YouVersion လိုဂို
ရှာရန် အိုင်ကွန်

ကောလောသဲ 3:1-5

ကောလောသဲ 3:1-5 Judson Bible (JBMLE)

အ​ထက်​ဆို​ခဲ့​ပြီး​သည်​အ​တိုင်း၊ သင်​တို့​သည် ခ​ရစ်​တော်​နှင့်​အ​တူ ထ​မြောက်​ကြ​သည်​မှန်​လျှင်၊ ဘု​ရား​သ​ခင်၏ လက်​ယာ​တော်​ဘက်​မှာ ခ​ရစ်​တော်​သည် ထိုင်​နေ​တော်​မူ​ရာ​အ​ရပ်၌​ရှိ​သော အ​ထက်​အ​ရာ​တို့​ကို ရှာ​ကြ​လော့။- မြေ​ကြီး​ပေါ်​မှာ​ရှိ​သော အ​ရာ​တို့​ကို စွဲ​လမ်း​သော​စိတ် မ​ရှိ​ကြ​နှင့်။ အ​ထက်​အ​ရာ​တို့​ကို​သာ စိတ်​စွဲ​လမ်း​ခြင်း ရှိ​ကြ​လော့။- အ​ကြောင်း​မူ​ကား၊ သင်​တို့​သည် သေ​သော​သူ​ဖြစ်၍ သင်​တို့​အ​သက်​သည် ခ​ရစ်​တော်​နှင့်​အ​တူ ဘု​ရား​သ​ခင်၌ ဝှက်​ထား​လျက်​ရှိ၏။- ငါ​တို့​အ​သက်​တည်း​ဟူ​သော ခ​ရစ်​တော်​သည် ထင်​ရှား​တော်​မူ​သော​အ​ခါ၊ ငါ​တို့​သည်​လည်း ထို​သ​ခင်​နှင့်​အ​တူ ဘုန်း​ကြီး၍ ထင်​ရှား​ကြ​လ​တ္တံ့။ ထို​ကြောင့် မ​တ​ရား​သော မေ​ထုန်၌​မှီ​ဝဲ​ခြင်း၊ ညစ်​ညူး​စွာ​ကျင့်​ခြင်း၊ ကိ​လေ​သာ​ပူ​ပန်​ခြင်း၊ ဆိုး​ညစ်​သော တပ်​မက်​ခြင်း၊ ရုပ်​တု​ကို ကိုး​ကွယ်​ခြင်း​ဖြစ်​သော လော​ဘ​လွန်​ကျူး​ခြင်း​တည်း​ဟူ​သော၊ မြေ​ကြီး​ပေါ်​မှာ​ရှိ​သော သင်​တို့၏ ကိုယ်​အင်္ဂါ​တို့​ကို သေ​စေ​ကြ​လော့။

ကောလောသဲ 3:1-5 Common Language Bible (BCL)

သင်​တို့​သည်​ခ​ရစ်​တော်​နှင့်​အ​တူ​သေ​ခြင်း​မှ ရှင်​ပြန်​ထ​မြောက်​ကြ​ပြီ​ဖြစ်​၍ ဘု​ရား​သ​ခင် ၏​လက်​ယာ​တော်​ဘက်​တွင်​ခ​ရစ်​တော်​ထိုင် လျက်​နေ​တော်​မူ​ရာ ကောင်း​ကင်​ဘုံ​၌​ရှိ​သော အ​ရာ​တို့​ကို​လို​ချင်​တောင့်​တ​ကြ​လော့။- လော​က​တွင်​ရှိ​သော​အ​ရာ​တို့​ကို​စိတ်​မ​စွဲ လမ်း​ဘဲ အ​ထက်​ဘုံ​၌​ရှိ​သော​အ​ရာ​တို့​ကို စိတ်​စွဲ​လမ်း​ကြ​လော့။- အ​ဘယ်​ကြောင့်​ဆို​သော်​သေ​ပြီး​သော​သင်​တို့ အ​သက်​သည် ခ​ရစ်​တော်​နှင့်​အ​တူ​ဘု​ရား သ​ခင်​၌​ဝှက်​ထား​လျက်​ရှိ​သော​ကြောင့်​တည်း။- သင်​တို့​အ​သက်​အ​စစ်​အ​မှန်​သည်​ခ​ရစ်​တော် ဖြစ်​သည်။ ကိုယ်​တော်​ထင်​ရှား​တော်​မူ​သော​အ​ခါ သင်​တို့​သည်​လည်း​ကိုယ်​တော်​နှင့်​အ​တူ​ဘုန်း အ​သ​ရေ​တော်​ကို​ခံ​စား​ရ​ကြ​လတ္တံ့။ သို့​ဖြစ်​၍​ကာ​မ​ဂုဏ်​လိုက်​စား​ခြင်း၊ ညစ်​ညမ်း​စွာ ကျင့်​ခြင်း၊ ပြင်း​ပြ​သော​တ​ဏှာ​ရမ္မက်၊ မ​ကောင်း​မှု ပြု​လုပ်​လို​သော​စိတ်​ရှိ​ခြင်း၊ လော​ဘ​လွန်​ကူး ခြင်း​အ​စ​ရှိ​သော​လော​ကီ​အာ​သာ​ရမ္မက်​များ ကို​သေ​စေ​ကြ​လော့။ (လော​ဘ​ကူး​ခြင်း​သည် ရုပ်​တု​ကိုး​ကွယ်​ခြင်း​တစ်​မျိုး​ပင်​ဖြစ်​၏။-)

ကောလောသဲ 3:1-5 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

သို့ဖြစ်၍ သင်​တို့​သည် ခရစ်တော်​နှင့်အတူ​ထမြောက်​ကြ​သည်​ဆိုလျှင် ဘုရားသခင်​၏​လက်ယာ​တော်​ဘက်​၌ ထိုင်​တော်မူ​သော​ခရစ်တော်​ရှိ​ရာ အထက်​အရပ်​၌​ရှိ​သည့်​အရာ​များ​ကို ရှာဖွေ​ကြ​လော့။ မြေကြီး​ပေါ်၌​ရှိ​သော​အရာ​တို့​ကို မ​စွဲလမ်း​ဘဲ အထက်​အရပ်​၌​ရှိ​သော​အရာ​တို့​ကို စွဲလမ်း​ကြ​လော့။ အကြောင်းမှာ သင်​တို့​သည် သေဆုံး​ခဲ့​ပြီ​ဖြစ်၍ သင်​တို့​၏​အသက်​သည် ခရစ်တော်​နှင့်အတူ ဘုရားသခင်​၌​ဝှက်​ထား​လျက်​ရှိ​၏။ သင်​တို့​၏​အသက်​ဖြစ်​သော​ခရစ်တော်​ထင်ရှား​တော်မူ​သောအခါ သင်​တို့​သည်​လည်း ကိုယ်တော်​နှင့်အတူ ဘုန်း​အသရေ​၌​ထင်ရှား​ကြ​လိမ့်မည်။ ထို့ကြောင့် တရားနှင့်မညီ​မေထုန်ပြု​ခြင်း၊ ညစ်ညူး​ခြင်း၊ ကိလေသာ​ပြင်းပြ​ခြင်း၊ ဆိုးယုတ်​သော​တပ်မက်​ခြင်း​နှင့် ရုပ်တု​ကိုးကွယ်​ခြင်း​တည်းဟူသော လောဘ​လွန်ကျူး​ခြင်း စသည့်​မြေကြီး​နှင့်ဆိုင်သော​ကိုယ်အင်္ဂါ​များ​ကို သေ​စေ​ကြ​လော့။