YouVersion လိုဂို
ရှာရန် အိုင်ကွန်

တမန်တော် 28:3-6

တမန်တော် 28:3-6 Judson Bible (JBMLE)

ပေါ​လု​သည် ထင်း​ကို​စု​သိမ်း၍ မီး​ပေါ်​မှာ ထည့်​စဉ်​တွင်၊ မြွေ​ဆိုး​သည် မီး​ငွေ့​ထဲ​က​ထွက်၍ ပေါ​လု၏​လက်​ကို တွယ်​လျက်​နေ၏။- ထို​လူ​ရိုင်း​တို့​သည် မြင်​လျှင်၊ ဤ​လူ​ကား၊ လူ​အ​သက်​ကို သတ်​သော​သူ အ​မှန်​ဖြစ်၏။ ပင်​လယ်​ဘေး​မှ လွတ်​သော်​လည်း၊ အ​သက်​ရှင်​စေ​ခြင်း​ငှာ တ​ရား​သည် အ​ခွင့်​မ​ပေး​ဟု အ​ချင်း​ချင်း​ဆို​ကြ၏။- ပေါ​လု​သည်​မြွေ​ကို မီး​ထဲ​သို့​ခါ​ချ၍ အ​ဘယ် ဘေး​မျှ​မ​သင့်။- သူ​သည် တစ်​ကိုယ်​လုံး​ရောင်​မည်၊ တစ်​ခ​ဏ​ချင်း​တွင် လဲ၍​သေ​မည်​ဟု ထို​သူ​တို့​သည်​ကြာ​မြင့်​စွာ ငံ့​လင့်​သော်​လည်း၊ သူ၌​မ​ကောင်း​သော အ​ပြစ်​တစ်​စုံ​တစ်​ခု​ကို​မျှ မ​မြင်​လျှင် သ​ဘော​ပြောင်း​လဲ၍ ဤ​သူ​ကား နတ်​ဘု​ရား​ဖြစ်​သည်​ဟု ဆို​ကြ၏။

တမန်တော် 28:3-6 Common Language Bible (BCL)

ပေါ​လု​သည်​ထင်း​တစ်​စည်း​ကို​ယူ​ပြီး​လျှင်​မီး ထဲ​သို့​ထည့်​လိုက်​၏။ ထို​အ​ခါ​မီး​ပူ​ရှိန်​ကြောင့် ထင်း​စည်း​ထဲ​မှ​မြွေ​တစ်​ကောင်​ထွက်​လာ​ပြီး နောက် ပေါ​လု​၏​လက်​ကို​တွယ်​လျက်​နေ​၏။- သူ​၏​လက်​မှ​တန်း​လန်း​ကျ​နေ​သော​မြွေ ကို​ကျွန်း​သူ​ကျွန်း​သား​တို့​မြင်​လျှင် ``ဤ​သူ ကား​သူ​သတ်​သ​မား​ဖြစ်​တန်​ရာ​၏။ ပင်​လယ် တွင်​အ​သက်​ဘေး​မှ​လွတ်​မြောက်​ခဲ့​သော်​လည်း တ​ရား​မျှ​တ​မှု​က​သူ့​အား​အ​သက်​ရှင် ခွင့်​မ​ပြု'' ဟု​အ​ချင်း​ချင်း​ပြော​ဆို​ကြ​၏။- သို့​ရာ​တွင်​ပေါလု​သည်​မြွေ​ကို​မီး​ထဲ​သို့​ခါ ၍​ချ​လိုက်​၏။ သို့​သော်​အ​ဘယ်​သို့​မျှ​ဘေး ဥ​ပဒ်​မ​ဖြစ်။- ထို​သူ​တို့​က​ပေါ​လု​သည်​တစ်​ကိုယ်​လုံး​ရောင် လာ​လိမ့်​မည်။ သို့​မ​ဟုတ်​တ​ခ​ဏ​ချင်း​တွင်​လဲ သေ​လိမ့်​မည်​ဟု​စောင့်​မျှော်​နေ​ကြ​၏။ ဤ​အ​တိုင်း ပင်​ဆက်​လက်​၍​အ​တော်​ကြာ​အောင်​စောင့်​မျှော် နေ​ကြ​သော်​လည်း အ​ဘယ်​သို့​မျှ​ပေါ​လု​၌ ဘေး​ဥ​ပဒ်​မ​ဖြစ်​သည်​ကို​မြင်​ကြ​သော​အ​ခါ သူ​တို့​သည်​စိတ်​သ​ဘော​ပြောင်း​လဲ​လာ​လျက် ``ဤ​သူ​ကား​နတ်​ဘု​ရား​ပေ​တည်း'' ဟု​ဆို ကြ​ကုန်​၏။

တမန်တော် 28:3-6 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ပေါလု​သည် ထင်း​များ​ကို​စုစည်း​လျက် မီး​ထဲသို့​ထည့်​လိုက်​ရာ မြွေဆိုး​တစ်​ကောင်​သည် မီး​အပူရှိန်​ကြောင့် ထွက်လာ​၍ ပေါလု​လက်​၌ တွယ်ကပ်​လေ​၏။ ကျွန်းသား​တို့​သည် သူ​၏​လက်​မှ​တွဲလဲ​ကျ​နေ​သော သတ္တဝါ​ကို​မြင်​သောအခါ “ဤ​သူ​သည် အမှန်ပင် လူသတ်သမား​ဖြစ်​တန်​ရာ​၏။ သူ​သည် ပင်လယ်​ဘေး​မှ​လွတ်​ခဲ့​သော်လည်း မျှတ​မှု​နတ်​ဘုရားမ​က သူ့​ကို အသက်ရှင်​ခွင့်​မ​ပေး”​ဟု အချင်းချင်း​ပြောဆို​ကြ​၏။ သို့သော် ပေါလု​သည် ထို​သတ္တဝါ​ကို မီး​ထဲသို့​ခါချ​လျက် မည်သည့်​ဘေးဥပဒ်​မျှ မ​ခံစား​ရ​ချေ။ ကျွန်းသား​တို့​က သူ​သည် ယောင်​လာ​တော့​မည်​၊ သို့မဟုတ် ရုတ်တရက်​လဲကျ​၍ သေဆုံး​လိမ့်မည်​ဟု​ဆို​လျက် စောင့်ကြည့်​နေ​ကြ​၏။ သို့သော် ကြာမြင့်​စွာ​စောင့်ကြည့်​နေ​သော်လည်း မကောင်း​သည့်​လက္ခဏာ​တစ်စုံတစ်ခု​မျှ သူ​၌​မ​ဖြစ်​သည်​ကို မြင်​ကြ​သောအခါ သူ​တို့​သည် စိတ်​ပြောင်း​သွား​၍ ဤ​သူ​ကား ဘုရား​ဖြစ်​သည်​ဟု​ဆို​ကြ​၏။