှ ကယ်​နုတ်​ဆောင်​ယူ​ခဲ့​တော်​မူ​ထ​သော၊ မီး​မြွေ၊ ကင်း​မြီး​ကောက်​များ၍၊ ရေ​မ​ရှိ၊ အ​ငတ်​ခံ​ရာ​အ​ရပ်၊ ကြောက်​မက်​ဖွယ်​သော တော​ကြီး​အ​လယ်၌ သင့်​ကို​ပို့​ဆောင်၍ မီး​ပါ​ကျောက်​ထဲ​က ရေ​ကို​ထွက်​စေ​တော်​မူ​ထ​သော၊ သင့်​ကို​နှိမ့်​ချ​စုံ​စမ်း၍၊ နောက်​ဆုံး၌​ကျေး​ဇူး​ပြု​လို​သော​ငှာ၊ သင်၏ ဘိုး​ဘေး​မ​သိ​ဖူး​သော မ​န္န​နှင့် တော၌​ကျွေး​မွေး​တော်​မူ​သော သင်၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ကို မေ့​လျော့၍၊

တရားဟောရာ 8:11-16 Common Language Bible (BCL)

``သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ကို မ​မေ့​ရန်​သ​တိ​ပြု​လော့။ ယ​နေ့​သင်​တို့​အား ငါ​ပေး​သော​ပ​ညတ်​တော်​ရှိ​သ​မျှ​ကို​လိုက် နာ​ရန်​မ​မေ့​နှင့်။- ဝ​စွာ​စား​ရ​လျက်​အိမ်​ကြီး​အိမ်​ကောင်း​များ ဆောက်​လျက် နေ​ထိုင်​ရ​သည့်​အ​ခါ​၌​လည်း ကောင်း၊- သိုး၊ နွား၊ ရွှေ၊ ငွေ​မှ​စ​၍​ပစ္စည်း​ဥစ္စာ​တိုး​ပွား လာ​သည့်​အ​ခါ​၌​လည်း​ကောင်း၊- သင်​တို့​သည်​မာ​န​ထောင်​လွှား​၍​သင်​တို့​အား ကျွန်​ခံ​ရာ​အီ​ဂျစ်​ပြည်​မှ​ကယ်​ဆယ်​ခဲ့​သော သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ကို​မ​မေ့​ရန်​သ​တိ​ပြု​ကြ​လော့။- ကိုယ်​တော်​သည်​သင်​တို့​အား​မြွေ​ဆိုး​နှင့်​ကင်း​မီး ကောက်​ပေါ​၍ ကျယ်​ဝန်း​ကြောက်​မက်​ဖွယ်​ကောင်း သော​တော​ကန္တာ​ရ​ကို​ဖြတ်​သန်း​ပို့​ဆောင်​တော် မူ​ခဲ့​၏။ ခြောက်​သွေ့​၍​ရေ​မ​ရှိ​သော​အ​ရပ်​တွင် ကိုယ်​တော်​သည်​ကျောက်​ဆောင်​မှ​ရေ​ကို​ထွက်​စေ တော်​မူ​၏။- တော​ကန္တာ​ရ​ထဲ​တွင်​သင်​တို့​၏​ဘိုး​ဘေး​များ​မ​စား ဘူး​သော​မန္န​မုန့်​ကို​ကျွေး​တော်​မူ​၏။ နောက်​ဆုံး​၌ သင်​တို့​ကောင်း​ချီး​ခံ​စား​ရ​စေ​ရန် သင်​တို့​အား ဆင်းရဲ​ဒုက္ခ​ရောက်​စေ​တော်​မူ​၏။ ထို​သို့​ဆင်း​ရဲ​ဒုက္ခ ရောက်​စေ​ရ​ခြင်း​အ​ကြောင်း​မှာ သင်​တို့​ကို​စစ် ဆေး​ရန်​ဖြစ်​၏။

တရားဟောရာ 8:11-16 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ယနေ့ သင့်​အား ငါ​ဆင့်ဆို​သော သင်​၏​ဘုရားသခင်​ထာဝရဘုရား​၏​ပညတ်ချက်​များ​၊ စီရင်ထုံးဖွဲ့ချက်​များ​၊ ပြဋ္ဌာန်းချက်​များ​ကို မ​စောင့်ထိန်း​ဘဲ ကိုယ်တော်​အား မေ့လျော့​မည်​ကို သင့်ကိုယ်သင်​သတိပြု​လော့​။ သို့မဟုတ်လျှင် သင်​သည် ဝလင်​စွာ​စား​ရ​သောအခါ​၌​လည်းကောင်း​၊ အိမ်ကြီးအိမ်ကောင်း​များ​ကို​တည်ဆောက်​၍ နေထိုင်​သောအခါ​၌​လည်းကောင်း​၊ သင်​၏​နွား​၊ သင်​၏​သိုးဆိတ် ပွားများ​သောအခါ​၌​လည်းကောင်း​၊ သင်​၌ ရွှေ​၊ ငွေ​များပြား​သောအခါ​၌​လည်းကောင်း​၊ သင်​ပိုင်ဆိုင်​သော​အရာ​ရှိသမျှ တိုးပွား​သောအခါ​၌​လည်းကောင်း​၊ သင်​သည် မာနထောင်လွှား​၍ ကျွန်ခံရာ​အိမ်​အီဂျစ်​ပြည်​မှ သင့်​ကို​ထုတ်ဆောင်​တော်မူ​ခဲ့​သော​အရှင်​၊ မီးမြွေ​နှင့်​ကင်းမြီးကောက်​ပေါများ​သော​အရပ်​၊ ရေ​မ​ရှိ​ဘဲ ခြောက်သွေ့​သော​အရပ်​၊ ကြောက်မက်​ဖွယ်​ကောင်း​သော တောကန္တာရ​ကြီး​၌ သင့်​ကို​ပို့ဆောင်​တော်မူ​သော​အရှင်​၊ သင့်​အတွက် ရေ​ကို မီးခတ်​ကျောက်​ထဲမှ​ထွက်​စေ​တော်မူ​သော​အရှင်​၊ သင့်​ဘိုးဘေး​တို့​မ​သိ​သော​မန္နမုန့်​ဖြင့် တောကန္တာရ​၌ သင့်​ကို​ကျွေးမွေး​တော်မူ​သော​အရှင်​၊ နောက်ဆုံး​၌ သင့်​ကို​ကောင်းစား​စေ​မည့်​အကြောင်း သင့်​ကို​နှိမ့်ချ​ခြင်း​ဖြင့် စမ်းသပ်​တော်မူ​ခဲ့​သော​အရှင်​ဖြစ်​တော်မူ​သည့် သင်​၏​ဘုရားသခင်​ထာဝရဘုရား​ကို သင်​မေ့လျော့​လိမ့်မည်​။