YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဒံယေလ 1:17-20

ဒံယေလ 1:17-20 Judson Bible (JBMLE)

ဘု​ရား​သ​ခင်​သည် ထို​လု​လင်​လေး​ယောက်​တို့​အား အ​ထူး​ထူး​သော သိ​ပ္ပံ​အ​တတ်​ပ​ညာ​တို့​ကို သိ​စေ​ခြင်း​ငှာ၊ ထိုး​ထွင်း၍ နား​လည်​နိုင်​သော ဉာဏ်​သ​တ္တိ​ကို ပေး​သ​နား​တော်​မူ၏။ ဒံ​ယေ​လ​သည်​လည်း ဗျာ​ဒိတ်​ရူ​ပါ​ရုံ​နှင့် အိပ်​မက်​ကို​နား​လည်​နိုင်​သော ဉာဏ်​ပ​ညာ​နှင့် ပြည့်​စုံ၏။ နန်း​တော်​သို့ သွင်း​စေ​ခြင်း​ငှာ ချိန်း​ချက်​တော်​မူ​သော အ​ချိန်​ရောက်​သော်၊ မိန်း​မ​စိုး​အုပ်​သည် လု​လင်​များ​တို့​ကို​ခေါ်၍ နန်း​တော်​သို့ သွင်း​လေ၏။ ရှင်​ဘု​ရင်​သည် ထို​လု​လင်​တို့​နှင့် ဆွေး​နွေး​မေး​မြန်း​တော်​မူ​ပြီး​လျှင်၊ ဒံ​ယေ​လ၊ ဟာ​န​နိ၊ မိ​ရှေ​လ၊ အာ​ဇ​ရိ​တို့​နှင့် တူ​သော​သူ တစ်​ယောက်​မျှ​မ​ရှိ​သော​ကြောင့်၊ သူ​တို့​သည် အ​ထံ​တော်၌ ခ​စား​ရ​သော အ​ခွင့်​အ​ရာ​ကို ရ​ကြ၏။ ရှင်​ဘု​ရင်​မေး​တော်​မူ​သ​မျှ​သော အ​တတ်​ပ​ညာ​ကို ထို​လု​လင်​တို့​သည် နိုင်​ငံ​တော်၌​ရှိ​သ​မျှ​သော မာ​ဂု​ပ​ညာ​ရှိ၊ ဗေ​ဒင်​တတ်​များ​ထက်​သာ၍ ဆယ်​ဆ​တတ်​ကြ​သည်​ကို တွေ့​မြင်​တော်​မူ၏။

ဒံယေလ 1:17-20 Common Language Bible (BCL)

ဘု​ရား​သ​ခင်​သည်​ထို​လူ​ငယ်​လူ​ရွယ်​လေး​ယောက်​တို့​အား စာ​ပေ​နှင့်​အ​ထူး​ထူး​အ​ပြား​ပြား​သော​ပ​ညာ​ရပ်​တို့​တွင်​တတ်​သိ​ကျွမ်း​ကျင်​မှု​ကို​ပေး​တော်​မူ​၏။ ထို့​အ​ပြင်​လည်း​ဒံ​ယေ​လ​အား​ဗျာ​ဒိတ်​ရူ​ပါ​ရုံ​နှင့်​အိပ်​မက်​များ​၏ အ​နက်​အ​ဋ္ဌိပ္ပါယ်​ကို​ပြ​ဆို​နိုင်​သော​စွမ်း​ရည်​ကို​လည်း​ပေး​တော်​မူ​၏။ မင်း​ကြီး​သတ်​မှတ်​ပေး​သည့်​သုံး​နှစ်​တာ​ကာ​လ​ကုန်​ဆုံး​သွား​သော​အ​ခါ​အာ​ရှ​ပေ​နတ်​သည် လူ​ငယ်​လူ​ရွယ်​အား​လုံး​တို့​အား​နေ​ဗု​ခဒ်​နေ​ဇာ​မင်း​၏​ထံ​တော်​သို့​သွင်း​လေ​၏။- မင်း​ကြီး​သည်​ထို​သူ​ရှိ​သ​မျှ​တို့​နှင့်​ဆွေး​နွေး​မေး​မြန်း​တော်​မူ​ရာ​ဒံ​ယေ​လ၊ ဟာ​န​နိ၊ မိ​ရှေ​လ​နှင့်​အာ​ဇ​ရိ​တို့​သည်​အ​ခြား​သူ​တို့​ထက်​ပို​၍​ဉာဏ်​ပ​ညာ​ကောင်း​ကြောင်း​တွေ့​ရှိ​ရ​လေ​သည်။ သို့​ဖြစ်​၍​သူ​တို့​သည်​အ​ပါး​တော်​တွင်​ခ​စား​ခွင့်​ရ​ကြ​၏။- မင်း​ကြီး​သည်​အ​ဘယ်​မေး​ခွန်း​ကို​ပင်​မေး​သည်​မ​ဆို၊ အ​ဘယ်​ပြ​ဿ​နာ​ကို​ပင်​တင်​ပြ​သည်​မ​ဆို​ထို​သူ​လေး​ဦး​တို့​သည်​နိုင်​ငံ​တစ်​ဝန်း​လုံး​ရှိ​ဗေ​ဒင်​ဆ​ရာ၊ မှော်​ဆ​ရာ​များ​ထက်​ဆယ်​ဆ​မျှ​ပို​၍​တတ်​သိ​နား​လည်​ကြ​သည်​ကို​တွေ့​ရှိ​တော်​မူ​၏။

ဒံယေလ 1:17-20 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ဘုရားသခင်​သည် ထို​လူငယ်​လေး​ဦး​အား ထိုးထွင်းဉာဏ်​၊ စာပေကျမ်းဂန်​အလုံးစုံ​ကို နားလည်​နိုင်​သော​ဉာဏ်ပညာ​ကို ပေး​တော်မူ​၏​။ ထို့ပြင် ဒံယေလ​ကို ဗျာဒိတ်နိမိတ်​နှင့် အိပ်မက်​အနက်​ကို နားလည်​နိုင်​သော​ဉာဏ်​ကို​လည်း ပေး​သေး​၏​။ ဤသို့ဖြင့် သူ​တို့​ကို ဘုရင့်​ရှေ့​တော်​သွင်း​ရ​မည့်​နေ့​ရောက်လာ​သောအခါ နန်းတော်အုပ်​သည် သူ​တို့​ကို နေဗုခဒ်နေဇာ​မင်းကြီး​ရှေ့​တော်​သို့ ခေါ်ဆောင်​လာ​၏​။ ရှင်ဘုရင်​သည် သူ​တို့​နှင့်​အပြန်အလှန်​ပြောဆို​ကြည့်​သောအခါ ဒံယေလ​၊ ဟာနနိယ​၊ မိရှေလ​၊ အာဇရိ​တို့​ကဲ့သို့သော​သူ တစ်ယောက်​မျှ​မ​တွေ့​။ ထို့ကြောင့် သူ​တို့​သည် ဘုရင့်​ထံပါး​၌ ခစား​ခွင့်​ရ​လေ​၏​။ ရှင်ဘုရင်​မေးမြန်း​သမျှ​သော​ဉာဏ်စမ်း​မေးခွန်း​တို့​ကို ဖြေကြား​ရာ​တွင် သူ​တို့​သည် တစ်နိုင်ငံလုံး​ရှိ​နတ်ဝိဇ္ဇာဆရာ​များ​၊ ဂမ္ဘီရဆရာ​များ​ထက် ဆယ်​ဆ​မက သာ​သည်​ကို ရှင်ဘုရင်​တွေ့​ရ​၏​။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။