YouVersion လိုဂို
ရှာရန် အိုင်ကွန်

ကောလောသဲ 3:22-24

ကောလောသဲ 3:22-24 Judson Bible (JBMLE)

အ​စေ​ခံ​ကျွန်​တို့၊ သ​ခင်​ဘု​ရား​ကို ကြောက်​ရွံ့​လျက်၊ လူတို့၏​စိတ်​ကို နူး​ညွတ်​စေ​သော​သူ​ကဲ့​သို့၊ မျက်​မှောက်၌​သာ နား​ထောင်​သည်​မ​ဟုတ်၊ စိတ်​နှစ်​ခွ​မ​ရှိ​ဘဲ၊ လော​ကီ​သ​ခင်၏​စ​ကား​ကို အ​ရာ​ရာ၌ နား​ထောင်​ကြ​လော့။- လူ၏​အ​မှု​ကို​သာ ဆောင်​ရွက်​သ​ကဲ့​သို့​မ​ဟုတ်၊ သ​ခင်​ဘု​ရား၏ အ​မှု​တော်​ကို ဆောင်​ရွက်​သ​ကဲ့​သို့၊ ပြု​လေ​သ​မျှ​တို့၌ စေ​တ​နာ​စိတ်​နှင့် ပြု​ကြ​လော့။- သင်​တို့​သည် သ​ခင်​ခ​ရစ်​တော်၏ အ​စေ​ကို ခံ​ကြ​သည်​ဖြစ်၍၊ အ​မွေ​တော်​တည်း​ဟူ​သော အ​ကျိုး​ကို၊ ထို​သ​ခင်​ဘု​ရား၏ လက်​တော်​မှ ခံ​ရ​လိမ့်​မည်​ဟု သိ​မှတ်​ကြ​လော့။

ကောလောသဲ 3:22-24 Common Language Bible (BCL)

ကျွန်​ဖြစ်​သူ​တို့၊ သင်​တို့​ကို​ပိုင်​သော​သ​ခင်​များ ၏​စ​ကား​ကို​အ​ရာ​ရာ​တွင်​နား​ထောင်​ကြ​လော့။ သင်​တို့​သည်​မျက်​နှာ​ရ​ရန်​သူ​တို့​၏​ရှေ့​မှောက် ၌​သာ​လျှင်​သူ​တို့​၏​စ​ကား​ကို​နား​ထောင်​သည် မ​ဟုတ်၊ သ​ခင်​ဘု​ရား​ကို​ကြောက်​ရွံ့​ရို​သေ သော​အား​ဖြင့် သူ​တို့​၏​စ​ကား​ကို​ရိုး​ဖြောင့် သော​စိတ်​နှင့်​နား​ထောင်​ကြ​လော့။- အ​ဘယ်​အ​မှု​ကို​ပြု​သည်​မ​ဆို​သင်​တို့​သည် လူ​၏​အ​လို​ကို​မ​ဟုတ်​ဘဲ သ​ခင်​ဘု​ရား​၏ အ​လို​ကို​ဆောင်​ရွက်​သ​ကဲ့​သို့​အ​စွမ်း​ရှိ သ​မျှ​ဖြင့်​လုပ်​ဆောင်​ကြ​လော့။- မိ​မိ​၏​လူ​စု​တော်​အား​သ​ခင်​ဘု​ရား​က​တိ ထား​တော်​မူ​သော ဆု​လာဘ်​ကို​သင်​တို့​သည်​ရ မည်​ဖြစ်​ကြောင်း​နှ​လုံး​သွင်း​ကြ​လော့။ ခ​ရစ် တော်​သည်​သာ​လျှင်​သင်​တို့​၏​သ​ခင်​အ​စစ် အ​မှန်​ဖြစ်​တော်​မူ​၏။

ကောလောသဲ 3:22-24 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ကျွန်​ဖြစ်​သူ​တို့၊ သင်​တို့​၏​လောကီ​သခင်​များ​ကို အရာရာ​၌ နာခံ​ကြ​လော့။ မျက်နှာလို​မျက်နှာရ​လုပ်​သူ​များ​ကဲ့သို့ မျက်မှောက်​၌​သာ လုပ်ဆောင်​ခြင်း​မျိုး​မ​ဟုတ်​ဘဲ သခင်​ဘုရား​ကို​ကြောက်ရွံ့​လျက် ရိုးသား​သော​စိတ်နှလုံး​ဖြင့် နာခံ​ကြ​လော့။ သင်​တို့​လုပ်ဆောင်​သမျှ​သော​အရာ​ကို လူ​တို့​အတွက်​လုပ်ဆောင်​သကဲ့သို့​မ​ဟုတ်​ဘဲ သခင်​ဘုရား​အတွက်​လုပ်ဆောင်​သကဲ့သို့ စိတ်နှလုံး​ပါ​လျက် လုပ်ဆောင်​ကြ​လော့။ သင်​တို့​သည် သခင်​ခရစ်တော်​ကို အစေခံ​ကြ​သည်​ဖြစ်၍ ဆုလာဘ်​အဖြစ်​အမွေ​တော်​ကို သခင်​ဘုရား​ထံမှ ရရှိ​မည်​ဖြစ်​ကြောင်း သိမှတ်​ကြ​လော့။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။