YouVersion လိုဂို
ရှာရန် အိုင်ကွန်

တမန်တော် 4:1-31

တမန်တော် 4:1-31 Judson Bible (JBMLE)

ထို​သို့ တ​မန်​တော်​တို့​သည် လူ​များ​တို့​အား​ဟော​ပြော​စဉ်​တွင်၊ ဗိ​မာန်​တော်​မှူး​မှ​စ​သော ယဇ်​ပု​ရော​ဟိတ်​တို့​နှင့် ဇ​ဒ္ဒု​ကဲ​များ​တို့​သည် လာ​ကြ​သ​ဖြင့်၊- တ​မန်​တော်​တို့​သည် လူ​များ​တို့​အား​ဆုံး​မ​ဩ​ဝါ​ဒ​ပေး၍ ယေ​ရှု​ကို​အ​ကြောင်း​ပြု​လျက် သေ​ခြင်း​မှ ထ​မြောက်​ခြင်း​တ​ရား​ကို ဟော​သော​ကြောင့်၊ ထို​မင်း​များ​တို့​သည် စိတ်​ပူ​ပန်​ခြင်း​ရှိ​သည်​နှင့်၊- တ​မန်​တော်​တို့​ကို ဖမ်း​ဆီး​ပြီး​မှ၊ ည​အ​ချိန်​ဖြစ်​သော​ကြောင့် နက်​ဖြန်​နေ့​တိုင်​အောင် နှောင်​အိမ်၌ ချုပ်​ထား​ကြ၏။- တ​ရား​နာ​သော​သူ​အ​များ​တို့​သည် ယုံ​ကြည်​ခြင်း​သို့​ရောက်၍ အ​ရေ​အ​တွက်​အား​ဖြင့် လူ​ငါး​ထောင်​မျှ​လောက် ရှိ​ကြ၏။ နက်​ဖြန်​နေ့​ရောက်​သော် မင်း​အ​ရာ​ရှိ၊ လူ​အ​ကြီး​အ​ကဲ၊ ကျမ်း​ပြု​ဆ​ရာ​တို့​နှင့်၊- ယဇ်​ပု​ရော​ဟိတ်​မင်း​အ​န္နတ်၊ က​ယာ​ဖ၊ ယော​ဟန်၊ အာ​လေ​ဇ​န္ဒြု​မှ​စ၍ ယဇ်​ပု​ရော​ဟိတ်​မင်း​မျိုး ရှိ​မျှ​တို့​သည် ယေ​ရု​ရှ​လင်​မြို့၌ စု​ဝေး​ကြ​ပြီး​လျှင်၊- တ​မန်​တော်​တို့​ကို အ​လယ်၌​ထား၍၊ သင်​တို့​သည် အ​ဘယ်​သို့​သော​တန်​ခိုး၊ အ​ဘယ်​သူ၏​နာ​မ​အား​ဖြင့် ဤ​အ​မှု​ကို​ပြု​သ​နည်း​ဟု မေး​မြန်း​ကြ၏။ ထို​အ​ခါ​ပေ​တ​ရု​သည် သန့်​ရှင်း​သော ဝိ​ညာဉ်​တော်​နှင့် ပြည့်​စုံ​လျက်၊ လူ​များ​ကို အ​စိုး​ရ​သော​မင်း​တို့​နှင့် ဣ​သ​ရေ​လ​အ​မျိုး​အ​ကြီး​အ​ကဲ​တို့၊ အင်္ဂါ​ချို့​တဲ့​သော​သူ​ကို ကျေး​ဇူး​ပြု၍၊ သူ​သည် အ​နာ​ရော​ဂါ​နှင့် အ​ဘယ်​သို့ ကင်း​လွတ်​သ​နည်း​ဟု ငါ​တို့​သည် ယ​နေ့​အ​စစ်​ခံ​ရ​လျှင်၊- သင်​တို့​သည် လက်​ဝါး​ကပ်​တိုင်​မှာ​ကွပ်​မျက်၍၊ ဘု​ရား​သ​ခင်​သည် သေ​ခြင်း​မှ​ထ​မြောက်​စေ​တော်​မူ​သော နာ​ဇ​ရက်​မြို့​သား ယေ​ရှု​ခ​ရစ်၏ နာ​မ​တော်​အား​ဖြင့် ဤ​သူ​သည် သင်​တို့​မျက်​မှောက်၌ ကျန်း​မာ​လျက်​ရှိ​သည်​ကို သင်​တို့​မှ​စ၍ ဣ​သ​ရေ​လ​လူ​အ​ပေါင်း​တို့ သိ​မှတ်​ကြ​လော့။- ထို​သ​ခင်​ကား၊ သင်​တို့​သည် တိုက်​ကို တည်​လုပ်​သော​အ​ခါ ပယ်​ထား၍၊ နောက်​တစ်​ဖန် တိုက်​ထောင့် အ​ထွတ်​ဖျား​သို့​ရောက်​ပြန်​သော ကျောက်​ဖြစ်​တော်​မူ၏။ ထို​သ​ခင်​မှ​တစ်​ပါး အ​ဘယ်​သူ​မျှ ကယ်​တင်​ခြင်း​အ​မှု​ကို မ​တတ်​နိုင်။- ထို​သ​ခင်၏ နာ​မ​တော်​မှ​တစ်​ပါး ငါ​တို့​ကို ကယ်​တင်​နိုင်​သော နာ​မ​တစ်​စုံ​တစ်​ခု​မျှ ကောင်း​ကင်​အောက် လူ​တို့​တွင် မ​ပေါ်​မ​ရှိ​ဟု ပေ​တ​ရု​သည် ထို​သူ​တို့​အား မြွက်​ဆို၏။ ထို​သူ​တို့​သည် ပေ​တ​ရု​နှင့် ယော​ဟန်​တို့၏ ရဲ​ရင့်​ခြင်း​သ​တ္တိ​ကို မြင်၍၊ လူ​တတ်​မ​ဟုတ်၊ လူ​သာ​မ​ည​သာ ဖြစ်​သည်​ကို သိ​မှတ်​သ​ဖြင့် အံ့​ဩ၍​နေ​ကြ၏။ ထို​သူ​နှစ်​ယောက်​တို့​သည် အ​ထက်​က​ယေ​ရှု​နှင့်​အ​တူ ရှိ​သည်​ကို သ​တိ​ရ၍​လည်း​ကောင်း၊- အ​နာ​ကင်း​လွတ်​သော​သူ​သည် ထို​သူ​တို့​နှင့်​အ​တူ ရှိ​နေ​သည်​ကို မြင်၍​လည်း​ကောင်း၊ ငြင်း​ခုံ​ဆို​ဖွယ်​ရာ မ​ရှိ​မ​တွေ့​ကြ။- တ​မန်​တော်​တို့​ကို လွှတ်​တော်​မှ ထွက်​သွား​စေ​ပြီး​လျှင်၊ ဤ​သူ​တို့​ကို အ​ဘယ်​သို့​ပြု​ရ​မည်​နည်း။- သူ​တို့​သည် ထင်​ရှား​စွာ​သော နိ​မိတ်​လ​က္ခ​ဏာ​ကို ပြ​ပြီး​သည်​ကို၊ ယေ​ရု​ရှ​လင်​မြို့၌​နေ​သော သူ​အ​ပေါင်း​တို့​သည် သိ​မြင်​ကြ၏။ ငါ​တို့​သည်​လည်း ငြင်း​ခုံ​ခြင်း​ငှာ မ​တတ်​နိုင်​ပြီ။- သို့​သော်​လည်း လူ​များ​အ​ထဲ၌ သာ၍ မ​နှံ့​မ​ပြား​စေ​ခြင်း​ငှာ၊ နောက်​တစ်​ဖန် ထို​နာ​မ​ကို အ​မှီ​ပြု​လျက် အ​ဘယ်​သူ​ကို​မျှ မ​ဟော​မ​ပြော​နှင့်​ဟူ၍ သူ​တို့​ကို ကျပ်​တည်း​စွာ ခြိမ်း​ခြောက်​ကြ​ကုန်​အံ့​ဟု အ​ချင်း​ချင်း​တိုင်​ပင်​ပြီး​မှ၊- တ​မန်​တော်​တို့​ကို​ခေါ်၍၊ ယေ​ရှု၏​နာ​မ​ကို အ​မှီ​ပြု​လျက် ဟော​ပြော​သွန်​သင်​ခြင်း​ကို အ​လျှင်း​မ​ပြု​နှင့်​ဟု အ​မိန့်​ရှိ​ကြ၏။ ပေ​တ​ရု​နှင့် ယော​ဟန်​တို့​က​လည်း၊ ဘု​ရား​သ​ခင်၏ စ​ကား​တော်​ကို​နား​ထောင်​သည်​ထက် သင်​တို့၏​စ​ကား​ကို သာ၍​နား​ထောင်​သော်၊ ဘု​ရား​သ​ခင့်​ရှေ့​မှာ ကောင်း​မည်​မ​ကောင်း​မည်​ကို ဆင်​ခြင်၍ စီ​ရင်​ကြ​လော့။- ငါ​တို့​သည် ကြား​လျက်၊ မြင်​လျက်​ရှိ​သော​အ​ရာ​တို့​ကို မ​ဟော​မ​ပြော​ဘဲ​မ​နေ​နိုင်​ဟု ထို​သူ​တို့​အား ဆို​ကြ၏။- ထို​အ​ခါ တ​မန်​တော်​တို့၌ အ​ပြစ်​ဒဏ်​ပေး​သင့်​သော​အ​ကြောင်း​ကို မ​တွေ့​သ​ဖြင့် တစ်​ဖန် ခြိမ်း​ခြောက်​ပြီး​လျှင် လွှတ်​ကြ၏။- အ​ကြောင်း​မူ​ကား၊ အ​နာ​ကင်း​ခြင်း နိ​မိတ်​လ​က္ခ​ဏာ​ကို ခံ​ရ​သော​သူ​သည် အ​သက်​လေး​ဆယ်​ကျော်​ရှိ​သည်​ဖြစ်၍ လူ​အ​ပေါင်း​တို့​သည် ထို​အ​မှု​ကို​ထောက်​လျက် ဘု​ရား​သ​ခင်၏ ဂုဏ်​တော်​ကို​ချီး​မွမ်း​ကြ၏။ တ​မန်​တော်​တို့​သည် လွတ်​သော​အ​ခါ၊ မိ​မိ​တို့ အ​ပေါင်း​အ​သင်း ရှိ​ရာ​သို့​သွား၍၊ မိ​မိ​တို့​အား ယဇ်​ပု​ရော​ဟိတ် အ​ကြီး​တို့​နှင့် လူ​အ​ကြီး​အ​ကဲ​တို့ ပြော​ဆို​သ​မျှ​ကို ပြန်​ကြား​ကြ၏။- ထို​သူ​များ​တို့​သည်​ကြား​ရ​လျှင်၊ တ​ညီ​တ​ညွတ်​တည်း ဘု​ရား​သ​ခင့်​ထံ​သို့​အ​သံ​ကို​လွှင့်​လျက်၊ အ​စိုး​ရ​တော်​မူ​သေ​အ​ရှင်၊ ကိုယ်​တော်​သည် ကောင်း​ကင်၊ မြေ​ကြီး၊ သ​မု​ဒ္ဒ​ရာ​မှ​စ၍ ထို​အ​ရပ်​တို့၌ ရှိ​သ​မျှ​တို့​ကို ဖန်​ဆင်း​တော်​မူ​သော ဘု​ရား​သ​ခင်​ဖြစ်​တော်​မူ၏။- ကိုယ်​တော်​က​လည်း၊ လူ​မျိုး​တို့​သည် အ​ဘယ်​ကြောင့် ရုန်း​ရင်း​ခတ်​ပြု​ကြ​သ​နည်း။ လူ​စု​တို့​သည် အ​ဘယ်​ကြောင့် အ​ချည်း​နှီး ကြံ​စည်​ကြ​သ​နည်း။- လော​ကီ​ရှင်​ဘု​ရင်​တို့​သည် ထ​ကြ၍၊ မှူး​မတ်​အ​ရာ​ရှိ​တို့​လည်း ထာ​ဝ​ရ​ဘု​ရား​နှင့် ခ​ရစ်​တော်​ကို ရန်​ဘက်​ပြု​လျက် စည်း​ဝေး​ကြ၏​ဟု ကိုယ်​တော်​ကျွန်​ဒါ​ဝိဒ်၏ နှုတ်​ဖြင့် ဗျာ​ဒိတ်​ထား​တော်​မူ​သည်​နှင့်​အ​ညီ၊- ဟေ​ရုဒ်​မင်း၊ ပု​န္တိ​ပိ​လတ်​မင်း​မှ​စ၍ ဣ​သ​ရေ​လ​အ​မျိုး​သား၊ တစ်​ပါး​အ​မျိုး​သား​တို့​သည်၊- ကိုယ်​တော်၏ အ​လို​ရှိ​သည်​အ​တိုင်း၊ ရှေး​မ​ဆွ​က လက်​တော်​ဖြင့် ခွဲ​ခန့်​မှတ်​သား​တော်​မူ​နှင့်​သ​မျှ​တို့​ကို ပြု​ခြင်း​ငှာ ဘိ​သိက်​ပေး​တော်​မူ​သော သား​တော်​မြတ်​ယေ​ရှု​ကို ဤ​မြို့၌​ရန်​ဘက်​ပြု၍ စည်း​ဝေး​ကြ​ပြီ၊ အ​မှန်​ဖြစ်​ပါ၏။- အို ထာ​ဝ​ရ​ဘု​ရား၊ ယ​ခု​အ​ခါ ထို​သူ​တို့၏ ခြိမ်း​ခြောက်​ခြင်း​ကို မှတ်​တော်​မူ​ပါ။- အ​နာ​ရော​ဂါ​ငြိမ်း​စေ​ခြင်း​ငှာ လက်​တော်​ကို ဆန့်​တော်​မူ၍၊ သန့်​ရှင်း​သော သား​တော်​ယေ​ရှု၏ နာ​မ​တော်​အား​ဖြင့် နိ​မိတ်​လ​က္ခ​ဏာ၊ အံ့​ဖွယ်​သော​အ​မှု​တို့​ကို ဖြစ်​စေ​တော်​မူ​စဉ်​တွင်၊ ကိုယ်​တော်၏​ကျွန်​တို့​သည် နှုတ်​က​ပတ်​တ​ရား​တော်​ကို ရဲ​ရင့်​စွာ ဟော​ပြော​ပါ​မည်​အ​ကြောင်း ကယ်​မ​သ​နား​တော်​မူ​ပါ​ဟု ဆု​တောင်း​ကြ၏။- ထို​သို့​ဆု​တောင်း​ပ​တ္ထ​နာ​ပြု​ပြီး​မှ၊ စု​ဝေး​သော အ​ရပ်​သည် တုန်​လှုပ်၍၊ ထို​သူ​အ​ပေါင်း​တို့​သည် သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​နှင့် ပြည့်​သ​ဖြင့်၊ ဘု​ရား​သ​ခင်၏ နှုတ်​က​ပတ်​တ​ရား​တော်​ကို ရဲ့​ရင့်​စွာ​ဟော​ပြော​ကြ၏။

တမန်တော် 4:1-31 Common Language Bible (BCL)

ပေ​တ​ရု​နှင့်​ယော​ဟန်​တို့​သည်​လူ​တို့​အား ဟော​ပြော​လျက်​နေ​ကြ​စဉ်​ယဇ်​ပု​ရော​ဟိတ် များ၊ ဗိ​မာန်​တော်​အ​စောင့်​တပ်​မှူး​နှင့်​ဇဒ္ဒုကဲ များ​သည်​ရောက်​လာ​ကြ​၏။- တ​မန်​တော်​တို့​သည် သေ​ခြင်း​မှ​သ​ခင်​ယေ​ရှု ရှင်​ပြန်​ထ​မြောက်​သည့်​အ​ကြောင်း​ကို​ဟော​ပြော လျက်​နေ​သ​ဖြင့် ဇဒ္ဒု​ကဲ​တို့​စိတ်​ဆိုး​ကြ​၏။ အ​ဘယ်​ကြောင့်​ဆို​သော်​ကိုယ်​တော်​သေ​ခြင်း မှ​ရှင်​ပြန်​ထ​မြောက်​မှု​သည် သူ​သေ​တို့​ရှင်​ပြန် ထ​မြောက်​ကြ​လိမ့်​မည်​ဟူ​သော​အ​ယူ​ဝါ​ဒ မှန်​ကန်​ကြောင်း​ကို သက်​သေ​ထူ​လျက်​ရှိ​သော ကြောင့်​ဖြစ်​၏။- သို့​ဖြစ်​၍​သူ​တို့​သည်​တ​မန်​တော်​တို့​ကို ဖမ်း​ဆီး​ကြ​ပြီး​နောက် ည​ချမ်း​အ​ချိန်​ရှိ ပြီ​ဖြစ်​၍ နောက်​တစ်​နေ့​နံ​နက်​တိုင်​အောင် ချုပ်​နှောင်​ထား​ကြ​၏။- သို့​ရာ​တွင်​တ​ရား​နာ​သော​သူ​အ​မြောက် အ​မြား​ပင် ကိုယ်​တော်​ကို​သက်​ဝင်​ယုံ​ကြည် လာ​ကြ​၏။ ယုံ​ကြည်​သူ​အ​ရေ​အ​တွက် ငါး​ထောင်​ခန့်​တိုး​ပွား​လာ​သ​တည်း။ နောက်​တစ်​နေ့​၌​ယု​ဒ​ခေါင်း​ဆောင်​များ၊ အ​ကြီး အ​ကဲ​များ​နှင့်​ကျမ်း​တတ်​ဆ​ရာ​များ​သည် ယေ​ရု​ရှ​လင်​မြို့​တွင်​စု​ဝေး​ကြ​ပြီး​လျှင်၊- ယဇ်​ပု​ရော​ဟိတ်​မင်း​အန္နတ်​နှင့်​တ​ကွ​သူ​၏ အိမ်​ထောင်​စု​သား​များ​ဖြစ်​သည့်​က​ယာ​ဖ၊ ယော​ဟန်၊ အာ​လေ​ဇန္ဒြေု​အ​စ​ရှိ​သော​သူ အ​ပေါင်း​တို့​နှင့်​တွေ့​ဆုံ​တိုင်​ပင်​ကြ​၏။- ထို​သူ​တို့​သည်​မိ​မိ​တို့​ရှေ့​တွင်​တ​မန်​တော် နှစ်​ပါး​ကို​ရပ်​စေ​၍``သင်​တို့​သည်​မည်​သည့် တန်​ခိုး၊ မည်​သည့်​နာ​မ​အား​ဖြင့်​ဤ​အ​မှု ကို​ပြု​သ​နည်း'' ဟု​မေး​မြန်း​ကြ​၏။ ထို​အ​ခါ​ပေ​တ​ရု​သည် သန့်​ရှင်း​သော​ဝိ​ညာဉ် တော်​ဖြင့်​ပြည့်​ဝ​လျက်``လူ​တို့​၏​ခေါင်း​ဆောင် တို့​နှင့်​အ​ကြီး​အ​ကဲ​တို့၊- ခြေ​မ​စွမ်း​မ​သန်​သူ​တစ်​ယောက်​ကို​ကောင်း ကျိုး​ပြု​သည့်​အ​ကြောင်း၊ သူ​စွမ်း​သန်​လာ​ပုံ အ​ကြောင်း​နှင့်​ပတ်​သက်​၍ ယ​နေ့​ငါ​တို့​အ​စစ် ခံ​ရ​ကြ​၏။- နာ​ဇ​ရက်​မြို့​သား​ယေ​ရှု​ခ​ရစ်​၏​နာ​မ​တော် တန်​ခိုး​အား​ဖြင့် ထို​သူ​သည်​ခြေ​စွမ်း​သန်​လာ ၍ ယ​ခု​သင်​တို့​ရှေ့​တွင်​ရပ်​လျက်​နေ​သည်​ကို သင်​တို့​နှင့်​အ​တူ​ဣ​သ​ရေ​လ​အ​မျိုး​သား အ​ပေါင်း​တို့​သိ​မှတ်​ကြ​လော့။ ထို​အ​ရှင် ကား​သင်​တို့​လက်​ဝါး​ကပ်​တိုင်​ပေါ်​မှာ​တင် ၍​သတ်​ပြီး​နောက် ဘု​ရား​သ​ခင်​ရှင်​ပြန် ထ​မြောက်​စေ​တော်​မူ​သော​သူ​ဖြစ်​သ​တည်း။ `တိုက်​ကို​တည်​ဆောက်​ရာ​တွင် သင်​တို့​ပယ်​ထား​သည့်​ကျောက်​သည် အ​ရေး​ကြီး​ဆုံး​ဖြစ်​သည့်​ထောင့်​ချုပ်​ကျောက် ဖြစ်​လာ​ရ​၏' ဟု​ကျမ်း​စာ​က​ရည်​ညွန်း​သူ​မှာ​ထို​အ​ရှင် ဖြစ်​သည်။- ထို​အ​ရှင်​တစ်​ပါး​တည်း​သာ​လျှင်​ကယ်​တင် နိုင်​၏။ ကမ္ဘာ​ပေါ်​တွင်​ထို​အ​ရှင်​မှ​တစ်​ပါး ငါ တို့​ကို​ကယ်​တင်​နိုင်​သူ​တစ်​စုံ​တစ်​ယောက်​မျှ မ​ရှိ'' ဟု​သူ​တို့​အား​ပြန်​လည်​ဖြေ​ကြား​လေ​၏။ ပေ​တ​ရု​နှင့်​ယော​ဟန်​တို့​သည်​ပ​ညာ​မ​တတ် သူ၊ လူ​သာ​မန်​များ​သာ​ဖြစ်​လျက်​နှင့်​မည်​မျှ ရဲ​ရင့်​ကြ​သည်​ကို တ​ရား​လွှတ်​တော်​အ​ဖွဲ့​ဝင် တို့​တွေ့​မြင်​ကြ​သော​အ​ခါ​များ​စွာ​အံ့​သြ ကြ​၏။ ထို​သူ​နှစ်​ဦး​တို့​သည် သ​ခင်​ယေ​ရှု​၏ အ​ပေါင်း​အ​ဖော်​များ​ဖြစ်​ခဲ့​သည်​ကို​လည်း သ​တိ​ပြု​မိ​ကြ​၏။- သို့​ရာ​တွင်​အ​နာ​ရော​ဂါ​ပျောက်​ကင်း​သွား​သူ သည် တ​မန်​တော်​တို့​နှင့်​ရပ်​လျက်​နေ​သည်​ကို မြင်​သ​ဖြင့် သူ​တို့​သည်​မည်​သို့​မျှ​ငြင်း​ဆို ရန်​မ​တတ်​နိုင်​ကြ။- သို့​ဖြစ်​၍​တ​မန်​တော်​တို့​ကို​တ​ရား​လွှတ် တော်​ထဲ​မှ​ခေတ္တ​ထွက်​ခွာ​သွား​စေ​ပြီး​လျှင် ဤ​သို့​တိုင်​ပင်​ကြ​၏။- ``ဤ​သူ​တို့​အား​အ​သို့​ပြု​အံ့​နည်း။ သူ​တို့​အား ဖြင့်​ထူး​ခြား​သော​နိ​မိတ်​လက္ခ​ဏာ​တစ်​ရပ်​ဖြစ် ပေါ်​ခဲ့​သည်​ကို ယေ​ရု​ရှ​လင်​မြို့​သူ​မြို့​သား အ​ပေါင်း​တို့​ကောင်း​စွာ​သိ​ကြ​၏။ ငါ​တို့​ငြင်း ဆို​၍​လည်း​မ​ရ​နိုင်။- သို့​သော်​လူ​တို့​အ​ထဲ​တွင်​ဤ​သ​တင်း​ပို​၍ ပျံ့​မ​သွား​စေ​ရန် ထို​သူ​နှစ်​ဦး​အား​ယေ​ရှု​၏ နာ​မ​ကို​အ​မှီ​ပြု​၍ နောက်​တစ်​ဖန်​မည်​သူ​ကို မျှ​မ​ဟော​မ​ပြော​ရန်​ကျပ်​တည်း​စွာ​သ​တိ ပေး​ကြ​ကုန်​အံ့။'' ထို​နောက်​တ​မန်​တော်​တို့​ကို​ပြန်​လည်​ခေါ်​ယူ ကာ သ​ခင်​ယေ​ရှု​၏​နာ​မ​တော်​ကို​အ​မှီ​ပြု​၍ နောက်​တစ်​ဖန်​ဟော​ပြော​သွန်​သင်​ခြင်း​လုံး​ဝ မ​ပြု​ရန်​အ​မိန့်​ပေး​ကြ​၏။- သို့​ရာ​တွင်​ပေ​တ​ရု​နှင့်​ယော​ဟန်​တို့​က``ငါ တို့​သည်​ဘု​ရား​သ​ခင်​၏​စ​ကား​ကို​နား ထောင်​ရ​မည်​လော။ သို့​မ​ဟုတ်​သင်​တို့​၏​စ​ကား ကို​နား​ထောင်​ရ​မည်​လော။ ဘု​ရား​သ​ခင်​၏ ရှေ့​တော်​တွင်​အ​ဘယ်​သူ​၏​စ​ကား​ကို​နား ထောင်​သင့်​ကြောင်း သင်​တို့​ကိုယ်​တိုင်​ပင်​အ​ဆုံး အ​ဖြတ်​ပေး​ကြ​လော့။- ငါ​တို့​မူ​ကား​မိ​မိ​တို့​ကြား​ရ​မြင်​ရ​သည့် အ​မှု​အ​ရာ​များ​အ​ကြောင်း​ကို​မ​ဟော​မ ပြော​ဘဲ​မ​နေ​နိုင်​ပါ'' ဟု​ပြန်​ပြော​ကြ​၏။- ထို​အ​ခါ​တ​ရား​လွှတ်​တော်​အ​ဖွဲ့​ဝင်​တို့​သည် သူ​တို့​ကို​ထပ်​မံ​ကျပ်​တည်း​စွာ​သ​တိ​ပေး​ပြီး နောက်​ထွက်​ခွာ​သွား​စေ​ကြ​၏။ လူ​အ​ပေါင်း တို့​သည်​ဖြစ်​ပျက်​ခဲ့​သည့်​အ​မှု​အ​ရာ​ကြောင့် ဘု​ရား​သ​ခင်​၏​ဘုန်း​အ​သ​ရေ​တော်​ကို ချီး​ကူး​လျက်​နေ​ကြ​သ​ဖြင့် တ​ရား​လွှတ် တော်​အ​ဖွဲ့​ဝင်​တို့​သည်​တ​မန်​တော်​တို့​ကို မည်​သို့​မျှ​အ​ပြစ်​ဒဏ်​မ​စီ​ရင်​နိုင်​ကြ။- အံ့​သြ​ဖွယ်​ကောင်း​အောင်​ရော​ဂါ​ပျောက်​ကင်း သွား​သူ​ကား အ​သက်​လေး​ဆယ်​ကျော်​ရှိ သ​တည်း။ ပေ​တ​ရု​နှင့်​ယော​ဟန်​တို့​သည်​လွတ်​မြောက်​လာ ကြ​သော​အ​ခါ မိ​မိ​တို့​၏​လူ​စု​ထံ​သို့​ပြန်​ပြီး လျှင် ယဇ်​ပု​ရော​ဟိတ်​ကြီး​များ​နှင့်​ဘာ​သာ​ရေး ခေါင်း​ဆောင်​များ​ပြော​ကြား​လိုက်​သ​မျှ​တို့ ကို​ပြန်​ပြော​ကြ​၏။- ထို​အ​ကြောင်း​ကို​ကြား​ကြ​သော​အ​ခါ ထို​သူ တို့​သည်​တ​ညီ​တ​ညွတ်​တည်း​ဆု​တောင်း​ကြ​၏။ ``အ​စိုး​ရ​တော်​မူ​သော​အ​ရှင်၊ ကိုယ်​တော်​ရှင် သည်​ကောင်း​ကင်​မြေ​ကြီး၊ သ​မုဒ္ဒ​ရာ​နှင့်​ထို အ​ရပ်​များ​တွင်​ရှိ​သ​မျှ​တို့​ကို​ဖန်​ဆင်း တော်​မူ​သော​အ​ရှင်​ဖြစ်​တော်​မူ​ပါ​၏။- ကိုယ်​တော်​ရှင်​သည်​မိ​မိ​၏​အ​စေ​ခံ၊ အ​ကျွန်ုပ် တို့​၏​ဘိုး​ဘေး​ဒါ​ဝိဒ်​မင်း​မှ​တစ်​ဆင့်​သန့်​ရှင်း သော​ဝိ​ညာဉ်​တော်​အား​ဖြင့်၊ `လူ​မျိုး​ခြား​တို့​သည်​အ​ဘယ်​ကြောင့် ရုန်း​ရင်း​ဆန်​ခတ်​ပြု​ကြ​သ​နည်း။ လူ​မျိုး​တ​ကာ​တို့​သည်​အ​ဘယ်​ကြောင့်​အ​ကျိုး​မဲ့ လျှို့​ဝှက်​ကြံ​စည်​ကြ​သ​နည်း။ လော​ကီ​ဘု​ရင်​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​ကို ပုန်​ကန်​ရန်​အ​သင့်​ပြင်​ဆင်​ကြ​၏။ ကိုယ်​တော်​နှင့်​ကိုယ်​တော်​စေ​လွှတ်​တော်​မူ​သော မေ​ရှိ​ယ​အ​ရှင်​အား​ဆန့်​ကျင်​ဘက်​ပြု​ရန် စု​ဝေး​ကြ​၏' ဟု​မိန့်​တော်​မူ​ခဲ့​ပါ​၏။ ထို​နည်း​တူ​စွာ​ဟေ​ရုဒ်​မင်း​နှင့်​ပုန္တိ​ပိ​လတ် မင်း​တို့​သည် လူ​မျိုး​ခြား​များ၊ ဣ​သ​ရေ​လ အ​မျိုး​သား​များ​နှင့်​တ​ကွ ကိုယ်​တော်​၏​သန့်​ရှင်း မြင့်​မြတ်​သော​အ​စေ​ခံ​ဖြစ်​သူ၊ မေ​ရှိ​ယ​အ​ဖြစ် ကိုယ်​တော်​ဘိ​သိက်​ပေး​သူ သ​ခင်​ယေ​ရှု​ကို ဆန့်​ကျင်​ဘက်​ပြု​ရန်​ဤ​မြို့​ထဲ​တွင်​စု​ဝေး ခဲ့​ကြ​ပါ​၏။- ယင်း​သို့​ထို​သူ​တို့​စု​ဝေး​ကြ​ခြင်း​မှာ​ကိုယ်​တော် ရှင်​၏​တန်​ခိုး​တော်​နှင့် အ​လို​တော်​အ​ရ​ခွဲ​ခန့် ပြ​ဋ္ဌာန်း​ထား​တော်​မူ​သ​မျှ​သော​အ​ရာ​တို့​ကို ဖြစ်​ပျက်​လာ​စေ​ရန်​ပင်​ဖြစ်​၏။- အို ထာ​ဝ​ရ​ဘု​ရား၊ ယ​ခု​အ​ခါ​ထို​သူ​တို့​၏ ခြိမ်း​ခြောက်​ခြင်း​ကို​ရှု​မှတ်​တော်​မူ​ပါ။ ကိုယ်​တော် ရှင်​၏​အ​စေ​ခံ​တို့​အား​အ​ရှင့်​တ​ရား​တော်​ကို ရဲ​ရင့်​စွာ​ဟော​ပြော​နိုင်​ခွင့်​ကို​ပေး​သ​နား​တော် မူ​ပါ။- လူ​တို့​၏​အ​နာ​ရော​ဂါ​များ​ကို​ပျောက်​ကင်း စေ​ရန် ကိုယ်​တော်​ရှင်​၏​လက်​တော်​ကို​ဆန့်​တော် မူ​ပါ။ ကိုယ်​တော်​ရှင်​၏​သန့်​ရှင်း​မြင့်​မြတ်​သော အ​စေ​ခံ​သ​ခင်​ယေ​ရှု​၏​နာ​မ​တော်​အား​ဖြင့် နိ​မိတ်​လက္ခ​ဏာ​နှင့်​အံ့​သြ​ဖွယ်​ရာ​များ​ကို ပြု​တော်​မူ​ပါ။'' ထို​သို့​ဆု​တောင်း​ကြ​ပြီး​သော​အ​ခါ​၌ သူ​တို့ စု​ဝေး​ရာ​အ​ရပ်​သည်​တုန်​လှုပ်​လေ​၏။ သူ​တို့ သည်​သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​ဖြင့်​ပြည့်​ဝ လျက် ဘု​ရား​သ​ခင်​၏​တ​ရား​တော်​ကို​ရဲ​ရင့် စွာ​ဟော​ပြော​ကြ​၏။

တမန်တော် 4:1-31 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ပေတရု​နှင့်​ယောဟန်​တို့​သည် လူ​တို့​အား​ဟောပြော​လျက်​နေ​ကြ​စဉ် ယဇ်ပုရောဟိတ်​များ၊ ဗိမာန်​တော်​အစောင့်​တပ်မှူး​နှင့် ဇဒ္ဒုကဲ​တို့​သည် သူ​တို့​ထံသို့​ရောက်လာ​ကြ​၏။ တမန်တော်​တို့​သည် ယေရှု​ကို​အကြောင်းပြု​လျက် သေ​သော​သူ​တို့​ထဲမှ ရှင်ပြန်​ထမြောက်​ခြင်း​အကြောင်း​ကို လူ​တို့​အား သွန်သင်​ဟောပြော​နေ​ကြ​သောကြောင့် ထို​သူ​တို့​သည် စိတ်အနှောင့်အယှက်​ဖြစ်​လျက် တမန်တော်​တို့​ကို​ဖမ်းဆီး​ကာ မိုးချုပ်​ပြီ​ဖြစ်​သဖြင့် နောက်တစ်နေ့​တိုင်အောင် အချုပ်​ထောင်​ထဲ၌​ထည့်​ထား​ကြ​၏။ သို့သော် နှုတ်ကပတ်​တရား​ကို ကြားနာ​သူ​များစွာ​တို့​သည် ယုံကြည်​ကြ​ရာ ယောက်ျား​အရေအတွက် ငါး​ထောင်​ခန့်မျှ​ဖြစ်လာ​လေ​၏။ နောက်တစ်နေ့​၌ သူ​တို့​၏​အကြီးအကဲ​များ၊ သက်ကြီးဝါကြီး​များ​နှင့် ကျမ်းပြု​ဆရာ​များ​သည် ဂျေရုဆလင်​မြို့​၌​စုဝေး​ကြ​၏။ ယဇ်ပုရောဟိတ်​မင်း​အန္နတ်၊ ကယာဖ၊ ယောဟန်၊ အလက်ဇန္ဒြား​မှစ၍ ယဇ်ပုရောဟိတ်​မင်း​မျိုး​ရှိသမျှ​တို့​လည်း​ပါဝင်​ကြ​၏။ သူ​တို့​သည် ပေတရု​နှင့်​ယောဟန်​တို့​ကို အားလုံး​ရှေ့၌​ရပ်​စေ​ပြီးလျှင် “သင်​တို့​သည် မည်သည့်​အာဏာ၊ မည်သည့်​နာမ​ဖြင့် ဤ​အမှု​ကို ပြု​ကြ​သနည်း”​ဟု မေးမြန်း​ကြ​၏။ ထိုအခါ ပေတရု​သည် သန့်ရှင်း​သော​ဝိညာဉ်​တော်​နှင့်​ပြည့်ဝ​လျက် “လူ​တို့​၏​အကြီးအကဲ​များ​နှင့် သက်ကြီးဝါကြီး​များ​တို့၊ ယနေ့ အကျွန်ုပ်​တို့​သည် အားနည်း​သော​သူ​တစ်​ဦး​အပေါ် ကောင်းကျိုး​ပြု​ခဲ့​သည့်​အကြောင်း​နှင့်​ပတ်သက်၍​လည်းကောင်း၊ ဤ​သူ​သည် မည်ကဲ့သို့​အကောင်း​ပကတိ​ဖြစ်​လာ​သနည်း​ဟူသည့်​အကြောင်း​နှင့်​ပတ်သက်​၍​လည်းကောင်း စစ်ဆေး​ခြင်း​ခံရ​သည်​ဆိုလျှင် သင်​တို့​အားလုံး​နှင့် အစ္စရေး​လူမျိုး​အပေါင်း​တို့​အား သိမှတ်​စေ​လို​သည်​မှာ လက်ဝါးကပ်တိုင်​ပေါ်၌ သင်​တို့​တင်​ခဲ့​သော်လည်း သေ​သော​သူ​တို့​ထဲမှ ဘုရားသခင်​ထမြောက်​စေ​တော်မူ​သော နာဇရက်​မြို့သား​ယေရှု​ခရစ်တော်​၏​နာမ​တော်​အားဖြင့် ဤ​သူ​သည် သင်​တို့​ရှေ့​တွင် အကောင်း​ပကတိ​ဖြစ်​လျက်​ရပ်​နေ​၏။ ထို​အရှင်​သည် တိုက်​ဆောက်​သူ​များ​တည်းဟူသော​သင်​တို့​က ပယ်​ထား​သော်လည်း ထိပ်ဆုံး​ထောင့်ချုပ်​ကျောက်​ဖြစ်လာ​သော​ကျောက်​ဖြစ်​၏။ ကယ်တင်​ခြင်း​သည် အခြား​မည်သူ​၌​မျှ​မ​ရှိ။ အကြောင်းမူကား ထို​နာမ​မှတစ်ပါး ငါ​တို့​အား​ကယ်တင်​မည့်​အခြား​သော​နာမ​ကို ကောင်းကင်​အောက် လူ​တို့​၌​ပေးအပ်​ထား​ခြင်း​မ​ရှိ”​ဟု သူ​တို့​အား​ဆို​လေ​၏။ ထို​သူ​တို့​သည် ပေတရု​နှင့်​ယောဟန်​တို့​၏​ရဲရင့်​ခြင်း​ကို​မြင်​၍ သူ​တို့​နှစ်​ဦး​သည် ပညာ​မ​တတ်​သော သာမန်​လူ​များ​ဖြစ်​ကြောင်း​သတိထား​မိ​သဖြင့် အံ့သြ​ကြ​လေ​၏။ သူ​တို့​နှစ်​ဦး​သည် ယေရှု​နှင့်အတူ​ရှိ​ခဲ့​ကြ​ကြောင်း​ကို​လည်း မှတ်မိ​ကြ​၏။ ထို့ပြင် အကောင်းပကတိ​ဖြစ်​လာ​သော​သူ​သည် သူ​တို့​နှင့်အတူ​ရပ်​နေ​သည်​ကို​မြင်​နေ​ရ​သဖြင့် မည်သို့​မျှ​ငြင်းခုံ​ပြောဆို​၍​မ​ရ​နိုင်​ကြ​ချေ။ ထိုအခါ သူ​တို့​သည် တမန်တော်​တို့​ကို တရား​လွှတ်တော်​ရုံး​အပြင်​သို့​ထွက်​ရန်​အမိန့်​ပေး​ပြီးလျှင် အချင်းချင်း​ဆွေးနွေး​လျက် “ဤ​သူ​တို့​ကို မည်သို့​ပြု​ကြ​မည်နည်း။ အကြောင်းမူကား သူ​တို့​အားဖြင့် သိသာ​ထင်ရှား​သော​နိမိတ်​လက္ခဏာ​ဖြစ်ပျက်​ခဲ့​သည်​ကို ဂျေရုဆလင်​မြို့​၌​နေထိုင်​သူ​အားလုံး​သိရှိ​ကြ​သည်​ဖြစ်၍ ငါ​တို့​ငြင်းဆို​၍​မ​ရ​နိုင်။ သို့သော် ဤ​အကြောင်း​သည် လူ​တို့​ထံ ပို၍​ပျံ့နှံ့​မ​သွား​စေရန် ဤ​နာမ​ကို​အမှီပြု​လျက် နောက်တစ်ဖန် မည်သူ့​ကို​မျှ​မ​ဟောပြော​ရ​မည့်​အကြောင်း သူ​တို့​ကို​ခြိမ်းခြောက်​ကြ​စို့”​ဟု ဆို​ကြ​၏။ ထို့နောက် တမန်တော်​တို့​ကို​ခေါ်​၍ ယေရှု​၏​နာမ​ကို​အမှီပြု​လျက် ဟောပြော​ခြင်း​ကို​ဖြစ်စေ၊ သွန်သင်​ခြင်း​ကို​ဖြစ်စေ လုံးဝ​မ​ပြု​ရန် အမိန့်​ပေး​ကြ​၏။ သို့သော် ပေတရု​နှင့်​ယောဟန်​တို့​က “ဘုရားသခင်​၏​စကား​တော်​ထက် သင်​တို့​၏​စကား​ကို ပို၍​နားထောင်​ခြင်း​သည် ဘုရားသခင်​ရှေ့​တော်​၌ မှန်​၊ မမှန် သင်​တို့​ဆုံးဖြတ်​ကြ​လော့။ အကျွန်ုပ်​တို့​သည် မိမိ​တို့​ကြား​ရ၊ မြင်​ရ​သော​အရာ​တို့​ကို မ​ဟောပြော​ဘဲ​မ​နေ​နိုင်”​ဟု သူ​တို့​အား ပြန်ပြော​ကြ​၏။ လူ​အားလုံး​တို့​သည် ဖြစ်ပျက်​ခဲ့​သော​အမှုအရာ​အတွက် ဘုရားသခင်​၏​ဘုန်း​တော်​ကို​ချီးမွမ်း​နေ​ကြ​သည်​ဖြစ်၍ ထို​လူ​တို့​ကြောင့် တမန်တော်​တို့​အား အပြစ်ဒဏ်​ပေး​နိုင်​မည့်​နည်းလမ်း​ကို ရှာ​မ​တွေ့​သဖြင့် သူ​တို့​သည် တမန်တော်​တို့​ကို ထပ်မံ​ခြိမ်းခြောက်​ပြီးလျှင် ပြန်လွှတ်​လိုက်​ကြ​၏​။ ဤ​နိမိတ်​လက္ခဏာ​အားဖြင့် အကောင်းပကတိ​ဖြစ်​လာ​သော​သူ​သည် အသက်​လေးဆယ်​ကျော်​ရှိ​၏။ တမန်တော်​တို့​သည် လွတ်​လာ​ကြ​သောအခါ မိမိ​တို့​အပေါင်းအဖော်​များ​ရှိ​ရာ​သို့ ပြန်လာ​၍ ယဇ်ပုရောဟိတ်​အကြီးအကဲ​များ​နှင့် သက်ကြီးဝါကြီး​များ​က မိမိ​တို့​အား​ပြော​သမျှ​တို့​ကို ပြန်ပြောပြ​ကြ​၏။ ထို​သူ​တို့​သည်​လည်း ကြား​ကြ​လျှင် တညီတညွတ်တည်း​ဖြင့် ဘုရားသခင်​ထံ အသံ​ကို​လွှင့်​၍ “စိုးပိုင်​တော်မူ​သော​အရှင်၊ ကိုယ်တော်​သည် ကောင်းကင်၊ မြေကြီး​နှင့် ပင်လယ်​သမုဒ္ဒရာ​မှစ၍ ၎င်း​တို့​၌​ရှိသမျှ​တို့​ကို ဖန်ဆင်း​တော်မူ​သော​အရှင်​ဖြစ်​ပါ​၏။ ကိုယ်တော်​သည် သန့်ရှင်း​သော​ဝိညာဉ်​တော်​အားဖြင့် အကျွန်ုပ်​တို့​၏​ဘိုးဘေး​ဖြစ်​သော ကိုယ်တော်​၏​အစေခံ​ဒါဝိဒ်​၏​နှုတ်​မှတစ်ဆင့် ‘တိုင်းနိုင်ငံ​တို့​သည် အဘယ်ကြောင့် ရုန်းရင်းဆန်ခတ်​ဖြစ်​ကြ​သနည်း။ လူ​တို့​သည်​လည်း အဘယ်ကြောင့် အချည်းနှီး​သော​အရာ​များ​ကို​ကြံစည်​ကြ​သနည်း။ ကမ္ဘာ​မြေကြီး​၏​ရှင်ဘုရင်​တို့​သည် ထ​ကြ​၍ အုပ်ချုပ်​သူ​တို့​သည် အတူတကွ​စုဝေး​ကြ​ကာ ထာဝရ​ဘုရား​နှင့် ကိုယ်တော်​၏​ခရစ်တော်​ကို ဆန့်ကျင်​ကြ​၏’​ဟု မိန့်​တော်မူ​ခဲ့​၏။ အမှန်​ပင် ဟေရုဒ်​နှင့်​ပုန္တိ​ပိလတ်​တို့​သည် လူမျိုးခြား​မှစ၍ အစ္စရေး​လူမျိုး​တို့​နှင့်​ပေါင်းဖော်​ပြီး ကိုယ်တော်​ဘိသိက်​ပေး​တော်မူ​သည့် ကိုယ်တော်​၏​သန့်ရှင်း​သော​အမှုဆောင်​ယေရှု​ကို ဆန့်ကျင်​လျက် ဤ​မြို့​တွင်​စုဝေး​ကြ​ကာ ကိုယ်တော်​၏​လက်​တော်​နှင့်​အကြံအစည်​တော်​တို့​အားဖြင့် ဖြစ်ပျက်​လာ​ရန်​ကြိုတင်​သတ်မှတ်​ထား​သမျှ​သော​အရာ​တို့​ကို ပြု​ခဲ့​ကြ​ပါ​ပြီ။ ထာဝရ​ဘုရား၊ ယခု သူ​တို့​၏​ခြိမ်းခြောက်​မှု​များ​ကို သတိမူ​လျက် ကိုယ်တော်​၏​အစေအပါး​တို့​အား နှုတ်ကပတ်​တရား​ကို​ရဲရင့်​ခြင်း​အပြည့်အဝ​ဖြင့်​ဟောပြော​ရ​သော​အခွင့်​ကို​ပေး​တော်မူ​ပါ။ တစ်ချိန်​တည်း​မှာ​ပင် အနာရောဂါ​များ​ကို​ငြိမ်း​စေ​ရန် ကိုယ်တော်​၏​လက်​တော်​ကို​ဆန့်တန်း​၍ ကိုယ်တော်​၏​သန့်ရှင်း​သော​အမှုဆောင်​ယေရှု​၏​နာမ​တော်​ဖြင့် နိမိတ်​လက္ခဏာ​များ​နှင့် အံ့ဩဖွယ်ရာ​များ​ကို​ပြုခွင့်​ပေး​တော်မူ​ပါ”​ဟု ဆုတောင်း​ကြ​၏။ ထိုသို့ သူ​တို့​ဆုတောင်း​ပြီး​သောအခါ သူ​တို့​စုဝေး​နေ​ကြ​သော​နေရာ​သည် တုန်လှုပ်​၍ သူ​တို့​အားလုံး​သည် သန့်ရှင်း​သော​ဝိညာဉ်​တော်​နှင့်​ပြည့်ဝ​လျက် ဘုရားသခင်​၏​နှုတ်ကပတ်​တရား​ကို ရဲရင့်​စွာ​ဟောပြော​ကြ​၏။