YouVersion လိုဂို
ရှာရန် အိုင်ကွန်

ကောလောသဲ 3:18-21

ကောလောသဲ 3:18-21 Judson Bible (JBMLE)

အ​ချင်း​မိန်း​မ​တို့၊ သ​ခင်​ဘု​ရား၌ လျောက်​ပတ်​သည်​အ​တိုင်း၊ ကိုယ်​ခင်​ပွန်း၏ အုပ်​စိုး​ခြင်း​ကို ဝန်​ခံ​ကြ​လော့။- အ​ချင်း​ယောက်ျား​တို့၊ ကိုယ်​ခင်​ပွန်း​ကို ချစ်​ကြ​လော့။ ကြမ်း​တမ်း​စွာ မ​ပြု​ကြ​နှင့်။- သား​သ​မီး​တို့၊ မိ​ဘ​စ​ကား​ကို အ​ရာ​ရာ၌ နား​ထောင်​ကြ​လော့။ မိ​ဘ​စ​ကား​ကို နား​ထောင်​ခြင်း​အ​မှု​သည် သ​ခင်​ဘု​ရား နှစ်​သက်​တော်​မူ​သော အ​မှု​ဖြစ်၏။- အ​ဘ​တို့၊ ကိုယ်​သား​သ​မီး​ကို စိတ်​ဆိုး​စေ​ခြင်း​ငှာ မ​ပြု​ကြ​နှင့်။ ထို​သို့​ပြု​လျှင်၊ သူ​တို့​သည် အား​လျော့​စိတ်​ပျက်​ခြင်း​သို့ ရောက်​ကြ​လိမ့်​မည်။

ကောလောသဲ 3:18-21 Common Language Bible (BCL)

ဇ​နီး​ဖြစ်​သူ​တို့၊ ခင်​ပွန်း​များ​၏​အုပ်​စိုး​ခြင်း​ကို ခံ​ယူ​ကြ​လော့။ သင်​တို့​သည်​ခ​ရစ်​ယာန်​များ အ​နေ​ဖြင့်​ဤ​သို့​ခံ​ယူ​သင့်​ကြ​၏။- ခင်​ပွန်း​ဖြစ်​သူ​တို့၊ ဇ​နီး​များ​ကို​ချစ်​ကြ​လော့။ သူ​တို့​အား​ကြမ်း​တမ်း​စွာ​မ​ပြု​ကြ​နှင့်။ သား​သ​မီး​ဖြစ်​သူ​တို့၊ မိ​ဘ​စ​ကား​ကို​အ​စဉ် နား​ထောင်​ကြ​လော့။ ဤ​အ​မှု​သည်​ဘု​ရား​သ​ခင် နှစ်​သက်​တော်​မူ​သော​အ​မှု၊ ပြု​ကျင့်​အပ်​သော အ​မှု​ဖြစ်​၏။- ဖ​ခင်​ဖြစ်​သူ​တို့၊ သား​သ​မီး​များ​ကို​စိတ်​ဆိုး အောင်​မ​ဆွ​နှင့်။ သို့​ပြု​ပါ​လျှင်​သူ​တို့​သည်​စိတ် အား​လျော့​ကြ​လိမ့်​မည်။