YouVersion လိုဂို
ရှာရန် အိုင်ကွန်

တမန်တော် 5:1-5

တမန်တော် 5:1-5 Judson Bible (JBMLE)

သို့​ရာ​တွင် အာ​န​နိ​နှင့် ရှ​ဖိ​ရေ​အ​မည်​ရှိ​သော လင်​မ​ယား​နှစ်​ယောက်​တို့​မူ​ကား၊ ဥ​စ္စာ​တစ်​စုံ​တစ်​ခု​ကို ရောင်း​ပြီး​လျှင်၊- ထို​သူ​သည် မိ​မိ​ခင်​ပွန်း​နှင့်​သ​ဘော​တူ​လျက်၊ အ​ဖိုး၏​တစ်​ဖို့​ကို ထိမ်​ဝှက်​သ​ဖြင့်၊ တစ်​ဖို့​ကို​သာ​ယူ​ဆောင်​ခဲ့၍ တ​မန်​တော်​တို့၏ ခြေ​ရင်း၌ ထား​လေ၏။- ပေ​တ​ရု​က​လည်း၊ အာ​န​နိ၊ သင်​သည် သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​ကို လှည့်​စား၍၊ မြေ​ကို​ရောင်း​သော အ​ဖိုး၏​တစ်​ဖို့​ကို ထိမ်​ဝှက်​မည်​အ​ကြောင်း၊ စာ​တန်​သည် သင်၏​စိတ်​နှ​လုံး​ကို အ​ဘယ်​ကြောင့် ပြည့်​စေ​ရ​သ​နည်း။- ထို​မြေ​ရှိ​စဉ်​တွင် ကိုယ်​ပိုင်​သည် မ​ဟုတ်​လော။ ရောင်း၍​ရ​သော အ​ဖိုး​သည် ကိုယ်​ဥ​စ္စာ​ဖြစ်​သည် မ​ဟုတ်​လော။ အ​ဘယ်​ကြောင့် ဤ​သို့​ကြံ​စည်​သ​နည်း။ လူ​ကို​သာ မု​သား​ပြော​ပြီ​မ​ဟုတ်၊ ဘု​ရား​သ​ခင်​ကို​လည်း မု​သား​ပြော​ပြီ​ဟု ပေ​တ​ရု​ဆို၏။- ထို​စ​ကား​ကို​ကြား​လျှင်၊ အာ​န​နိ​သည် လဲ၍​သေ၏။ ထို​အ​ကြောင်း​အ​ရာ​ကို ကြား​သော​သူ​အ​ပေါင်း​တို့​သည် အ​လွန်​ကြောက်​လန့်​ခြင်း​သို့ ရောက်​ကြ၏။

တမန်တော် 5:1-5 Common Language Bible (BCL)

အာ​န​နိ​ဆို​သူ​နှင့်​သူ​၏​ဇ​နီး​ရှ​ဖိ​ရေ​တို့ သည် မိ​မိ​တို့​၏​မြေ​ကို​ရောင်း​ချ​ကြ​၏။- သို့​သော်​အာ​န​နိ​သည်​ရောင်း​ရ​သော​ငွေ​အ​ချို့ အ​ဝက်​ကို ဇ​နီး​သည်​၏​သ​ဘော​တူ​ညီ​ချက် အ​ရ မိ​မိ​အ​ဖို့​ဖယ်​ထား​ပြီး​မှ​ကျန်​ငွေ​ကို တ​မန်​တော်​တို့​အား​ပေး​အပ်​လေ​သည်။- ပေ​တ​ရု​က ``အာ​န​နိ၊ သင်​သည်​လယ်​ရောင်း​ရ ငွေ​အ​ချို့​အ​ဝက်​ကို​မိ​မိ​အ​ဖို့​ဖယ်​ထား​ခြင်း အား​ဖြင့် သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​ကို​လှည့် စား​လေ​ပြီ။ အ​ဘယ်​ကြောင့်​စာ​တန်​အား​သင် ၏​စိတ်​နှ​လုံး​ကို​စိုး​မိုး​ခွင့်​ပေး​ပါ​သ​နည်း။- သင်​သည်​ထို​လယ်​ကို​မ​ရောင်း​ချ​မီ​က​ပိုင်​ဆိုင် သည်​မ​ဟုတ်​လော။ ရောင်း​ချ​ပြီး​သော​အ​ခါ ၌​လည်း မြေ​ဖိုး​ငွေ​ကို​ပိုင်​သည်​မ​ဟုတ်​လော။ သို့ ပါ​လျက်​အ​ဘယ်​ကြောင့်​ဤ​သို့​သော​အ​ကြံ အ​စည်​ကို​ပြု​ပါ​သ​နည်း။ သင်​သည်​လူ​ကို လှည့်​စား​သည်​မ​ဟုတ်။ ဘု​ရား​သ​ခင်​ကို​လှည့် စား​လေ​ပြီ'' ဟု​ဆို​၏။- ထို​စ​ကား​ကို​ကြား​သည်​နှင့်​တစ်​ပြိုင်​နက် အာ​န​နိ​သည်​လဲ​ကျ​သေ​ဆုံး​လေ​သည်။ ဤ အ​ဖြစ်​အ​ပျက်​အ​ကြောင်း​ကို​ကြား​ကြ​သူ အ​ပေါင်း​သည် လွန်​စွာ​ကြောက်​လန့်​ကြ​၏။

တမန်တော် 5:1-5 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

သို့သော် အာနနိ​အမည်​ရှိ​သော​လူ​တစ်​ဦး​သည် သူ​၏​ဇနီး ရှဖိရေ​နှင့်အတူ ဥစ္စာ​ပစ္စည်း​ကို​ရောင်း​ပြီးလျှင် ဇနီး​သည်​နှင့်​သဘောတူ​လျက် အဖိုးငွေ​ထဲမှ​အချို့​ကို ထိမ်ချန်​ထား​ကာ အချို့​သော​ငွေ​ကို​သာ​ယူဆောင်​လာ​၍ တမန်တော်​တို့​၏​ခြေရင်း​၌​ထား​လေ​၏။ ထိုအခါ ပေတရု​က “အာနနိ၊ သင်​သည် အဘယ်ကြောင့် စာတန်​အား သင်​၏​စိတ်နှလုံး​ကို​အုပ်စိုး​ခွင့်​ပေး​၍ သန့်ရှင်း​သော​ဝိညာဉ်​တော်​ကို​လိမ်ညာ​ကာ မြေ​ဖိုး​ထဲမှ​အချို့​ကို ထိမ်ချန်​ထား​သနည်း။ ထို​မြေ​သည် သင့်​လက်​ထဲ၌​ရှိ​စဉ် သင်​ပိုင်​သည်​မ​ဟုတ်​လော။ ရောင်း​ပြီး​သောအခါ​၌​လည်း ရရှိ​သော​ငွေ​ကို သင်​အလိုရှိ​သည့်​အတိုင်း ပြု​နိုင်​သည်​မ​ဟုတ်​လော။ သို့ဖြစ်ပါလျက်နှင့် သင့်​စိတ်နှလုံး​ထဲ၌ ဤ​အမှု​ကို အဘယ်ကြောင့်​ကြံစည်​ရ​သနည်း။ သင်​သည် လူ​ကို​လိမ်ညာ​သည်​မ​ဟုတ်​ဘဲ ဘုရားသခင်​ကို​လိမ်ညာ​လေ​ပြီ”​ဟု ဆို​၏။ အာနနိ​သည် ထို​စကား​တို့​ကို​ကြား​လျှင် လဲ​၍​သေဆုံး​လေ​၏။ ထို​အခြင်းအရာ​ကို ကြား​ရ​သော​သူ​အားလုံး​တို့​သည် အလွန်​ကြောက်ရွံ့​သွား​ကြ​၏။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။