YouVersion လိုဂို
ရှာရန် အိုင်ကွန်

တမန်တော် 4:29-35

တမန်တော် 4:29-35 Judson Bible (JBMLE)

အို ထာ​ဝ​ရ​ဘု​ရား၊ ယ​ခု​အ​ခါ ထို​သူ​တို့၏ ခြိမ်း​ခြောက်​ခြင်း​ကို မှတ်​တော်​မူ​ပါ။- အ​နာ​ရော​ဂါ​ငြိမ်း​စေ​ခြင်း​ငှာ လက်​တော်​ကို ဆန့်​တော်​မူ၍၊ သန့်​ရှင်း​သော သား​တော်​ယေ​ရှု၏ နာ​မ​တော်​အား​ဖြင့် နိ​မိတ်​လ​က္ခ​ဏာ၊ အံ့​ဖွယ်​သော​အ​မှု​တို့​ကို ဖြစ်​စေ​တော်​မူ​စဉ်​တွင်၊ ကိုယ်​တော်၏​ကျွန်​တို့​သည် နှုတ်​က​ပတ်​တ​ရား​တော်​ကို ရဲ​ရင့်​စွာ ဟော​ပြော​ပါ​မည်​အ​ကြောင်း ကယ်​မ​သ​နား​တော်​မူ​ပါ​ဟု ဆု​တောင်း​ကြ၏။- ထို​သို့​ဆု​တောင်း​ပ​တ္ထ​နာ​ပြု​ပြီး​မှ၊ စု​ဝေး​သော အ​ရပ်​သည် တုန်​လှုပ်၍၊ ထို​သူ​အ​ပေါင်း​တို့​သည် သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​နှင့် ပြည့်​သ​ဖြင့်၊ ဘု​ရား​သ​ခင်၏ နှုတ်​က​ပတ်​တ​ရား​တော်​ကို ရဲ့​ရင့်​စွာ​ဟော​ပြော​ကြ၏။ ယုံ​ကြည်​သော​သူ​အ​ပေါင်း​တို့​သည် စိတ်​နှ​လုံး တ​ညီ​တ​ညွတ်​တည်း​ရှိ​ကြ၍၊ အ​ဘယ်​သူ​မျှ မိ​မိ​ဥ​စ္စာ​တစ်​စုံ​တစ်​ခု​ကို ငါ့​ဥ​စ္စာ​ဟူ၍​မ​ဆို​ဘဲ​လျက်၊ ရှိ​သ​မျှ​သော​ဥ​စ္စာ​တို့​ကို ဆက်​ဆံ​သ​ဖြင့် သုံး​ဆောင်​ကြ၏။- သ​ခင်​ယေ​ရှု ထ​မြောက်​တော်​မူ​ခြင်း​အ​ကြောင်း​ကို တ​မန်​တော်​တို့​သည် ကြီး​သော​တန်​ခိုး​နှင့် သက်​သေ​ခံ၍၊ ထို​သူ​အ​ပေါင်း​တို့​သည် ကြီး​သော​ကျေး​ဇူး​တော်​နှင့် ပြည့်​စုံ​ကြ၏။- ထို​သူ​တို့​တွင် ဆင်း​ရဲ​သော​သူ တစ်​ယောက်​မျှ​မ​ရှိ။ အ​ကြောင်း​မူ​ကား၊ အိမ်၊ မြေ​ကွက်​ကို ပိုင်​သော​သူ​ရှိ​သ​မျှ​တို့​သည် ရောင်း​ပြီး​လျှင်၊ ရ​သော​အ​ဖိုး​ကို​ယူ​ဆောင်​ခဲ့၍၊- တ​မန်​တော်​တို့၏ ခြေ​ရင်း၌​ထား​ကြ​သ​ဖြင့်၊ လူ​များ​ဆင်း​ရဲ​သည်​အ​တိုင်း အ​သီး​အ​သီး​တို့​အား ဝေ​ငှ​ပေး​ကမ်း​ကြ၏။

တမန်တော် 4:29-35 Common Language Bible (BCL)

အို ထာ​ဝ​ရ​ဘု​ရား၊ ယ​ခု​အ​ခါ​ထို​သူ​တို့​၏ ခြိမ်း​ခြောက်​ခြင်း​ကို​ရှု​မှတ်​တော်​မူ​ပါ။ ကိုယ်​တော် ရှင်​၏​အ​စေ​ခံ​တို့​အား​အ​ရှင့်​တ​ရား​တော်​ကို ရဲ​ရင့်​စွာ​ဟော​ပြော​နိုင်​ခွင့်​ကို​ပေး​သ​နား​တော် မူ​ပါ။- လူ​တို့​၏​အ​နာ​ရော​ဂါ​များ​ကို​ပျောက်​ကင်း စေ​ရန် ကိုယ်​တော်​ရှင်​၏​လက်​တော်​ကို​ဆန့်​တော် မူ​ပါ။ ကိုယ်​တော်​ရှင်​၏​သန့်​ရှင်း​မြင့်​မြတ်​သော အ​စေ​ခံ​သ​ခင်​ယေ​ရှု​၏​နာ​မ​တော်​အား​ဖြင့် နိ​မိတ်​လက္ခ​ဏာ​နှင့်​အံ့​သြ​ဖွယ်​ရာ​များ​ကို ပြု​တော်​မူ​ပါ။'' ထို​သို့​ဆု​တောင်း​ကြ​ပြီး​သော​အ​ခါ​၌ သူ​တို့ စု​ဝေး​ရာ​အ​ရပ်​သည်​တုန်​လှုပ်​လေ​၏။ သူ​တို့ သည်​သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​ဖြင့်​ပြည့်​ဝ လျက် ဘု​ရား​သ​ခင်​၏​တ​ရား​တော်​ကို​ရဲ​ရင့် စွာ​ဟော​ပြော​ကြ​၏။ ယုံ​ကြည်​သူ​တို့​သည်​တစ်​စိတ်​တစ်​ဝမ်း​တည်း​ဖြစ်​ကြ သ​ဖြင့် မည်​သူ​မျှ​မိ​မိ​၏​ဥစ္စာ​ပစ္စည်း​များ​ကို​မိ​မိ​ပိုင် သည်​ဟု​မ​ဆို​ဘဲ၊ ခပ်​သိမ်း​သော​ဥစ္စာ​ပစ္စည်း​တို့​ကို အ​များ​ပိုင်​ဘုံ​ပစ္စည်း​အ​ဖြစ်​သာ​လျှင်​ထား​ရှိ ကြ​၏။- တ​မန်​တော်​တို့​သည်​သ​ခင်​ယေ​ရှု​ရှင်​ပြန် ထ​မြောက်​တော်​မူ​ခြင်း​အ​ကြောင်း​ကို တန်​ခိုး ကြီး​စွာ​ဖြင့်​သက်​သေ​ခံ​ကြ​၏။ ဘု​ရား​သ​ခင် သည်​သူ​တို့​အား​လုံး​အ​ပေါ်​သို့​ကောင်း​ချီး မင်္ဂ​လာ​ကြွယ်​ဝ​စွာ​သွန်း​လောင်း​တော်​မူ​၏။- လယ်​ကို​ဖြစ်​စေ၊ အိမ်​ကို​ဖြစ်​စေ​ပိုင်​ဆိုင်​ကြ သူ​တို့​သည် မိ​မိ​တို့​ပစ္စည်း​များ​ကို​ရောင်း​ချ ၍ ရ​ရှိ​သော​ငွေ​များ​ကို​ယူ​လာ​ကာ​တ​မန် တော်​တို့​အား​ပေး​အပ်​ကြ​၏။ ထို​နောက်​တ​မန် တော်​တို့​သည်​လူ​တိုင်း​တို့​အား သူ​တို့​၏​ချို့​တဲ့ မှု​ပ​မာ​ဏ​ကို​လိုက်​၍​ဝေ​ပေး​ကြ​၏။ သို့​ဖြစ် ၍​ထို​လူ​စု​အ​ထဲ​တွင်​ချို့​တဲ့​သူ​ဟူ​၍​တစ်​ဦး တစ်​ယောက်​မျှ​မ​ရှိ။

တမန်တော် 4:29-35 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ထာဝရ​ဘုရား၊ ယခု သူ​တို့​၏​ခြိမ်းခြောက်​မှု​များ​ကို သတိမူ​လျက် ကိုယ်တော်​၏​အစေအပါး​တို့​အား နှုတ်ကပတ်​တရား​ကို​ရဲရင့်​ခြင်း​အပြည့်အဝ​ဖြင့်​ဟောပြော​ရ​သော​အခွင့်​ကို​ပေး​တော်မူ​ပါ။ တစ်ချိန်​တည်း​မှာ​ပင် အနာရောဂါ​များ​ကို​ငြိမ်း​စေ​ရန် ကိုယ်တော်​၏​လက်​တော်​ကို​ဆန့်တန်း​၍ ကိုယ်တော်​၏​သန့်ရှင်း​သော​အမှုဆောင်​ယေရှု​၏​နာမ​တော်​ဖြင့် နိမိတ်​လက္ခဏာ​များ​နှင့် အံ့ဩဖွယ်ရာ​များ​ကို​ပြုခွင့်​ပေး​တော်မူ​ပါ”​ဟု ဆုတောင်း​ကြ​၏။ ထိုသို့ သူ​တို့​ဆုတောင်း​ပြီး​သောအခါ သူ​တို့​စုဝေး​နေ​ကြ​သော​နေရာ​သည် တုန်လှုပ်​၍ သူ​တို့​အားလုံး​သည် သန့်ရှင်း​သော​ဝိညာဉ်​တော်​နှင့်​ပြည့်ဝ​လျက် ဘုရားသခင်​၏​နှုတ်ကပတ်​တရား​ကို ရဲရင့်​စွာ​ဟောပြော​ကြ​၏။ ယုံကြည်​သူ​တို့​၏​အစုအဝေး​သည် တစ်စိတ်​တစ်သဘောတည်း​ရှိ​ကြ​၍ မည်သူ​တစ်ဦးတစ်ယောက်​က​မျှ မိမိ​ဥစ္စာ​ပစ္စည်း​များ​ကို မိမိ​ပိုင်ဆိုင်​သည်​ဟု​မ​ဆို​ဘဲ ရှိသမျှ​သော​အရာ​တို့​ကို စုပေါင်း​ပိုင်ဆိုင်​သော​အရာ​အဖြစ်​ထား​ကြ​၏။ တမန်တော်​တို့​သည် သခင်​ယေရှု​၏​ရှင်ပြန်​ထမြောက်​ခြင်း​အကြောင်း​ကို ကြီးစွာ​သော​တန်ခိုး​ဖြင့် သက်သေခံ​ကြ​၍ ကြီးမား​သော​ကျေးဇူး​တော်​သည် သူ​တို့​အားလုံး​အပေါ်သို့ သက်ရောက်​လေ​၏။ သူ​တို့​ထဲတွင် ဆင်းရဲ​ချို့တဲ့​သူ​တစ်ယောက်မျှ​မ​ရှိ​ပေ။ အကြောင်းမူကား မြေကွက်​၊ သို့မဟုတ် အိမ်ရာ​တို့​ကို ပိုင်ဆိုင်​သော​သူ​ရှိ​သမျှ​တို့​သည် ၎င်း​တို့​ကို​ရောင်း​ပြီးလျှင် ရရှိ​သော​ငွေ​များ​ကို ယူဆောင်​လာ​ကာ တမန်တော်​တို့​၏​ခြေ​ရင်း​၌​ထား​၍ တစ်ဦးချင်းစီ​၌ လိုအပ်​မှု​ရှိ​သည့်​အတိုင်း အသီးသီး​တို့​အား ခွဲဝေ​ပေး​ကြ​၏။