YouVersion လိုဂို
ရှာရန် အိုင်ကွန်

တမန်တော် 5:14-16

တမန်တော် 5:14-16 Judson Bible (JBMLE)

သ​ခင်​ဘု​ရား၌​ယုံ​ကြည်​သော ယောက်ျား၊ မိန်း​မ၊ အ​ပေါင်း​တို့​သည် သင်း​ဝင်​ကြ၏။- ပေ​တ​ရု​သည် လမ်း၌​လျှောက်​သွား​စဉ်၊ အ​နာ​စွဲ​သော​သူ​တို့​တွင် တစ်​ယောက်​ယောက်​ကို သူ၏​အ​ရိပ်​လွှမ်း​မိုး​စေ​ခြင်း​ငှာ၊ လူ​နာ​တို့​ကို လမ်း​နား​သို့​ထုတ်၍ ခု​တင်​မွေ့​ရာ​ပေါ်​မှာ ထား​ကြ၏။- ပတ်​လည်​ဝန်း​ကျင်၌​ရှိ​သော မြို့​သူ​ရွာ​သား အ​ပေါင်း​တို့​သည် အ​နာ​စွဲ​သော​သူ၊ နတ်​ဆိုး​ညှဉ်း​ဆဲ​သော​သူ​တို့​ကို ဆောင်​ခဲ့​လျက်၊ ယေ​ရု​ရှ​လင်​မြို့​သို့ စု​ဝေး​လာ​ကြ၍၊ ထို​လူ​နာ​အ​ပေါင်း​တို့​သည် အ​နာ​ကင်း​လွတ်​ခြင်း​သို့ ရောက်​ကြ၏။

တမန်တော် 5:14-16 Common Language Bible (BCL)

သို့​ရာ​တွင်​သ​ခင်​ဘု​ရား​ကို​သက်​ဝင်​ယုံ​ကြည် သူ အ​မျိုး​သား​အ​မျိုး​သ​မီး​အ​ရေ​အ​တွက် သည်​ပို​၍​ပို​၍​များ​လာ​၏။- လူ​တို့​သည်​သူ​နာ​များ​ကို​ယူ​ဆောင်​လာ​ကြ ၏။ ပေ​တ​ရု​လျှောက်​လာ​သော​အ​ခါ​ယုတ်​စွ အ​ဆုံး၊ အ​ချို့​သော​သူ​နာ​တို့​အ​ပေါ်​သို့ ပေ​တ​ရု​၏​အ​ရိပ်​လွှမ်း​မိ​စေ​ရန်​အိပ်​ရာ များ၊ ထမ်း​စင်​များ​ဖြင့်​သူ​နာ​များ​ကို​လမ်း ပေါ်​တွင်​ချ​ထား​ကြ​၏။- ထို့​ပြင်​ယေ​ရု​ရှ​လင်​မြို့​ပတ်​ဝန်း​ကျင်​မြို့​ရွာ များ​မှ လူ​ပ​ရိ​သတ်​တို့​သည်​ဖျား​နာ​သူ​များ၊ နတ်​မိစ္ဆာ​ပူး​ဝင်​နေ​သူ​များ​ကို​ခေါ်​ဆောင်​လာ ကြ​၏။ ထို​သူ​နာ​အ​ပေါင်း​သည်​ရော​ဂါ​ပျောက် ကင်း​သွား​ကြ​၏။

တမန်တော် 5:14-16 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

သခင်​ဘုရား​ကို​ယုံကြည်​သူ အမျိုးသား၊ အမျိုးသမီး​အမြောက်အမြား​တို့​သည်​လည်း ပို၍​တိုးပွား​လာ​ကြ​၏။ လူ​တို့​သည် နာမကျန်း​ဖြစ်​သူ​များ​ကို လမ်းမ​ပေါ်သို့​သယ်ဆောင်​လာ​၍ ခုတင်​များ​နှင့် အိပ်ရာ​များ​ပေါ်တွင် ထား​ကြ​ကာ ပေတရု​လာ​သောအခါ သူ​၏​အရိပ်​ကို​ပင် ထို​လူနာ​အချို့​တို့​အပေါ်​သို့​ကျရောက်​စေရန် ကြိုးစား​ကြ​၏။ ဂျေရုဆလင်​မြို့​ပတ်ဝန်းကျင်​ရှိ မြို့​များ​မှ များစွာ​သော​လူ​တို့​သည်​လည်း နာမကျန်း​ဖြစ်​သူ​များ​နှင့် ညစ်ညူး​သော​နတ်​တို့​၏​ပူးဝင်​နှောင့်ယှက်​ခြင်း​ခံရ​သူ​များ​ကို ခေါ်ဆောင်​လာ​၍ စုဝေး​လာ​ကြ​ရာ ထို​သူ​အပေါင်း​တို့​သည် အကောင်းပကတိ​ဖြစ်​လာ​ကြ​၏။