YouVersion လိုဂို
ရှာရန် အိုင်ကွန်

တရားဟောရာ 8:1-20

တရားဟောရာ 8:1-20 Judson Bible (JBMLE)

သင်​သည် အ​သက်​ရှင်၍ များ​ပြား​မည်​အ​ကြောင်း၊ ထာ​ဝ​ရ​ဘု​ရား​သည် သင်၏​ဘိုး​ဘေး​တို့​အား ကျိန်​ဆို​တော်​မူ​သော​ပြည်​သို့​သွား၍ ဝင်​စား​မည်​အ​ကြောင်း၊ ယ​နေ့ ငါ​မှာ​ထား​သော ပ​ညတ်​အ​လုံး​စုံ​တို့​ကို ကျင့်​ဆောင်​အံ့​သော​ငှာ သ​တိ​ပြု​ရ​မည်။ သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် သင့်​ကို​နှိမ့်​ချ​စုံ​စမ်း၍၊ ပ​ညတ်​တော်​တို့​ကို ကျင့်​ချင်​သော​စိတ်​ရှိ​သည် မ​ရှိ​သည်​ကို သိ​မည်​အ​ကြောင်း၊ လွန်​ခဲ့​ပြီး​သော အ​နှစ်​လေး​ဆယ်​ပတ်​လုံး တော၌​ပို့​ဆောင်​တော်​မူ​သော လမ်း​ခ​ရီး​တစ်​လျှောက်​လုံး​ကို အောက်​မေ့​ရ​မည်။ ထို​သို့ သင့်​ကို​နှိမ့်​ချ၍ အ​ငတ်​အ​မွတ်​ခံ​စေ​တော်​မူ​သော​အ​ခါ၊ သင်​သည် ကိုယ်​တိုင်​မ​သိ၊ သင်၏​ဘိုး​ဘေး​မ​သိ​ဖူး​သော မ​န္န​နှင့် ကျွေး​မွေး​တော်​မူ​သ​ဖြင့်၊ လူ​သည် မုန့်​အား​ဖြင့်​သာ အ​သက်​ကို​မွေး​ရ​သည်​မ​ဟုတ်။ ဘု​ရား​သ​ခင်​မိန့်​တော်​မူ​သ​မျှ​အား​ဖြင့် အ​သက်​မွေး​ရ​သည်​ကို သိ​စေ​တော်​မူ၏။ လွန်​ခဲ့​ပြီး​သော​အ​နှစ်​လေး​ဆယ်​ပတ်​လုံး သင်​ဝတ်​သော​အ​ဝတ် မ​ဟောင်း​မ​နွမ်း၊ သင့်​ခြေ​လည်း မ​ပွန်း​မ​ရောင်။ အ​ဘ​သည် သား​ကို​ဆုံး​မ​သ​ကဲ့​သို့၊ သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် သင့်​အား​ဆုံး​မ​တော်​မူ​သည်​ကို စိတ်​ထဲ​မှာ​အောက်​မေ့​ရ​မည်။ သို့​ဖြစ်၍ သင်၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား စီ​ရင်​တော်​မူ​သော​လမ်း​သို့ လိုက်၍၊ ကိုယ်​တော်​ကို​ကြောက်​ရွံ့​သ​ဖြင့် ပ​ညတ်​တော်​တို့​ကို စောင့်​ရှောက်​ရ​မည်။ အ​ကြောင်း​မူ​ကား၊ သင်၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် ကောင်း​သော​ပြည်၊ ချိုင့်​ထဲ၊ တောင်​ထဲ​က​ပေါက်​သော​မြစ်၊ ချောင်း၊ စမ်း​ရေ​တွင်း၊ ရေ​ကန်​များ​နှင့် ပြည့်​စုံ​သော​ပြည်၊ ဂျုံ၊ မု​ယော၊ စ​ပျစ်​ပင်၊ သင်္ဘော​သ​ဖန်း​ပင်၊ သ​လဲ​ပင်​နှင့် ပြည့်​စုံ​သော​ပြည်၊ သံ​လွင်​ဆီ၊ ပျား​ရည်​နှင့်​ပြည့်​စုံ​သော​ပြည်၊ ဘာ​မျှ​မ​လို​ဘဲ ဝ​စွာ​စား​ရ​သော​ပြည်၊ သံ​ကျောက်​နှင့်​ပြည့်​စုံ၍၊ တောင်​ထဲ​က​ကြေး​နီ​ကို တူး​ရ​သော​ပြည်​သို့ သင့်​ကို​ဆောင်​သွား​တော်​မူ၏။ ထို​ကောင်း​မွန်​သော​ပြည်​ကို ပေး​သ​နား​တော်​မူ​သည်​ဖြစ်၍၊ သင်​သည် ဝ​စွာ​စား​ရ​သော​အ​ခါ၊ သင်၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား၏ ဂုဏ်​ကျေး​ဇူး​တော်​ကို ချီး​မွမ်း​ရ​မည်။ ယ​နေ့​ငါ​ဆင့်​ဆို​သော စီ​ရင်​ထုံး​ဖွဲ့​ချက်၊ ပ​ညတ်​တ​ရား​တော်​တို့​ကို သင်​သည်​မ​စောင့်၊ သင်၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ကို မေ့​လျော့​သော​အ​ပြစ်​ကို သ​တိ​နှင့်​ရှောင်​လော့။ သင်​သည်​ဝ​စွာ​စား၍ ကောင်း​သော​အိမ်​ကို ဆောက်​လျက်​နေ​ရ​စဉ်၊ သင်၏​သိုး​နွား၊ ရွှေ​ငွေ​အ​စ​ရှိ​သော ဥ​စ္စာ​မျိုး​များ​ပြား​စဉ်​အ​ခါ၊ သင်​သည် မာ​န​ထောင်​လွှား​ခြင်း​သို့ ရောက်၍၊ အ​ထက်​ကျွန်​ခံ​နေ​ရာ အဲ​ဂု​တ္တု​ပြည်​မှ ကယ်​နုတ်​ဆောင်​ယူ​ခဲ့​တော်​မူ​ထ​သော၊ မီး​မြွေ၊ ကင်း​မြီး​ကောက်​များ၍၊ ရေ​မ​ရှိ၊ အ​ငတ်​ခံ​ရာ​အ​ရပ်၊ ကြောက်​မက်​ဖွယ်​သော တော​ကြီး​အ​လယ်၌ သင့်​ကို​ပို့​ဆောင်၍ မီး​ပါ​ကျောက်​ထဲ​က ရေ​ကို​ထွက်​စေ​တော်​မူ​ထ​သော၊ သင့်​ကို​နှိမ့်​ချ​စုံ​စမ်း၍၊ နောက်​ဆုံး၌​ကျေး​ဇူး​ပြု​လို​သော​ငှာ၊ သင်၏ ဘိုး​ဘေး​မ​သိ​ဖူး​သော မ​န္န​နှင့် တော၌​ကျွေး​မွေး​တော်​မူ​သော သင်၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ကို မေ့​လျော့၍၊ ငါ့​တန်​ခိုး၊ ငါ့​လက်​သ​တ္တိ​အား​ဖြင့် ဤ​စည်း​စိမ်​ကို​ငါ​ရ​တတ်​သည်​ဟု စိတ်​ထဲ​မှာ အောက်​မေ့​ခြင်း​အ​ပြစ်​ကို သ​တိ​နှင့်​ကြဉ်​ရှောင်​လော့။ သင်၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ကို​သာ အောက်​မေ့​ရ​မည်။ အ​ကြောင်း​မူ​ကား၊ သင်၏​ဘိုး​ဘေး​တို့​အား ကျိန်​ဆို​တော်​မူ​သော ပ​ဋိ​ညာဉ်​တ​ရား​တော်​ကို ယ​နေ့​ကဲ့​သို့ တည်​စေ​လို​သော​ငှာ၊ စည်း​စိမ်​ရ​တတ်​သော အ​စွမ်း​သ​တ္တိ​ကို ဘု​ရား​သ​ခင်​ပေး​တော်​မူ၏။ သင်၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ကို သင်​သည်​မေ့​လျော့​သ​ဖြင့်၊ အ​ခြား​တစ်​ပါး​သော​ဘု​ရား​တို့​ကို ဆည်း​ကပ်၍ ဝတ်​ပြု​ကိုး​ကွယ်​လျှင်၊ ပျက်​စီး​ခြင်း​သို့ အ​မှန်​ရောက်​လိမ့်​မည်​ဟု ယ​နေ့​ငါ​သည် သင့်​တစ်​ဖက်၌​သက်​သေ​ခံ၏။ သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၏​စ​ကား​တော်​ကို နား​မ​ထောင်​သော​ကြောင့်၊ ထာ​ဝ​ရ​ဘု​ရား​သည် သင့်​ရှေ့​မှာ​ဖျက်​ဆီး​တော်​မူ​သော လူ​မျိုး​များ​ကဲ့​သို့၊ ထို​နည်း​တူ သင်​သည် ပျက်​စီး​ခြင်း​သို့​ရောက်​ရ​လိမ့်​မည်။

တရားဟောရာ 8:1-20 Common Language Bible (BCL)

``သင်​တို့​သည်​အ​သက်​ရှင်​၍​တိုး​ပွား​များ​ပြား လျက် သင်​တို့​၏​ဘိုး​ဘေး​တို့​အား ထာ​ဝ​ရ​ဘု​ရား က​တိ​ထား​တော်​မူ​သော​ပြည်​ကို​သိမ်း​ပိုက်​နေ ထိုင်​နိုင်​ခြင်း​အ​လို့​ငှာ ယ​နေ့​ငါ​ပေး​သော​ပ​ညတ် ရှိ​သ​မျှ​ကို​လိုက်​နာ​ရန်​သ​တိ​ပြု​ကြ​လော့။- သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် လွန်​ခဲ့​သော​နှစ်​ပေါင်း​လေး​ဆယ်​ပတ်​လုံး သင်​တို့ အား​တော​ကန္တာ​ရ​ကို​ဖြတ်​၍​ပို့​ဆောင်​တော်​မူ ခဲ့​၏။ ထို​စဉ်​က​သင်​တို့​သည်​ပ​ညတ်​တော်​များ ကို လိုက်​နာ​လို​သော​စိတ်​ဆန္ဒ​ရှိ​သည်​မ​ရှိ​သည် ကို​စစ်​ဆေး​ရန် သင်​တို့​အား​ဆင်း​ရဲ​ဒုက္ခ​အ​မျိုး မျိုး​ရောက်​စေ​ခဲ့​ကြောင်း​ကို​သ​တိ​ရ​ကြ​လော့။- ကိုယ်​တော်​သည်​သင်​တို့​ကို​အ​စာ​ငတ်​စေ​တော် မူ​၏။ ထို့​နောက်​သင်​တို့​နှင့်​သင်​တို့​၏​ဘိုး​ဘေး များ​မ​စား​ဘူး​သော​မန္န​မုန့်​ကို​ကျွေး​တော်​မူ သည်။ ဤ​နည်း​အား​ဖြင့်​လူ​သည်​အ​စား​အ​စာ ကို​သာ​မှီ​ဝဲ​၍ အ​သက်​ရှင်​ရ​သည်​မ​ဟုတ်။ ထာ​ဝ​ရ ဘု​ရား​မိန့်​တော်​မူ​သ​မျှ​ကို​မှီ​ဝဲ​၍ အ​သက်​ရှင် ရ​မည်​ဖြစ်​ကြောင်း​သင်​တို့​အား​သွန်​သင်​တော် မူ​၏။- ထို​နှစ်​ပေါင်း​လေး​ဆယ်​ပတ်​လုံး​သင်​တို့​၏ အဝတ်​အင်္ကျီ​များ​မ​ဟောင်း​နွမ်း​ခဲ့​ရ။ သင်​တို့ ၏​ခြေ​ထောက်​များ​လည်း​မ​ရောင်​ခဲ့​ရ။- ဖ​ခင်​သည်​မိ​မိ​၏​သား​သ​မီး​များ​ကို​အ​ပြစ် ဒဏ်​ပေး​ဆုံး​မ​သ​ကဲ့​သို့ သင်​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​အား​ဆုံး​မ​သည် ကို​သိ​မှတ်​ကြ​လော့။- သို့​ဖြစ်​၍​သင်​တို့​အား ထာ​ဝ​ရ​ဘု​ရား​မိန့်​တော် မူ​သည်​အ​တိုင်း​နာ​ခံ​လော့။ ပ​ညတ်​တော်​များ ကို​လိုက်​နာ​၍ ကိုယ်​တော်​ကို​ကြောက်​ရွံ့​ရို​သေ ကြ​လော့။- သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​ကို​အစာ​ရေ​စာ​ပေါ​ကြွယ်​ဝ​သော​ပြည် သို့​ပို့​ဆောင်​လျက်​ရှိ​တော်​မူ​၏။ ထို​ပြည်​ရှိ​ချိုင့် ဝှမ်း​နှင့်​တောင်​ကုန်း​များ​တွင် မြစ်​များ၊ စမ်း​ပေါက် များ၊ မြေ​အောက်​စမ်း​များ​စီး​ထွက်​လျက်​ရှိ​လေ သည်။- ထို​ပြည်​တွင်​ဂျုံ၊ မု​ယော​စ​ပါး၊ စ​ပျစ်​သီး၊ သ​ဖန်း သီး၊ သ​လဲ​သီး၊ သံ​လွင်​သီး၊ ပျား​ရည်​စ​သည်​တို့ ပေါ​များ​သည်။- ထို​ပြည်​တွင်​အ​စား​အ​စာ​ပြတ်​လပ်​ခြင်း​မ​ရှိ​ရ။ အ​ဘယ်​အ​ရာ​ကို​မျှ​လို​လိမ့်​မည်​မ​ဟုတ်။ ကျောက် တောင်​မှ​သံ​ကို​လည်း​ကောင်း၊ တောင်​ကုန်း​များ​မှ ကြေး​နီ​ကို​လည်း​ကောင်း​တူး​ဖော်​ရ​ရှိ​နိုင်​လိမ့် မည်။- သင်​တို့​သည်​အ​စား​အ​စာ​ကို​ဝ​စွာ​စား​ရ​ကြ သ​ဖြင့် အ​စာ​ရေ​စာ​ပေါ​ကြွယ်​ဝ​သော​ပြည်​ကို ပေး​သ​နား​တော်​မူ​သော သင်​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​၏​ဂုဏ်​ကျေး​ဇူး​တော်​ကို​ချီး မွမ်း​ကြ​လိမ့်​မည်။'' ``သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ကို မ​မေ့​ရန်​သ​တိ​ပြု​လော့။ ယ​နေ့​သင်​တို့​အား ငါ​ပေး​သော​ပ​ညတ်​တော်​ရှိ​သ​မျှ​ကို​လိုက် နာ​ရန်​မ​မေ့​နှင့်။- ဝ​စွာ​စား​ရ​လျက်​အိမ်​ကြီး​အိမ်​ကောင်း​များ ဆောက်​လျက် နေ​ထိုင်​ရ​သည့်​အ​ခါ​၌​လည်း ကောင်း၊- သိုး၊ နွား၊ ရွှေ၊ ငွေ​မှ​စ​၍​ပစ္စည်း​ဥစ္စာ​တိုး​ပွား လာ​သည့်​အ​ခါ​၌​လည်း​ကောင်း၊- သင်​တို့​သည်​မာ​န​ထောင်​လွှား​၍​သင်​တို့​အား ကျွန်​ခံ​ရာ​အီ​ဂျစ်​ပြည်​မှ​ကယ်​ဆယ်​ခဲ့​သော သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ကို​မ​မေ့​ရန်​သ​တိ​ပြု​ကြ​လော့။- ကိုယ်​တော်​သည်​သင်​တို့​အား​မြွေ​ဆိုး​နှင့်​ကင်း​မီး ကောက်​ပေါ​၍ ကျယ်​ဝန်း​ကြောက်​မက်​ဖွယ်​ကောင်း သော​တော​ကန္တာ​ရ​ကို​ဖြတ်​သန်း​ပို့​ဆောင်​တော် မူ​ခဲ့​၏။ ခြောက်​သွေ့​၍​ရေ​မ​ရှိ​သော​အ​ရပ်​တွင် ကိုယ်​တော်​သည်​ကျောက်​ဆောင်​မှ​ရေ​ကို​ထွက်​စေ တော်​မူ​၏။- တော​ကန္တာ​ရ​ထဲ​တွင်​သင်​တို့​၏​ဘိုး​ဘေး​များ​မ​စား ဘူး​သော​မန္န​မုန့်​ကို​ကျွေး​တော်​မူ​၏။ နောက်​ဆုံး​၌ သင်​တို့​ကောင်း​ချီး​ခံ​စား​ရ​စေ​ရန် သင်​တို့​အား ဆင်းရဲ​ဒုက္ခ​ရောက်​စေ​တော်​မူ​၏။ ထို​သို့​ဆင်း​ရဲ​ဒုက္ခ ရောက်​စေ​ရ​ခြင်း​အ​ကြောင်း​မှာ သင်​တို့​ကို​စစ် ဆေး​ရန်​ဖြစ်​၏။- ထို့​ကြောင့်​သင်​တို့​၏​အစွမ်း​သတ္တိ​ဖြင့်​ပစ္စည်း​ဥစ္စာ ကြွယ်​ဝ​ချမ်း​သာ​လာ​သည်​ဟူ​၍​မ​ထင်​မ​မှတ် နှင့်။- သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘုရား​ပေး တော်​မူ​သော​အ​စွမ်း​သတ္တိ​ကြောင့်​သာ ပစ္စည်း​ဥစ္စာ ကြွယ်​ဝ​ချမ်း​သာ​လာ​ရ​ကြောင်း​သိ​မှတ်​လော့။ ယင်း​သို့​အ​စွမ်း​သတ္တိ​ပေး​တော်​မူ​ခြင်း​အ​ကြောင်း မှာ ကိုယ်​တော်​သည်​သင်​တို့​၏​ဘိုး​ဘေး​တို့​နှင့် ပြု​တော်​မူ​သော​ပ​ဋိ​ညာဉ်​ကို ယ​နေ့​တိုင်​အောင် တည်​စေ​လျက်​ရှိ​သော​ကြောင့်​တည်း။- သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ကို မေ့​လျော့​၍ အ​ခြား​သော​ဘု​ရား​များ​ကို​ဆည်း ကပ်​ဝတ်​ပြု​ခြင်း​မ​ပြု​နှင့်။ ထို​သို့​ပြု​လျှင်​သင် တို့​သည်​မု​ချ​ပျက်​စီး​ဆုံး​ပါး​ရ​မည်​ဖြစ် ကြောင်း သင်​တို့​အား​ငါ​ယ​နေ့​သ​တိ​ပေး​၏။- သင်​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​၏​စ​ကား​တော် ကို​နား​မ​ထောင်​လျှင် သင်​တို့​ချီ​တက်​သည့်​အ​ခါ သင်​တို့​ကို​ခု​ခံ​တိုက်​ခိုက်​သော​လူ​မျိုး​တို့​အား ထာ​ဝ​ရ​ဘု​ရား​သေ​ကြေ​ပျက်​စီး​စေ​သ​ကဲ့ သို့ သင်​တို့​ကို​လည်း​သေ​ကြေ​ပျက်​စီး​စေ​တော် မူ​မည်။''

တရားဟောရာ 8:1-20 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ယနေ့ သင့်​အား ငါ​ဆင့်ဆို​သော​ပညတ်တော်​ရှိသမျှ​တို့​ကို လိုက်နာ​စောင့်ထိန်း​ရ​မည်​။ သို့ပြုလျှင် သင်​တို့​သည် အသက်ချမ်းသာ​ရာ​ရ​၍​တိုးပွား​လျက် ထာဝရဘုရား​က ထို​ပြည်​ကို သင်​တို့​ဘိုးဘေး​တို့​အား ပေး​မည်​ဟု​ကျိန်ဆို​တော်မူ​ခဲ့​သည်​နှင့်အညီ ထို​ပြည်​ကို ဝင်​၍​သိမ်းပိုက်​ရ​လိမ့်မည်​။ ဤ​အနှစ်​လေးဆယ်​ပတ်လုံး တောကန္တာရ​တွင် ပို့ဆောင်​တော်မူ​ခဲ့​သည့် လမ်းခရီး​တစ်လျှောက်​ကို သင်​တို့​အောက်မေ့​ရ​မည်​။ ဤသည်မှာ ပညတ်တော်​များ​ကို သင်​တို့​စောင့်ထိန်း​လို​စိတ်​ရှိ​၊ မ​ရှိ သိ​မည့်​အကြောင်း​သင်​၏​ဘုရားသခင်​ထာဝရဘုရား​သည် သင့်​ကို​နှိမ့်ချ​တော်မူ​၍ စမ်းသပ်​တော်မူ​ခဲ့​ခြင်း​ဖြစ်​၏​။ လူ​သည် မုန့်​အားဖြင့်​သာ အသက်ရှင်​သည်​မ​ဟုတ်​ဘဲ ထာဝရဘုရား​၏​နှုတ်​တော်​ထွက်​စကား​ရှိသမျှ​အားဖြင့် အသက်ရှင်​သည်​ကို သင်​သိမြင်​မည့်​အကြောင်း ကိုယ်တော်​သည် သင့်​ကို​နှိမ့်ချ​လျက် ငတ်မွတ်​စေ​ပြီး သင်​မ​သိ​၊ သင်​၏​ဘိုးဘေး​တို့​လည်း​မ​သိ​သော မန္နမုန့်​ဖြင့် သင့်​အား​ကျွေးမွေး​တော်မူ​ခဲ့​၏​။ ဤ​အနှစ်​လေးဆယ်​ပတ်လုံး သင့်​ကိုယ်​ပေါ်မှ အဝတ်အစား မ​ဟောင်းနွမ်း​၊ သင်​၏​ခြေ​သည်​လည်း ရောင်ရမ်း​ခြင်း​မ​ရှိ​။ ဖခင်​သည် သား​ကို​ဆုံးမ​သကဲ့သို့ သင်​၏​ဘုရားသခင်​ထာဝရဘုရား​သည် သင့်​ကို​ဆုံးမ​တော်မူ​ကြောင်း သင်​၏​စိတ်နှလုံး​ထဲ၌ သိမှတ်​ရ​မည်​။ သင်​၏​ဘုရားသခင်​ထာဝရဘုရား​၏​လမ်း​တော်​သို့​လိုက်​၍ ကိုယ်တော်​ကို​ကြောက်ရွံ့​မည့်​အကြောင်း ကိုယ်တော်​၏​ပညတ်တော်​များ​ကို စောင့်ထိန်း​ရ​မည်​။ သင်​၏​ဘုရားသခင်​ထာဝရဘုရား​သည် သာယာဝပြော​သော​ပြည်​ဖြစ်​သည့် ချိုင့်ဝှမ်း​၊ တောင်ကုန်း​တို့​ထဲမှ စီးထွက်​လာ​သည့် စမ်းချောင်း​၊ စမ်းရေတွင်း​၊ စိမ့်စမ်းရေ​တို့​နှင့်​ပြည့်​သော​ပြည်​၊ ဂျုံ​၊ မုယော​၊ စပျစ်ပင်​၊ သဖန်းပင်​၊ သလဲပင်​တို့​နှင့်​ပြည့်​သော​ပြည်​၊ သံလွင်​ဆီ​၊ ပျားရည်​တို့​နှင့်​ပြည့်​သော​ပြည်​၊ အစားအစာ​ခေါင်းပါး​ခြင်း​မ​ရှိ​ဘဲ ဝလင်​စွာ​စား​ရ​၍ မည်သည့်​အရာ​မျှ​ချို့တဲ့​ခြင်း​မ​ရှိ​သော​ပြည်​၊ သံရိုင်း​ထွက်​သော​ပြည်​၊ တောင်​များ​ထဲမှ ကြေးနီ​ကို​တူးဖော်​ရရှိ​သည့်​ပြည်​သို့ သင့်​ကို​ပို့ဆောင်​တော်မူ​၏​။ သင်​သည် ဝလင်​စွာ​စား​ရ​သောအခါ သင့်​အား​ပေး​တော်မူ​သည့် သာယာဝပြော​သော​ပြည်​အတွက် သင်​၏​ဘုရားသခင်​ထာဝရဘုရား​ကို ကောင်းချီးထောမနာ​ပြု​ရ​မည်​။ ယနေ့ သင့်​အား ငါ​ဆင့်ဆို​သော သင်​၏​ဘုရားသခင်​ထာဝရဘုရား​၏​ပညတ်ချက်​များ​၊ စီရင်ထုံးဖွဲ့ချက်​များ​၊ ပြဋ္ဌာန်းချက်​များ​ကို မ​စောင့်ထိန်း​ဘဲ ကိုယ်တော်​အား မေ့လျော့​မည်​ကို သင့်ကိုယ်သင်​သတိပြု​လော့​။ သို့မဟုတ်လျှင် သင်​သည် ဝလင်​စွာ​စား​ရ​သောအခါ​၌​လည်းကောင်း​၊ အိမ်ကြီးအိမ်ကောင်း​များ​ကို​တည်ဆောက်​၍ နေထိုင်​သောအခါ​၌​လည်းကောင်း​၊ သင်​၏​နွား​၊ သင်​၏​သိုးဆိတ် ပွားများ​သောအခါ​၌​လည်းကောင်း​၊ သင်​၌ ရွှေ​၊ ငွေ​များပြား​သောအခါ​၌​လည်းကောင်း​၊ သင်​ပိုင်ဆိုင်​သော​အရာ​ရှိသမျှ တိုးပွား​သောအခါ​၌​လည်းကောင်း​၊ သင်​သည် မာနထောင်လွှား​၍ ကျွန်ခံရာ​အိမ်​အီဂျစ်​ပြည်​မှ သင့်​ကို​ထုတ်ဆောင်​တော်မူ​ခဲ့​သော​အရှင်​၊ မီးမြွေ​နှင့်​ကင်းမြီးကောက်​ပေါများ​သော​အရပ်​၊ ရေ​မ​ရှိ​ဘဲ ခြောက်သွေ့​သော​အရပ်​၊ ကြောက်မက်​ဖွယ်​ကောင်း​သော တောကန္တာရ​ကြီး​၌ သင့်​ကို​ပို့ဆောင်​တော်မူ​သော​အရှင်​၊ သင့်​အတွက် ရေ​ကို မီးခတ်​ကျောက်​ထဲမှ​ထွက်​စေ​တော်မူ​သော​အရှင်​၊ သင့်​ဘိုးဘေး​တို့​မ​သိ​သော​မန္နမုန့်​ဖြင့် တောကန္တာရ​၌ သင့်​ကို​ကျွေးမွေး​တော်မူ​သော​အရှင်​၊ နောက်ဆုံး​၌ သင့်​ကို​ကောင်းစား​စေ​မည့်​အကြောင်း သင့်​ကို​နှိမ့်ချ​ခြင်း​ဖြင့် စမ်းသပ်​တော်မူ​ခဲ့​သော​အရှင်​ဖြစ်​တော်မူ​သည့် သင်​၏​ဘုရားသခင်​ထာဝရဘုရား​ကို သင်​မေ့လျော့​လိမ့်မည်​။ ထိုအခါ သင့်​စိတ်​ထဲ၌ ‘​ဤ​ဥစ္စာပစ္စည်း​ကို ငါ့​အစွမ်း​၊ ငါ့​ခွန်အား​ဖြင့် ငါ​ရရှိ​ခဲ့​၏​’​ဟု ဆို​မိ​လိမ့်မည်​။ ထို့ကြောင့် သင်​၏​ဘုရားသခင်​ထာဝရဘုရား​ကို​သာ သင်​အောက်မေ့​ရ​မည်​။ အကြောင်းမူကား ကိုယ်တော်​သည် သင့်​ဘိုးဘေး​တို့​အား​ကျိန်ဆို​တော်မူ​ခဲ့​သည့် မိမိ​ပဋိညာဉ်​ကို တည်​စေရန် ယနေ့​မြင်​ရ​သည့်​အတိုင်း ဥစ္စာပစ္စည်း​ရ​နိုင်​သည့်​အစွမ်း​ကို သင့်​အား ပေး​တော်မူ​သော​အရှင်​ဖြစ်​တော်မူ​၏​။ သင်​သည် သင်​၏​ဘုရားသခင်​ထာဝရဘုရား​ကို အမှန်ပင်​မေ့လျော့​၍ အခြား​ဘုရား​များ​ကို​ဆည်းကပ်​ကာ ထို​ဘုရား​တို့​ကို ပျပ်ဝပ်​ကိုးကွယ်​လျှင် သင်​တို့​သည် လုံးလုံး​ပျက်စီး​လိမ့်မည်​ဟု သင်​တို့​ကို ယနေ့ ငါ​သတိပေး​၏​။ သင်​တို့​သည် သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​၏​စကား​ကို​နား​မ​ထောင်​သောကြောင့် သင်​တို့​၏​ရှေ့​တွင် ထာဝရဘုရား​ဖျက်ဆီး​တော်မူ​ခဲ့​သည့်​လူမျိုး​များ​ကဲ့သို့ သင်​တို့​ပျက်စီး​ကြ​ရ​လိမ့်မည်​။