YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဒံယေလ 6:26-27

ဒံယေလ 6:26-27 Judson Bible (JBMLE)

ငါ​အ​စိုး​ရ​သော တစ်​နိုင်​ငံ​လုံး​တွင် ရှိ​နေ​သော သင်​တို့​သည် ဒံ​ယေ​လ၏​ဘု​ရား​သ​ခင်​ကို ကြောက်​ရွံ့​ရို​သေ​ကြ​ကုန်​ဟု ငါ​အ​မိန့်​တော်​ရှိ၏။ အ​ကြောင်း​မူ​ကား၊ ထို ဘု​ရား​သ​ခင်​သည် အ​သက်​ရှင်​တော်​မူ​သော​ဘု​ရား၊ နိ​စ္စ​ထာ​ဝ​ရ​တည်​တော်​မူ​သော ဘု​ရား ဖြစ်​တော်​မူ၏။ နိုင်​ငံ​တော်​သည် ပျက်​စီး​ခြင်း​သို့ မ​ရောက်​နိုင်။ အာ​ဏာ​စက်​တော်​လည်း အ​စဉ်​အ​ဆက် တည်​လိမ့်​မည်။ မ​စ​ကယ်​တင်​ခြင်း ကျေး​ဇူး​ကို ပြု​တော်​မူ၏။ ကောင်း​ကင်​မြေ​ကြီး၌ နိ​မိတ်​လ​က္ခ​ဏာ၊ အံ့​ဩ​ဖွယ်​တို့​ကို ဖြစ်​စေ​တော်​မူ၏။ ဒံ​ယေ​လ​ကို ခြင်္သေ့​လက်​မှ ကယ်​လွှတ်​တော်​မူ​သော ဘု​ရား​သ​ခင်​သည် ထို​သို့​သော​ဘု​ရား ဖြစ်​တော်​မူ၏​ဟု အ​မိန့်​တော်​ရှိ၏။

ဒံယေလ 6:26-27 Common Language Bible (BCL)

ငါ​၏​အင်​ပါ​ယာ​နိုင်​ငံ​တစ်​လျှောက်​လုံး ရှိ​လူ​အ​ပေါင်း​တို့၊ သင်​တို့​သည်​ဒံ​ယေ​လ ကိုး​ကွယ်​သော​ဘု​ရား​သ​ခင်​အား​ကြောက် ရွံ့​ရို​သေ​ကြ​ရ​မည်​ဖြစ်​ကြောင်း​ငါ အ​မိန့်​တော်​ရှိ​သည်။ ကိုယ်​တော်​သည်​အ​သက်​ရှင်​တော်​မူ​သော ဘု​ရား​ဖြစ်​တော်​မူ​၍၊ ကာ​လ​အ​စဉ်​အ​ဆက်​စိုး​စံ​တော်​မူ​လိမ့်​မည်။ ကိုယ်​တော်​၏​နိုင်​ငံ​တော်​သည်​အ​ဘယ်​အ​ခါ ၌​မျှ ပျက်​စီး​ရ​လိမ့်​မည်​မ​ဟုတ်။ ကိုယ်​တော်​၏​တန်​ခိုး​တော်​သည်​လည်း အ​ဘယ်​အ​ခါ​၌​မျှ​ကုန်​ဆုံး​လိမ့်​မည် မ​ဟုတ်။ ကိုယ်​တော်​သည်​ကူ​မ​ကယ်​တင်​တော်​မူ​၍ မိုး​ကောင်း​ကင်​၌​လည်း​ကောင်း၊ ကမ္ဘာ​ပေါ်​၌​လည်း​ကောင်း​အံ့​သြ​ဖွယ်​ရာ များ​နှင့် ထူး​ဆန်း​သော​နိ​မိတ်​လက္ခ​ဏာ​များ​ကို ပြ​တော်​မူ​၏။ ကိုယ်​တော်​သည်​ဒံ​ယေ​လ​အား​ခြင်္သေ့ များ​၏​ဘေး​မှ ကယ်​တင်​တော်​မူ​ပါ​၏'' ဟု​ပါ​ရှိ​လေ​သည်။

ဒံယေလ 6:26-27 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ငါ့​အာဏာစက်​အောက်​ရှိ​တိုင်းနိုင်ငံ​အားလုံး​မှ လူ​အပေါင်း​တို့​သည် ဒံယေလ​၏​ဘုရားသခင်​ကို ကြောက်ရွံ့ရိုသေ​ရ​မည်​ဟု ငါ​အမိန့်​ထုတ်ပြန်​လိုက်​သည်​။ ကိုယ်တော်​သည် အသက်ရှင်​တော်မူ​သော​ဘုရားသခင်​၊ အစဉ်အမြဲ​တည်​တော်မူ​သော​ဘုရားသခင် ဖြစ်​၏​။ နိုင်ငံ​တော်​သည်​လည်း မ​ပျက်စီး​နိုင်​၊ အာဏာစက်​သည်​လည်း ထာဝရ​တည်​တော်မူ​၏​။ ဒံယေလ​ကို ခြင်္သေ့​ရန်​မှ​ကယ်တင်​တော်မူ​သော​ဘုရားသခင်​သည် မိုးကောင်းကင်​နှင့် မြေကြီး​ပေါ်တွင် မစ​ကယ်တင်​တော်မူ​သော​ဘုရား​၊ အံ့ဖွယ်​နိမိတ်လက္ခဏာ​ကို ပြ​တော်မူ​သော​ဘုရား ဖြစ်​တော်မူ​၏​”​ဟူ၍ ပါရှိ​၏​။