YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဒံယေလ 5:23

ဒံယေလ 5:23 Judson Bible (JBMLE)

ကောင်း​ကင်​ဘုံ၏ အ​ရှင်​ကို ဆန့်​ကျင်​ဘက်​ပြု၍၊ ဗိ​မာန်​တော်၏ ဖ​လား​တို့​ကို ရှေ့​တော်​သို့ ယူ​ခဲ့​စေ၍၊ ကိုယ်​တော်​တိုင်​မှ​စ​သော မှူး​တော်​မတ်​တော်၊ မိ​ဖု​ရား၊ မောင်း​မ​မိဿံ​တို့​သည် ထို​ဖ​လား​တို့​နှင့် စ​ပျစ်​ရည်​ကို သောက်​ကြ​ပြီ​တ​ကား။ မျက်​စိ​မ​မြင်၊ နား​မ​ကြား၊ အ​ဘယ်​အ​ရာ​ကို​မျှ မ​သိ​သော ငွေ​ဘု​ရား၊ ရွှေ​ဘု​ရား၊ ကြေး​ဝါ​ဘု​ရား၊ သံ​ဘု​ရား၊ သစ်​သား​ဘု​ရား၊ ကျောက်​ဘု​ရား​တို့​ကို ချီး​မွမ်း၍၊ ကိုယ်​တော်၏ အ​သက်​သ​ခင်​တည်း​ဟူ​သော ကိုယ်​တော်၏​အ​မှု​အ​လုံး​စုံ​တို့​ကို စီ​ရင်​ပိုင်​တော်​မူ​သော ဘု​ရား​သ​ခင်​ကို မ​ချီး​မွမ်း​ဘဲ နေ​ပါ​ပြီ​တ​ကား။

ဒံယေလ 5:23 Common Language Bible (BCL)

ကောင်း​ကင်​ဘုံ​ရှင်​ကို​ဆန့်​ကျင်​ဘက်​ပြု​၍ ဗိ​မာန်​တော်​မှ​ရွှေ​ဖ​လား​များ​ကို​ရှေ့​တော် သို့​ယူ​စေ​တော်​မူ​ခဲ့​ပါ​၏။ အ​ရှင်​နှင့်​တ​ကွ အ​ရှင့်​မှူး​မတ်​များ၊ မိ​ဖု​ရား​များ၊ မောင်း မ​မိ​ဿံ​များ​သည်​ထို​ရွှေ​ဖ​လား​များ​တွင် စ​ပျစ်​ရည်​ကို​ထည့်​၍​သောက်​ပြီး​လျှင် မျက်​စိ မ​မြင်၊ နား​မ​ကြား၊ အ​ဘယ်​အ​ရာ​ကို​မျှ မ​သိ​သော​ရွှေ၊ ငွေ၊​ကြေး​ဝါ၊ သံ၊ သစ်​သား၊ ကျောက်​တို့​နှင့်​လုပ်​သော​ဘု​ရား​များ​ကို ထော​မ​နာ​ပြု​ကြ​ပေ​သည်။ သို့​ရာ​တွင် အ​ရှင်​သည်​မိ​မိ​၏​အ​သက်​ကို​လည်း​ကောင်း၊ မိ​မိ​ပြု​သော​အ​မှု​ကိစ္စ​မှန်​သ​မျှ​ကို လည်း​ကောင်း​စိုး​ပိုင်​တော်​မူ​သော​ဘု​ရား​သ​ခင်​၏​ဂုဏ်​တော်​ကို​ကား​ချီး​မွမ်း​တော် မ​မူ​ပါ။

ဒံယေလ 5:23 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ကောင်းကင်ဘုံရှင်​ကို ဆန့်ကျင်​၍ ကိုယ့်ကိုယ်ကိုယ် ချီးမြှောက်​၏​။ ထို​အရှင်​၏​ဗိမာန်တော်​မှ​ခွက်ဖလား​များ​ကို သင့်​ရှေ့မှောက်​သို့​ယူလာ​စေ​ပြီး သင်​မှစ၍ မှူးမတ်​များ​၊ မိဖုရား​များ​၊ ကိုယ်လုပ်တော်​များ​သည် ထို​ခွက်​များ​ဖြင့် စပျစ်ဝိုင်​ကို​သောက်​ပြီး မျက်စိ​လည်း​မ​မြင်​၊ နား​လည်း​မ​ကြား​၊ ဘာမျှ​လည်း မ​သိ​နိုင်​သော ရွှေ​၊ ငွေ​၊ ကြေးနီ​၊ သံ​၊ သစ်သား​၊ ကျောက်​တို့​ဖြင့် လုပ်​ထား​သော​ဘုရား​များ​ကို ထောမနာ​ပြု​ကြ​၏​။ သင့်​အသက်​၊ သင့်​ဘဝလမ်း​တစ်ခုလုံး​ကို​ပိုင်​တော်မူ​သော​ဘုရားသခင်​ကို​မူ သင်​မ​ချီးမြှောက်​ခဲ့​။