YouVersion လိုဂို
ရှာရန် အိုင်ကွန်

တမန်တော် 8:1-12

တမန်တော် 8:1-12 Judson Bible (JBMLE)

ထို​အ​ခါ ယေ​ရု​ရှ​လင်​မြို့၌​ရှိ​သော အ​သင်း​တော်​သည် ပြင်း​စွာ​သော​ညှဉ်း​ဆဲ​ခြင်း​ကို​ခံ​ရ​သ​ဖြင့် တ​မန်​တော်​တို့​မှ​တစ်​ပါး သင်း​ဝင်​သူ​အ​ပေါင်း​တို့​သည် ယု​ဒ​ပြည်၊ ရှ​မာ​ရိ​ပြည်​အ​ရပ်​ရပ်​တို့၌ အ​နှံ့​အ​ပြား ကွဲ​ပြား​ကြ၏။- တ​ရား​ကို​ရို​သေ​သော​သူ​တို့​သည် သ​တေ​ဖန်​ကို သင်္ဂြိုဟ်၍ ပြင်း​စွာ​သော​ငို​ကြွေး​မြည်​တမ်း​ခြင်း​ကို ပြု​ကြ၏။- ရှော​လု​သည် အ​သင်း​တော်​ကို ဖျက်​ဆီး​လေ၏။ အိမ်​များ​သို့ ဝင်​ပြီး​လျှင် ယောက်ျား​မိန်း​မ​တို့​ကို ဆွဲ​ငင်၍ ထောင်​ထဲ၌ လှောင်​ထား​တတ်၏။ ထို​ကြောင့် အ​ရပ်​ရပ်​သို့​ကွဲ​ပြား​သော သူ​တို့​သည် လှည့်​လည်၍ နှုတ်​က​ပတ်​တော်​တည်း​ဟူ​သော ဧ​ဝံ​ဂေ​လိ​တ​ရား​ကို ဟော​ပြော​ကြ၏။ ဖိ​လိ​ပ္ပု​သည်​လည်း၊ ရှ​မာ​ရိ​မြို့​သို့​သွား၍ ခ​ရစ်​တော်၏ အ​ကြောင်း​ကို​ဟော​လေ၏။- လူ​အ​စု​အ​ဝေး​တို့​သည်​ကြား၍ ဖိ​လိ​ပ္ပု​ပြု​သော နိ​မိတ်​လ​က္ခ​ဏာ​တို့​ကို မြင်​သော​အ​ခါ၊ သူ၏​စ​ကား​ကို တ​ညီ​တ​ညွတ်​တည်း နား​ထောင်​ကြ၏။- အ​ကြောင်း​မူ​ကား၊ နတ်​ဆိုး​စွဲ​သော သူ​များ​တို့၏​အ​ထဲ​မှ နတ်​ဆိုး​တို့​သည် ပြင်း​စွာ​သော​အ​သံ​နှင့် အော်​ဟစ်​လျက် ထွက်​သွား​ကြ၏။ ကိုယ်​မ​လှုပ်​နိုင်​သော​သူ၊ ခြေ​မ​စွမ်း​သော​သူ​အ​များ​တို့​သည်​လည်း ပ​က​တိ​အ​ဖြစ်​သို့ ရောက်​ကြ၏။- ထို​မြို့​သူ​မြို့​သား​တို့​သည် အ​လွန်​ဝမ်း​မြောက်​ခြင်း ရှိ​ကြ၏။ ရှိ​မုန်​အ​မည်​ရှိ​သော သူ​တစ်​ယောက်​သည်၊ ထို​မြို့၌ နတ်​ဝိ​ဇ္ဇာ​အ​တတ်​နှင့်​ပြု​ပြင်၍၊ ငါ​သည် ထူး​ဆန်း​သော​သူ​ဖြစ်​သည်​ဟု​ဆို​လျက်၊ ရှ​မာ​ရိ​အ​မျိုး​သား​တို့​ကို မိန်း​မော​တွေ​ဝေ​စေ​ခြင်း​ငှာ ပြု၏။- လူ​ကြီး​လူ​ငယ် ရှိ​သ​မျှ​တို့​က​လည်း၊ ဤ​သူ​သည် ဘု​ရား​သ​ခင်၏ မ​ဟာ​တန်​ခိုး​တော်​ဖြစ်​သည်​ဟု ဆို​လျက် ထို​သူ၌ ဆည်း​ကပ်​ကြ၏။- ဆည်း​ကပ်​သည်​အ​ကြောင်း​ကား၊ သူ​တို့​ကို မိန်း​မော​တွေ​ဝေ​စေ​ခြင်း​ငှာ ထို​သူ​သည် နတ်​ဝိ​ဇ္ဇာ​အ​တတ်​အား​ဖြင့် ကြာ​မြင့်​စွာ​ပြု​လျက်​နေ၏။- ဖိ​လိ​ပ္ပု​သည် ဘု​ရား​သ​ခင်၏ နိုင်​ငံ​တော်နှင့်​လည်း​ကောင်း၊ ယေ​ရှု​ခ​ရစ်၏ နာ​မ​တော်​နှင့်​လည်း​ကောင်း စပ်​ဆိုင်​သော ဧ​ဝံ​ဂေ​လိ​တ​ရား​ကို ဟော​ပြော၍ ထို​သူ​တို့​သည် ယုံ​ကြည်​သော​အ​ခါ၊ ယောက်ျား​မိန်း​မ​တို့​သည် ဗ​တ္တိ​ဇံ​ကို ခံ​ကြ၏။

တမန်တော် 8:1-12 Common Language Bible (BCL)

ထို​နေ့​မှ​စ​၍​ယေ​ရု​ရှ​လင်​မြို့​ရှိ​အ​သင်း​တော် ဝင်​အ​ပေါင်း​တို့​သည် နှိပ်​စက်​ညှဉ်း​ဆဲ​ခြင်း​ကို ပြင်း​ထန်​စွာ​ခံ​ရ​ကြ​၏။ သို့​ဖြစ်​၍​သူ​တို့​သည် ယု​ဒ​ပြည်​နှင့် ရှ​မာ​ရိ​ပြည်​များ​သို့​ကွဲ​လွင့် သွား​ကြ​ကုန်​၏။ တ​မန်​တော်​များ​သာ​လျှင် ကျန်​ရစ်​ခဲ့​ကြ​၏။- ဘု​ရား​တ​ရား​ကြည်​ညို​သူ​လူ​အ​ချို့​တို့ သည် သ​တေ​ဖန်​ကို​သင်္ဂြိုဟ်​၍​သည်း​စွာ​ငို​ကြွေး မြည်​တမ်း​ကြ​၏။ သို့​ရာ​တွင်​ရှော​လု​သည်​အ​သင်း​တော်​ကို ပျောက်​ပျက်​စေ​ရန်​ကြိုး​စား​လျက်​နေ​၏။ သူ သည်​တစ်​အိမ်​ပြီး​တစ်​အိမ်​ဝင်​၍ ယုံ​ကြည်​သူ အ​မျိုး​သား​အ​မျိုး​သ​မီး​တို့​ကို​ဆွဲ​ထုတ်​ကာ အ​ကျဉ်း​ထောင်​တွင်​ချုပ်​နှောင်​ထား​လေ​သည်။ ကွဲ​လွင့်​သွား​သည့်​ယုံ​ကြည်​သူ​တို့​သည် အ​ရပ် ရပ်​သို့​သွား​၍​တ​ရား​တော်​ကို​ဟော​ပြော​ကြ​၏။- ဖိ​လိပ္ပု​သည်​ရှ​မာ​ရိ​ပြည်​၏​မြို့​တော်​သို့​သွား​၍ မေ​ရှိ​ယ​၏​အ​ကြောင်း​ကို​ဟော​ပြော​၏။- လူ​ပ​ရိ​သတ်​တို့​သည်​ဖိ​လိပ္ပု​ပြ​သည့်​နိ​မိတ် လက္ခ​ဏာ​များ​ကို​မြင်​သ​ဖြင့် သူ​၏​တ​ရား စ​ကား​ကို​အာ​ရုံ​စိုက်​၍​နာ​ယူ​ကြ​၏။- နတ်​မိစ္ဆာ​ပူး​ဝင်​နေ​သူ​အ​မြောက်​အ​မြား​ထဲ​မှ နတ်​မိစ္ဆာ​များ​သည် အ​သံ​ကျယ်​စွာ​ဟစ်​အော် လျက်​ထွက်​ခွာ​သွား​ကြ​၏။ လေ​ဖြတ်​သူ၊ ခြေ လက်​မ​စွမ်း​မ​သန်​သူ​များ​သည်​လည်း​ရော​ဂါ ပျောက်​သွား​ကြ​၏။- သို့​ဖြစ်​၍​ထို​မြို့​သူ​မြို့​သား​တို့​သည်​လွန်​စွာ ဝမ်း​မြောက်​ကြ​၏။ ထို​မြို့​၌​ရှိ​မုန်​ဆို​သူ​လူ​တစ်​ယောက်​ရှိ​၏။ သူ သည်​မိ​မိ​ကိုယ်​ကို​ခေါင်း​ဆောင်​ကြီး​ဟု​ဆို​ကာ ရှ​မာ​ရိ​အ​မျိုး​သား​တို့​အား​မှော်​အ​တတ်​ကို ပြ​၍​လွန်​စွာ​အံ့​သြ​စေ​၏။- သို့​ဖြစ်​၍​အ​တန်း​အ​စား​အ​မျိုး​မျိုး​မှ​လူ အ​ပေါင်း​တို့​သည်``ဤ​သူ​ကား​မ​ဟာ​တန်​ခိုး တော်​ဟု​ခေါ်​သော ဘု​ရား​၏​တန်​ခိုး​တော်​တည်း'' ဟု​ဆို​၍​ရှိ​မုန်​၏​စ​ကား​ကို​အာ​ရုံ​စိုက်​၍ နား​ထောင်​ကြ​၏။- သူ​တို့​သည်​ရှိ​မုန်​၏​မှော်​အ​တတ်​ကို​အံ့​သြ လျက်​နေ​ခဲ့​ကြ​သည်​မှာ​ကြာ​ပြီ​ဖြစ်​သော ကြောင့် ဤ​သို့​အာ​ရုံ​စိုက်​၍​နား​ထောင်​ကြ ခြင်း​ဖြစ်​၏။- သို့​သော်​ဘု​ရား​သ​ခင်​၏​နိုင်​ငံ​တော်​အ​ကြောင်း၊ သ​ခင်​ယေ​ရှု​ခ​ရစ်​၏​အ​ကြောင်း​သ​တင်း​ကောင်း ကို ဖိ​လိပ္ပု​ဟော​ပြော​သော​အ​ခါ​ထို​သူ​တို့ ယုံ​ကြည်​လာ​ကြ​သ​ဖြင့် အ​မျိုး​သား​များ ရော​အ​မျိုး​သ​မီး​များ​ပါ​ဗတ္တိ​ဇံ​မင်္ဂ​လာ ကို​ခံ​ကြ​လေ​သည်။

တမန်တော် 8:1-12 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ရှောလု​သည်​လည်း သတေဖန်​အသတ်​ခံရ​သည့်​အမှု​၌ အလိုတူအလိုပါ​ဖြစ်​၏။ ထို​နေ့​တွင် ဂျေရုဆလင်​မြို့​ရှိ​အသင်းတော်​အပေါ် ပြင်းထန်​သော​ညှဉ်းဆဲ​မှု​ဖြစ်ပေါ်​လာ​သဖြင့် တမန်တော်​တို့​မှတစ်ပါး သင်းဝင်​သူ​အပေါင်း​တို့​သည် ယုဒ​နယ်​နှင့်​ရှမာရိ​နယ်​တစ်လျှောက်​သို့ ကွဲလွင့်​သွား​ကြ​၏။ ဘုရား​တရား​ကြည်ညို​သော​သူ​တို့​သည် သတေဖန်​ကို​သင်္ဂြိုဟ်​၍ သူ့​အတွက် ရင်ဘတ်စည်တီး​လျက် ပြင်းစွာ​ငိုကြွေး​ကြ​၏။ ရှောလု​သည် တစ်အိမ်​ပြီး​တစ်အိမ်​ဝင်​၍ ယောက်ျား​မိန်းမ​တို့​ကို​ဆွဲ​ထုတ်​ကာ ထောင်​ထဲသို့​ပို့​လျက် အသင်းတော်​ကို လိုက်​၍​ဖျက်ဆီး​လေ​၏။ ကွဲလွင့်​သွား​သော​သူ​တို့​မူကား နှုတ်ကပတ်​တရား​ကို လှည့်လည်​ဟောပြော​ကြ​၏။ ဖိလိပ္ပု​သည်​လည်း ရှမာရိ​နယ်​ရှိ မြို့​တစ်​မြို့​သို့​သွား​၍ လူ​တို့​အား ခရစ်တော်​အကြောင်း​ကို​ဟောပြော​လေ​၏။ လူထု​ပရိသတ်​တို့​သည် ဖိလိပ္ပု​ပြု​သော​နိမိတ်​လက္ခဏာ​များ​ကို ကြား​ရ၊ မြင်​ရ​သောအခါ သူ​ဟောပြော​သည့်​အရာ​များ​ကို တညီတညွတ်တည်း​ဂရုစိုက်​နားထောင်​ကြ​၏။ အကြောင်းမူကား များစွာ​သော​သူ​တို့​ထံ၌​ပူး​နေ​သည့် ညစ်ညူး​သော​နတ်​တို့​သည် ကျယ်လောင်​သော​အသံ​ဖြင့်​အော်ဟစ်​လျက် ထွက်သွား​ကြ​၏။ လေဖြတ်​သော​သူ​နှင့် ခြေ​မသန်စွမ်း​သူ​များစွာ​တို့​သည်​လည်း အကောင်းပကတိ​ဖြစ်​လာ​ကြ​၏။ သို့ဖြစ်၍ ထို​မြို့​၌ ကြီးစွာ​သော​ဝမ်းမြောက်​ခြင်း​ရှိ​လေ​၏။ ထို​မြို့​တွင် ရှိမုန်​အမည်​ရှိ​သော လူ​တစ်​ဦး​ရှိ​၏။ သူ​သည် ယခင်​ကတည်းက မှော်အတတ်​ကို​သုံး​၍ ရှမာရိ​နယ်သား​တို့​ကို အံ့ဩ​ငေးမော​စေ​ကာ မိမိကိုယ်ကို​ထူးမြတ်​သူ​တစ်​ဦး​ဖြစ်​သည်​ဟု​ဆို​လေ့​ရှိ​၏။ လူကြီး​လူငယ်​ရှိသမျှ​တို့​သည် သူ့​ကို​အာရုံစိုက်​လျက် “ဤ​သူ​သည် ကြီးမြတ်​ခြင်း​ဟု​ခေါ်​သော ဘုရားသခင်​၏​တန်ခိုး​တော်​ဖြစ်​သည်”​ဟု ဆို​ကြ​၏။ သူ​တို့​သည် သူ့​ကို​အာရုံစိုက်​ကြ​ခြင်း​မှာ သူ​သည် ကာလ​ကြာမြင့်​စွာ မှော်အတတ်​ဖြင့် သူ​တို့​ကို အံ့ဩ​ငေးမော​စေ​ခဲ့​သောကြောင့်​ဖြစ်​၏။ သို့သော် ဖိလိပ္ပု​သည် ဘုရားသခင်​၏​နိုင်ငံ​တော်​နှင့် ယေရှု​ခရစ်တော်​၏​နာမ​တော်​အကြောင်း​ကို ဟောပြော​သောအခါ လူ​တို့​သည် ယုံကြည်​လျက် ယောက်ျား​များ​မှစ၍ မိန်းမ​များ​ပါ ဗတ္တိဇံ​ခံ​ကြ​၏။