YouVersion လိုဂို
ရှာရန် အိုင်ကွန်

တရားဟောရာ 10:17-19

တရားဟောရာ 10:17-19 Judson Bible (JBMLE)

အ​ကြောင်း​မူ​ကား၊ သင်၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည်၊ ဘု​ရား​တို့၏​ဘု​ရား၊ သ​ခင်​တို့၏​သ​ခင်၊ ကြီး​မြတ်​သော​ဘု​ရား၊ တန်​ခိုး​နှင့်​ပြည့်​စုံ၍ ကြောက်​မက်​ဖွယ်​သော​ဘု​ရား၊ လူ​မျက်​နှာ​ကို​မ​ထောက်၊ တံ​စိုး​ကို​မ​စား​ဘဲ၊ မိ​ဘ​မ​ရှိ​သော​သူ​ငယ်၊ မု​ဆိုး​မ​ဘက်၌ တ​ရား​စီ​ရင်၍၊ ဧည့်​သည်​အာ​ဂ​န္တု​တို့​ကို စုံ​မက်​သ​ဖြင့်၊ အ​ဝတ်​အ​စား​တို့​ကို ပေး​သ​နား​သော​ဘု​ရား ဖြစ်​တော်​မူ၏။ သို့​ဖြစ်၍ ဧည့်​သည်​တို့​ကို ချစ်​ကြ​လော့။ အ​ကြောင်း​မူ​ကား၊ သင်​တို့​သည် အဲ​ဂု​တ္တု​ပြည်၌ ဧည့်​သည်​ဖြစ်​ကြ​ဖူး​ပြီ။

တရားဟောရာ 10:17-19 Common Language Bible (BCL)

သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် ဘု​ရား​အ​ပေါင်း​တို့​နှင့်​အ​ရှင်​သ​ခင်​အ​ပေါင်း တို့​၏​အ​ထွတ်​အ​ထိပ်​ဖြစ်​တော်​မူ​၏။ ထာ​ဝ​ရ ဘု​ရား​သည်​ကြီး​မြတ်​၍​တန်​ခိုး​တော်​နှင့်​ပြည့် စုံ​သော​ဘု​ရား၊ ကြောက်​ရွံ့​ရို​သေ​ဖွယ်​သော ဘု​ရား​ဖြစ်​တော်​မူ​၏။ လူ​ကဲ့​သို့​မျက်​နှာ လိုက်​ခြင်း​တံစိုး​လက်​ဆောင်​စား​ခြင်း​ရှိ​တော် မ​မူ။- မိ​ဘ​မဲ့​က​လေး​များ​နှင့်​မု​ဆိုး​မ​များ​သည် တ​ရား​မျှ​တ​မှု​ရ​ရှိ​စေ​ရန်​စီ​ရင်​တော်​မူ​၏။ သင်​တို့​နှင့်​အ​တူ​တ​ကွ​နေ​ထိုင်​သော​လူ​မျိုး ခြား​များ​ကို​ချစ်​တော်​မူ​သ​ဖြင့် သူ​တို့​၏ စား​ရေး​ဝတ်​ရေး​ကို​ကြည့်​ရှု​တော်​မူ​၏။- သို့​ဖြစ်​၍​လူ​မျိုး​ခြား​တို့​ကို​ချစ်​ကြ​လော့။ အ​ဘယ်​ကြောင့်​ဆို​သော် သင်​တို့​သည်​ယ​ခင် အ​ခါ​က​အီ​ဂျစ်​ပြည်​တွင်​လူ​မျိုး​ခြား အ​ဖြစ်​နေ​ထိုင်​ခဲ့​ရ​ဖူး​သော​ကြောင့်​ဖြစ်​သည်။

တရားဟောရာ 10:17-19 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​သည် ဘုရား​တကာ​တို့​၏​ဘုရား​၊ သခင်​တကာ​တို့​၏​သခင်​၊ ကြီးမြတ်​၍​တန်ခိုး​နှင့်​ပြည့်စုံ​သော​ဘုရား​၊ အံ့ဩဖွယ်​ကောင်း​သော​ဘုရား ဖြစ်​တော်မူ​၏​။ မျက်နှာ​မ​လိုက်​၊ တံစိုးလက်ဆောင်​ကို​လက်​မ​ခံ​၊ ဖတဆိုး​နှင့်​မုဆိုးမ​တို့​အတွက် တရားသဖြင့်​စီရင်​သော​အရှင်​၊ တိုင်းတစ်ပါးသား​ကို​ချစ်​၍ အစားအစာ​နှင့် အဝတ်အစား​တို့​ကို ပေးသနား​တော်မူ​သော​အရှင်​ဖြစ်​တော်မူ​၏​။ သင်​တို့​သည် အီဂျစ်​ပြည်​၌ တိုင်းတစ်ပါးသား​ဖြစ်​ခဲ့​ဖူး​သောကြောင့် တိုင်းတစ်ပါးသား​တို့​ကို ချစ်​ရ​မည်​။