YouVersion လိုဂို
ရှာရန် အိုင်ကွန်

တမန်တော် 28:23-26

တမန်တော် 28:23-26 Judson Bible (JBMLE)

နေ့​ရက်​ကို​ချိန်း​ချက်၍ လူ​များ​တို့​သည် ပေါ​လု​တည်း​ခို​ရာ​အ​ရပ်​သို့ လာ​ကြ​သည်​ရှိ​သော်၊ ပေါ​လု​သည် ဘု​ရား​သ​ခင်၏ နိုင်​ငံ​တော်​အ​ကြောင်း​ကို သက်​သေ​ခံ​သ​ဖြင့်​လည်း​ကောင်း၊ ထို​သူ​တို့​သည် ယေ​ရှု၏​အ​ကြောင်း​များ​ကို ယုံ​ကြည်​စေ​ခြင်း​ငှာ၊ မော​ရှေ၏​ပ​ည​တ္တိ​ကျမ်း​နှင့် အ​နာ​ဂ​တ္တိ​ကျမ်း​တို့​ကို အ​မှီ​ပြု၍ ဖြား​ယောင်း​သွေး​ဆောင်​သ​ဖြင့်​လည်း​ကောင်း၊ နံ​နက်​အ​ချိန်​မှ​စ၍ ည​အ​ချိန်​တိုင်​အောင် ထုတ်​ဖော် ဟော​ပြော​လေ၏။ အ​ချို့​တို့​သည် ပေါ​လု၏​စ​ကား​ကို ယုံ​ကြ၏။ အ​ချို့​တို့​သည် မ​ယုံ​ဘဲ​နေ​ကြ၏။- ထို​သို့ အ​ချင်း​ချင်း​သ​ဘော​ကွဲ​ပြား၍ သွား​ကြ၏။ သွား​ကြ​စဉ်​တွင် ပေါ​လု​သည် စ​ကား​တစ်​ခွန်း​ကို ပြော​လိုက်​သည်​မှာ၊ သန့်​ရှင်း​သော ဝိ​ညာဉ်​တော်​သည် ပ​ရော​ဖက် ဟေ​ရှာ​ယ​အား​ဖြင့် မိန့်​တော်​မူ​ချက်​ဟူ​မူ​ကား၊- သင်​တို့​သည် ကြား​လျက်​ပင် အ​နက်​ကို နား​မ​လည်​ဘဲ ကြား​ကြ​လိမ့်​မည်။ မြင်​လျက်​ပင် အာ​ရုံ​မ​ပြု​ဘဲ မြင်​ကြ​လိမ့်​မည်​ဟု ထို​လူ​မျိုး​ရှိ​ရာ​သို့ သွား၍​ပြော​လော့။

တမန်တော် 28:23-26 Common Language Bible (BCL)

ထို​သူ​တို့​သည်​ရက်​ချိန်း​ပေး​ကြ​၏။ ချိန်း​သည့်​နေ့ ၌ ပေါ​လု​တည်း​ခို​ရာ​သို့​လူ​အ​မြောက်​အ​မြား လာ​ရောက်​ကြ​၏။ ပေါ​လု​သည်​နံ​နက်​မှ​ည​နေ ချမ်း​တိုင်​အောင် ဘု​ရား​သ​ခင်​၏​နိုင်​ငံ​တော်​ဆိုင် ရာ​တ​ရား​တော်​အ​ကြောင်း​ကို​ရှင်း​လင်း​ဖော် ပြ​၏။ သ​ခင်​ယေရှု​၏​အ​ကြောင်း​တော်​ကို​လည်း မော​ရှေ​၏​ပ​ညတ်​ကျမ်း​နှင့်​ပ​ရော​ဖက်​ကျမ်း များ​မှ​ကောက်​နုတ်​ကာ ထို​သူ​တို့​နား​လည် သ​ဘော​ပေါက်​လာ​စေ​ရန်​ကြိုး​စား​၍​ဟော ပြော​၏။ လူ​အ​ချို့​တို့​သည်​ပေါ​လု​၏​ဟော​ပြော​ချက် ကို​နား​လည်​သ​ဘော​ပေါက်​လာ​ကြ​သော် လည်း အ​ချို့​သူ​တို့​မူ​ကား​မ​ယုံ​ကြည်​ကြ။- ဤ​သို့​ပေါ​လု​ဆို​သော​အ​ခါ​ယု​ဒ​အ​မျိုး​သား တို့​သည် အ​ချင်း​ချင်း​ပြင်း​ထန်​စွာ​ငြင်း​ခုံ​လျက် ထွက်​သွား​ကြ​၏။ ပေါ​လု​က ``ပ​ရော​ဖက်​ဟေ​ရှာ​ယ အား​ဖြင့် သင်​တို့​ဘိုး​ဘေး​တို့​အား​သန့်​ရှင်း​သော ဝိ​ညာဉ်​တော်​ဖော်​ပြ​ပုံ​မှာ​လျောက်​ပတ်​လှ​ပေ​၏။ ဖော်​ပြ​ပုံ​မှာ​ဤ​သို့​တည်း။ `ဤ​လူ​မျိုး​ထံ​သို့​သွား​၍​ပြော​ကြား​လော့။ သင်​တို့​သည်​ကြိုး​စား​၍​နား​ထောင်​သော်​လည်း နား​လည်​လိမ့်​မည်​မ​ဟုတ်။ ကြိုး​စား​၍​ကြည့်​သော်​လည်း​မြင်​လိမ့်​မည်​မ​ဟုတ်။

တမန်တော် 28:23-26 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ထို့နောက် သူ​တို့​သည် ပေါလု​နှင့် ရက်​ကို​ချိန်းချက်​ပြီးမှ ပို၍​များစွာ​သော​သူ​တို့​နှင့်တကွ သူ​တည်းခို​ရာ​အရပ်​သို့ ရောက်လာ​ကြ​၏။ ပေါလု​သည် နံနက်​စောစော​အချိန်​မှစ၍ ညနေ​အချိန်​တိုင်အောင် ထို​သူ​တို့​အား ဘုရားသခင်​၏​နိုင်ငံ​တော်​အကြောင်း​ကို​ရှင်းပြ​လျက် သက်သေခံ​ကာ မောရှေ​၏​ပညတ်​တရား​ကျမ်း​နှင့် ပရောဖက်​ကျမ်း​များ​ကို​ကိုးကား​၍ ယေရှု​အကြောင်း​ကို သူ​တို့​အား​ပြောပြ​စည်းရုံး​လေ​၏။ အချို့​တို့​သည် သူ​ဟောပြော​သော​အရာ​များ​ကို လက်ခံ​ကြ​သော်လည်း အချို့​တို့​သည် မ​ယုံကြည်​ကြ​ချေ။ ထိုအခါ အချင်းချင်း​ကြား​၌ သဘောထား​ကွဲလွဲ​သဖြင့် ပြန်သွား​ကြ​စဉ်တွင် ပေါလု​က “သန့်ရှင်း​သော​ဝိညာဉ်​တော်​သည် ပရောဖက်​ဟေရှာယ​အားဖြင့် သင်​တို့​ဘိုးဘေး​တို့​အား လျောက်ပတ်​စွာ​ဟောပြော​ခဲ့​သည်​ကား ‘သင်​တို့​သည် ကြား​သောအခါ လုံးဝ​နား​မ​လည်​ဘဲ ကြား​ကြ​လိမ့်မည်။ မြင်​သောအခါ​လည်း လုံးဝ​သတိ​မ​မူ​ဘဲ မြင်​ကြ​လိမ့်မည်​ဟု ဤ​လူမျိုး​ထံသို့​သွား​၍ ပြောကြား​လော့။