YouVersion လိုဂို
ရှာရန် အိုင်ကွန်

တမန်တော် 26:1-32

တမန်တော် 26:1-32 Judson Bible (JBMLE)

ထို​အ​ခါ အ​ဂြိ​ပ္ပ​မင်း​က၊ သင်​သည်​ကိုယ်​အ​ဖို့​အ​လို​ငှာ ပြော​ရ​သော​အ​ခွင့်​ရှိ​သည်​ဟု ပေါ​လု​အား​ဆို​လျှင်၊ ပေါ​လု​သည် လက်​ကို​ဆန့်၍ အ​ပြစ်​ဖြေ​ရာ​စ​ကား​ကို ဤ​သို့​ပြော၏။- အ​ဂြိ​ပ္ပ​မင်း​ကြီး၊- ယု​ဒ​လူ​တို့​သည် အ​ကျွန်ုပ်​ကို အ​မှု​လုပ်​သ​မျှ​သော​အ​ရာ​မှာ၊ ရှေ့​တော်၌ အ​ပြစ်​ဖြေ​စ​ရာ​စ​ကား​ကို ယ​နေ့​ပြော​ရ​မည် အ​ကြောင်း​ကို​လည်း​ကောင်း၊ ထို​မျှ​မ​က ကိုယ်​တော်​သည် ယု​ဒ​ထုံး​တမ်း၊ ပု​စ္ဆာ​အ​မေး​များ​ကို လေ့​ကျက်​တော်​မူ​ကြောင်း​ကို​လည်း​ကောင်း၊ အ​ကျွန်ုပ်​ထောက်၍ ကိုယ်၌​မင်္ဂ​လာ​ရှိ​သည်​ဟု ကိုယ်​ကို​ထင်​မှတ်​ပါ၏။ ထို​ကြောင့် သည်း​ခံ​သော စိတ်​တော်​နှင့် အ​ကျွန်ုပ်​စ​ကား​ကို နား​ထောင်​တော်​မူ​မည်​အ​ကြောင်း အ​သ​နား​တော်​ခံ​ပါ၏။ ယေ​ရု​ရှ​လင်​မြို့​တွင် ကိုယ်​အ​မျိုး​သား​ချင်း​တို့၏​အ​ထဲ၌ အ​ကျွန်ုပ်​နေ​သ​ဖြင့်၊ ငယ်​သော​အ​သက်​အ​ရွယ်​မှ​စ၍၊ အ​ကျွန်ုပ်၏​အ​နေ အ​ထိုင်​အ​ပြု​အ​မူ​များ​ကို ယု​ဒ​လူ​အ​ပေါင်း​တို့​သည် သိ​ကြ​ပါ၏။- အ​ကျွန်ုပ်​သည် ယု​ဒ​ဘာ​သာ၌ အ​လွန်​ကျပ်​တည်း​စွာ​သော နည်း​ဥ​ပ​ဒေ​သ​ကို​ခံ၍၊ ဖာ​ရိ​ရှဲ​ဖြစ်​သည်​ကို ထို​သူ​တို့​သည် သက်​သေ​ခံ​ခြင်း​ငှာ အ​လို​ရှိ​လျှင် ရှေ့​ဦး​စွာ​က​ပင် သိ​ကြ​ပါ၏။- ဘု​ရား​သ​ခင်​သည် ဘိုး​ဘေး​များ​တို့​အား ပေး​တော်​မူ​သော က​တိ​တော်​ကို​ထောက်၍ မျှော်​လင့်​ခြင်း တ​ရား​အ​ကြောင်း​ကြောင့်၊ အ​ကျွန်ုပ်​သည် ယ​ခု​တွင် စစ်​ကြော​စီ​ရင်​ခြင်း​ကို ခံ​ရ​ပါ၏။- ယု​ဒ​လူ​တစ်​ဆယ်​နှစ်​မျိုး​တို့​သည် နေ့​ည​မ​ပြတ် ကြိုး​စား၍ ဘု​ရား​ဝတ်ကို​ပြု​သ​ဖြင့်၊ ထို​က​တိ​တော်​အ​တိုင်း ခံ​ရ​မည်​ဟု မျှော်​လင့်​ခြင်း​ရှိ​ကြ၏။ အို​အ​ဂြိ​ပ္ပ​မင်း​ကြီး၊ ထို​မျှော်​လင့်​ခြင်း​တ​ရား​ကို အ​ကြောင်း​ပြု၍ ယု​ဒ​လူ​တို့​သည် အ​ကျွန်ုပ်​ကို အ​မှု​လုပ်​ကြ​ပါ၏။- သေ​လွန်​သော​သူ​တို့​ကို ဘု​ရား​သ​ခင် ထ​မြောက်​စေ​တော်​မူ​မည်​ဟူ​သော အ​ယူ​ကို​မ​ယူ​အပ်​ဟု သင်​တို့​သည် အ​ဘယ်​ကြောင့် ထင်​ကြ​ပါ​သ​နည်း။ နာ​ဇ​ရက်​မြို့​သား ယေ​ရှု၏ နာ​မ​တော်​နှင့် ဆန့်​ကျင်​သော အ​မှု​များ​ကို ပြု​ကောင်း၏​ဟု အ​ကျွန်ုပ်​သည် စိတ်​ထင်​လျက်၊- ယေ​ရု​ရှ​လင်​မြို့၌ ထို​အ​မှု​ကို ပြု​မိ​ပါ၏။ ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​တို့​ထံ၌ အ​ခွင့်​ရ​ပြီး​လျှင်၊ သန့်​ရှင်း​သူ​အ​များ​တို့​ကို ထောင်​ထဲ​မှာ လှောင်​ထား​ပါ၏။ သူ​တို့​သည် အ​သေ​သတ်​ခြင်း​ကို ခံ​ရ​သော​အ​ခါ အ​ကျွန်ုပ်​သည် ဝန်​ခံ​ပါ၏။- ထို​သူ​တို့​သည် ဘု​ရား​သ​ခင်​ကို နှုတ်​ဖြင့် ပြစ်​မှား​စေ​ခြင်း​ငှာ၊ အ​ကျွန်ုပ်​သည် အ​နိုင်​အ​ထက်​ပြု၍၊ ခပ်​သိမ်း​သော​တ​ရား​ဇ​ရပ်​တို့၌ ကြိမ်​ဖန်​များ​စွာ ဒဏ်​ပေး​ပါ၏။ ပြင်း​စွာ​သော အ​မျက်​ဒေါ​သ​နှင့် ယစ်​မူး​သ​ဖြင့်၊ တစ်​ကျွန်း​တစ်​နိုင်​ငံ​တိုင်​အောင် သူ​တို့​ကို ညှဉ်း​ဆဲ​နှိပ်​စက်​ပါ၏။ ထို​သို့​ပြု၍ ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​တို့​ပေး​သော အ​ခွင့်​အ​ရာ​နှင့် အ​ကျွန်ုပ်​သည် ဒ​မာ​သက်​မြို့​သို့ သွား​စဉ်​တွင်၊- နေ၏​အ​ရောင်​ထက်​မ​က​သော အ​လင်း​သည် အ​ကျွန်ုပ်​မှ​စ၍ အ​ကျွန်ုပ်​နှင့်​အ​တူ သွား​သော​သူ​များ ပတ်​လည်၌ ကောင်း​ကင်​ထဲ​က ထွန်း​တောက်​သည်​ကို၊ မွန်း​တည့်​အ​ချိန်​တွင် လမ်း​ထဲ​မှာ အ​ကျွန်ုပ်​မြင်​ရ​ပါ​သည်။ အ​ရှင်​မင်း​ကြီး။- အ​ကျွန်ုပ်​နှင့် ထို​သူ​အ​ပေါင်း​တို့​သည် မြေ​ပေါ်​မှာ လဲ၍​နေ​ကြ​စဉ်၊ ရှော​လု၊ ရှော​လု၊ ငါ့​ကို​အ​ဘယ်​ကြောင့် ညှဉ်း​ဆဲ​သ​နည်း။ တုတ်​ချွန်​ကို ခြေ​နှင့် ကျောက်​လျှင် ခက်​လှ​သည်​ဟု ဟေ​ဗြဲ​ဘာ​သာ​အား​ဖြင့် ပြော​သော စ​ကား​သံ​ကို အ​ကျွန်ုပ်​ကြား​လျှင်၊- သ​ခင်၊ ကိုယ်​တော်​သည် အ​ဘယ်​သူ​နည်း​ဟု အ​ကျွန်ုပ်​မေး​လျှောက်​သော်၊ ငါ​ကား၊ သင်​ညှဉ်း​ဆဲ​သော နာ​ဇ​ရက်​မြို့​သား ယေ​ရှု​ဖြစ်​သ​တည်း။- သို့​သော်​လည်း၊ ထ၍​မတ်​တတ်​နေ​လော့။- ငါ​သည်​ယု​ဒ​အ​မျိုး​သား၊ တစ်​ပါး​အ​မျိုး​သား​တို့​လက်​မှ သင့်​ကို​ကယ်​လွှတ်၍၊- သင်​သည် ယ​ခု​မြင်​ရ​သော​အ​ကြောင်း​အ​ရာ​တို့​နှင့်၊ နောက်​မှ ငါ​သည်​သင့်​အား ထင်​ရှား​လ​တ္တံ့​သော အ​ကြောင်း​အ​ရာ​တို့​မှာ၊ အ​မှု​ဆောင်​ရွက်​သော​သူ၊ သက်​သေ​ခံ​သော​သူ​အ​ရာ၌ သင့်​ကို​ခန့်​ထား​စေ​ခြင်း​ငှာ ငါ​သည်​သင့်​အား ထင်​ရှား၏။ တစ်​ပါး​အ​မျိုး​သား​တို့​သည် မှောင်​မိုက်​မှ အ​လင်း​သို့ ကူး​မြောက်၍၊ စာ​တန်၏​အာ​ဏာ​ထဲ​မှ ဘု​ရား​သ​ခင့်​အ​ထံ​တော်​သို့ ပြောင်း​လဲ​သော​အား​ဖြင့် အ​ပြစ်​လွှတ်​ခြင်း ကျေး​ဇူး​ကို ခံ​ရ​မည်​အ​ကြောင်း​နှင့်၊ ငါ့​ကို​ယုံ​ကြည်​သော​အား​ဖြင့် သန့်​ရှင်း​ခြင်း​သို့ ရောက်​သော​သူ​တို့​နှင့် ဆက်​ဆံ၍ အ​မွေ​ခံ​ရ​မည်​အ​ကြောင်း၊ သူ​တို့၏​မျက်​စိ​ကို ဖွင့်​စေ​ခြင်း​ငှာ သူ​တို့​ဆီ​သို့ သင့်​ကို ငါ​စေ​လွှတ်​မည်​ဟု မိန့်​တော်​မူ၏။ အို အ​ဂြိ​ပ္ပ​မင်း​ကြီး၊ ကောင်း​ကင်​က​ဖြစ်​သော ထို​ဗျာ​ဒိတ်​တော်​ကို အ​ကျွန်ုပ်​သည် နား​မ​ထောင်​ဘဲ မ​နေ​ရ​ပါ။- လူ​တို့​သည် နောင်​တ​ရ​ရ​မည်။ နောင်​တ​ရ​ခြင်း​နှင့် ထိုက်​တန်​သော အ​ကျင့်​ကို ကျင့်​ရ​မည်။ ဘု​ရား​သ​ခင် အ​ထံ​တော်​သို့ ပြောင်း​လဲ​ရ​မည်​ဟူ၍ ဒ​မာ​သက်​မြို့၌ ရှေ့​ဦး​စွာ ဟော​ပြော​ပြီး​လျှင်၊ ယေ​ရု​ရှ​လင်​မြို့​မှ​စ၍ ယု​ဒ​ပြည်​အ​ရပ်​ရပ်၌​နေ​သော သူ​တို့​အား​လည်း​ကောင်း၊ တစ်​ပါး​အ​မျိုး​သား​တို့​အား​လည်း​ကောင်း၊ ဟော​ပြော​ပါ၏။- ထို​အ​ကြောင်း​များ​ကြောင့်၊ ယု​ဒ​လူ​တို့​သည် ဗိ​မာန်​တော်၌ အ​ကျွန်ုပ်​ကို​ဖမ်း​ဆီး၍ ကွပ်​မျက်​ခြင်း​ငှာ အား​ထုတ်​ကြ​ပါ၏။- သို့​ရာ​တွင် ဘု​ရား​သ​ခင် မ​စ​တော်​မူ​သော ကျေး​ဇူး​တော်​ကို အ​ကျွန်ုပ်​ခံ​ရ၍၊- ယ​ခု​တိုင်​အောင် ရှိ​နေ​ရ​ပါ၏။ ခ​ရစ်​တော်​သည် အ​သေ​သတ်​ခြင်း​ကို ခံ​ရ​မည်​ဟူ၍​လည်း​ကောင်း၊ သေ​ခြင်း​မှ အ​ဦး​ဆုံး​ထ​မြောက်၍ ယု​ဒ​အ​မျိုး​သား၊ တစ်​ပါး​အ​မျိုး​သား​တို့​အား အ​လင်း​ကို​ပေး​မည်​ဟူ၍​လည်း​ကောင်း၊ မော​ရှေ​မှ​စ​သော ပ​ရော​ဖက်​များ​တို့ ဟော​ပြော​သော​စ​ကား​ထက် အ​ကျွန်ုပ်​သည် မ​လွန်​ဘဲ၊ လူ​အ​ကြီး​အ​ငယ်​တို့​အား သက်​သေ​ခံ၍ နေ​ပါ​သည်​ဟု လျှောက်​လေ၏။ ထို​သို့​ပေါ​လု​သည် အ​ပြစ်​ဖြေ​ရာ​စ​ကား​ကို လျှောက်​သော​အ​ခါ၊ ဖေ​တ္တု​မင်း​က၊ ပေါ​လု၊ သင်​သည် သူ​ရူး​ဖြစ်၏။ သိ​ပ္ပံ​အ​တတ်​များ​ကို​သင်၍ သူ​ရူး​အ​ဖြစ်​သို့​ရောက်​ခဲ့​ပြီ​ဟု ကြီး​သော အ​သံ​နှင့်​ဆို၏။- ပေါ​လု​က​လည်း၊ မြတ်​တော်​မူ​သော​ဖေ​တ္တု​မင်း၊ အ​ကျွန်ုပ်​သည် သူ​ရူး​မ​ဟုတ်​ပါ။ သ​မ္မာ​တ​ရား​နှင့်​လည်း​ကောင်း၊ ကောင်း​သော​စိတ်​နှင့်​လည်း​ကောင်း၊ ယှဉ်​သော​စ​ကား​ကို ပြော​ပါ၏။- ဤ​အ​ရာ​များ​ကို အ​ဂြိ​ပ္ပ​မင်း​ကြီး သိ​တော်​မူ၏။ ထို​မင်း​ရှေ့​တော်၌ အ​ကျွန်ုပ်​အ​တည့်​အ​လင်း လျှောက်​ဝံ့​ပါ၏။ ဤ​အ​မှုအ​ရာ တစ်​စုံ​တစ်​ခု​ကို​မျှ မင်း​ကြီး​မ​သိ​ဘဲ နေ​တော်​မ​မူ​ဟု အ​ကျွန်ုပ်​ထင်​ပါ၏။ အ​ကြောင်း​မူ​ကား၊ ဤ​အ​မှု​သည် ဆိတ်​ကွယ်​ရာ​အ​ရပ်၌ ပြု​သော​အ​မှု မ​ဟုတ်​ပါ။- အို အ​ဂြိ​ပ္ပ​မင်း​ကြီး၊ ကိုယ်​တော်​သည် အ​နာ​ဂ​တ္တိ​ကျမ်း​စာ​ကို ယုံ​တော်​မူ​သ​လော။ ယုံ​တော်​မူ​သည်​ကို အ​ကျွန်ုပ်​သိ​ပါ​သည်​ဟု လျှောက်၏။- အ​ဂြိ​ပ္ပ​မင်း​က​လည်း၊ သင်​သည် ဖြား​ယောင်း​သွေး​ဆောင်​သော​အား​ဖြင့်၊ ငါ​သည်​ခ​ရစ်​ယာန်​ဖြစ်​လု​ပြီ​ဟု ပေါ​လု​အား ပြော​ဆို​လျှင်၊- ပေါ​လု​က၊ ကိုယ်​တော်​မှ​စ၍ ယ​နေ့​တွင် အ​ကျွန်ုပ်၏​စ​ကား​ကို ကြား​သော​သူ​အ​ပေါင်း​တို့​သည်၊ ဤ​သံ​ကြိုး​ကို​ထား၍ အ​ကျွန်ုပ်​ကဲ့​သို့​သော​သူ ဖြစ်​လု​သည်​သာ​မ​က လုံး​လုံး​ဖြစ်​စေ​ခြင်း​ငှာ ဘု​ရား​သ​ခင်​ကို အ​ကျွန်ုပ် ဆု​တောင်း​ပါ​သည်​ဟု လျှောက်​လေ၏။- ထို​အ​ခါ မင်း​ကြီး​နှင့် ဗေ​ရ​နိတ်​သည် ထ၍ မြို့​ဝန်​မင်း​မှ​စ​သော အ​ပေါင်း​အ​ဖော်​များ​တို့​နှင့်​တ​ကွ၊- အ​ခြား​သို့​သွား​ပြီ​လျှင်၊ ဤ​သူ​သည် အ​သေ​သတ်​ခြင်း၊ အ​ကျဉ်း​ထား​ခြင်း ခံ​ထိုက်​သော​အ​မှု​ကို မ​ပြု​ဟု အ​ချင်း​ချင်း​ပြော​ဆို​ကြ၏။- အ​ဂြိ​ပ္ပ​မင်း​က​လည်း၊ ဤ​သူ​သည် ကဲ​သာ​ဘု​ရင်၏ အ​ယူ​တော်​ကို ခံ​ပါ​မည်​ဟု​မ​ဆို​မိ​လျှင် လွှတ်​သင့်​သည်​ဟု ဖေ​တ္တု​မင်း​အား​ဆို၏။

တမန်တော် 26:1-32 Common Language Bible (BCL)

အ​ဂြိပ္ပ​မင်း​ကြီး​က ``သင်​လျှောက်​ထား​နိုင် သည်'' ဟု​ပေါ​လု​အား​ဆို​သော် ပေါ​လု​သည် လက်​ကို​ဆန့်​၍၊- ``အ​ရှင်​အ​ဂြိပ္ပ​မင်း​ကြီး၊ အ​ကျွန်ုပ်​အား​ယု​ဒ အ​မျိုး​သား​တို့​စွပ်​စွဲ​ချက်​များ​နှင့်​ပတ်​သက် ၍ အ​ရှင်​၏​ရှေ့​တော်​တွင်​လျှောက်​လဲ​ချေ​ပ​ရ သည်​မှာ အ​ကျွန်ုပ်​အ​ဖို့​ထူး​မြတ်​သော​အ​ခွင့် အ​ရေး​ပင်​ဖြစ်​သည်​ဟု​ယူ​ဆ​ပါ​၏။- အ​ရှင်​သည်​ယု​ဒ​အ​မျိုး​သား​တို့​၏​ဋ္ဌ​လေ့ ထုံး​စံ​များ​နှင့် အ​ငြင်း​ပွား​တတ်​သည့်​ပြ​ဿ နာ​များ​ကို​သိ​ရှိ​သူ​ဖြစ်​ပါ​၏။ သို့​ဖြစ်​၍ အ​ကျွန်ုပ်​လျှောက်​ထား​ချက်​ကို​စိတ်​ရှည်​လျက် နား​ထောင်​တော်​မူ​ပါ။'' ``အ​ကျွန်ုပ်​သည်​ပျို​ရွယ်​စဉ်​အ​ခါ​မှ​စ​၍ ဦး​စွာ မိ​မိ​၏​ဇာ​တိ​ပြည်​ရွာ​တွင်​လည်း​ကောင်း ထို​နောက်​ယေ​ရု​ရှ​လင်​မြို့​တွင်​လည်း​ကောင်း မည်​သို့​ပြု​မူ​နေ​ထိုင်​ခဲ့​သည်​ကို​ယု​ဒ အ​မျိုး​သား​အ​ပေါင်း​တို့​သိ​ကြ​ပါ​၏။- အ​ကျွန်ုပ်​ကို​သူ​တို့​သိ​ကြ​သည်​မှာ​ကြာ ပါ​ပြီ။ အ​ကျွန်ုပ်​သည်​ယု​ဒ​ဘာ​သာ​တွင် အ​ကျပ်​တည်း​ဆုံး​သော​စည်း​မျဉ်း​များ​ကို လိုက်​နာ​ကျင့်​သုံး​သည့်​ဖာ​ရိ​ရှဲ​ဂိုဏ်း​ဝင် တစ်​ယောက်​အ​နေ​ဖြင့်​နေ​ထိုင်​ပြု​မူ​ခဲ့ ကြောင်း​ကို ထို​သူ​တို့​သက်​သေ​ခံ​လို​က ခံ​နိုင်​ကြ​ပါ​၏။- ဘု​ရား​သ​ခင်​သည်​အ​ကျွန်ုပ်​တို့​၏​ဘိုး​ဘေး များ​အား​ထား​တော်​မူ​သည့်​က​တိ​တော်​ကို အ​ကျွန်ုပ်​မျှော်​လင့်​စောင့်​စား​သည့်​အ​တွက် ယ​ခု​အ​ခါ​အ​ကျွန်ုပ်​သည်​အ​စစ်​အ​ဆေး ခံ​နေ​ရ​ပါ​၏။- ထို​က​တိ​တော်​ကား​ယု​ဒ​အ​မျိုး​အ​နွယ် တစ်​ဆယ့်​နှစ်​ပါး​တို့​သည် နေ့​ည​မ​ပြတ် ဘု​ရား​သ​ခင်​ကို​ဝတ်​ပြု​ကိုး​ကွယ်​လျက် မျှော်​လင့်​စောင့်​စား​နေ​ကြ​သည့်​က​တိ တော်​ပင်​ဖြစ်​ပါ​၏။ အ​ရှင်​မင်း​ကြီး၊ ဤ သို့​မျှော်​လင့်​စောင့်​စား​ခြင်း​ကြောင့် အ​ကျွန်ုပ် အား​ယု​ဒ​အ​မျိုး​သား​တို့​စွပ်​စွဲ​ပြော​ဆို ကြ​ခြင်း​ဖြစ်​ပါ​၏။- သူ​သေ​တို့​ကို​ဘု​ရား​သ​ခင်​ရှင်​ပြန်​ထ မြောက်​စေ​တော်​မူ​သည်​ကို ဤ​တွင်​ရှိ​နေ​သူ တို့​အ​ဘယ်​ကြောင့်​မ​ယုံ​နိုင်​ကြ​ပါ​သ​နည်း။'' ``အ​ကျွန်ုပ်​ကိုယ်​တိုင်​ပင်​လျှင် နာ​ဇ​ရက်​မြို့ သား​ယေ​ရှု​၏​နာ​မ​တော်​နှင့်​ဆန့်​ကျင်​သည့် အ​မှု​များ​ကို​ပြု​သင့်​သည်​ဟု​ယူ​ဆ​ခဲ့​ပါ​၏။- ယေ​ရု​ရှ​လင်​မြို့​တွင်​ထို​သို့​ပြု​ခဲ့​ပါ​၏။ ယဇ်​ပု​ရော​ဟိတ်​ကြီး​များ​၏​အ​မိန့်​အာ​ဏာ ဖြင့် ယုံ​ကြည်​သူ​အ​မြောက်​အ​မြား​ကို​ထောင် သွင်း​၍​အ​ကျဉ်း​ထား​ခဲ့​ပါ​၏။ သူ​တို့​အား သေ​ဒဏ်​စီ​ရင်​ချိန်​၌​လည်း အ​ကျွန်ုပ်​သ​ဘော တူ​မဲ​ဆန္ဒ​ပေး​ခဲ့​ပါ​၏။- တ​ရား​ဇ​ရပ်​များ​တွင်​သူ​တို့​အား​ကြိမ်​ဖန် များ​စွာ​အ​ပြစ်​ဒဏ်​ပေး​စေ​ပြီး​လျှင် သူ​တို့ ၏​အ​ယူ​ဝါ​ဒ​ကို​စွန့်​လွှတ်​ကြ​စေ​ရန်​ကြိုး စား​ဆောင်​ရွက်​ခဲ့​ပါ​၏။ သူ​တို့​အ​ပေါ်​၌ ဒေါ​သ​စိတ်​မွှန်​၍​နေ​သ​ဖြင့် အ​ကျွန်ုပ်​သည် နိုင်​ငံ​ရပ်​ခြား​မြို့​များ​သို့​ပင်​သွား​ရောက် ၍​သူ​တို့​ကို​ညှဉ်း​ဆဲ​ခဲ့​ပါ​၏။'' ``ဤ​ရည်​ရွယ်​ချက်​ဖြင့်​အ​ကျွန်ုပ်​သည်​ယဇ် ပု​ရော​ဟိတ်​ကြီး​များ​ထံ​မှ အ​ခွင့်​အာ​ဏာ​ရ ယူ​၍​ဒ​မာ​သက်​မြို့​သို့​သွား​ပါ​၏။ သို့​သွား လျက်​နေ​စဉ်၊- မွန်း​တည့်​ချိန်​၌​ကောင်း​ကင်​မှ​နေ​ရောင်​ထက် ပင် ထွန်း​လင်း​တောက်​ပ​သည့်​အ​လင်း​ရောင်​ကို အ​ကျွန်ုပ်​မြင်​ရ​ပါ​၏။- ထို​အ​ခါ​အ​ကျွန်ုပ်​တို့​အား​လုံး​ပင်​မြေ​ပေါ် သို့​လဲ​ကျ​ကြ​ပါ​၏။ ထို​နောက်​ဟေ​ဗြဲ​ဘာ​သာ စ​ကား​ဖြင့်`ရှော​လု၊ ရှော​လု၊ သင်​အ​ဘယ်​ကြောင့် ငါ့​ကို​နှိပ်​စက်​ညှဉ်း​ဆဲ​သ​နည်း။ တုတ်​ချွန်​ကို ခြေ​နှင့်​ကျောက်​လျှင် သင်​သာ​လျှင်​နာ​ကျင် လိမ့်​မည်' ဟူ​သော​အ​သံ​ကို​အ​ကျွန်ုပ်​ကြား ပါ​၏။- ထို​အ​ခါ​အ​ကျွန်ုပ်​က `အ​ရှင်၊ အ​ရှင်​သည် အ​ဘယ်​သူ​ဖြစ်​ပါ​သ​နည်း' ဟု​မေး​လျှောက် ပါ​၏။ ထို​အ​ရှင်​က `ငါ​ကား​သင်​နှိပ်​စက်​ညှဉ်း ဆဲ​နေ​သည့်​ယေ​ရှု​တည်း။- သို့​ရာ​တွင်​ယ​ခု​ထ​၍​မတ်​တပ်​ရပ်​လော့။ သင့် အား​ငါ​၏​အ​မှု​တော်​ဆောင်​အ​ဖြစ်​ခန့်​ထား​ရန် သင်​၏​ထံ​သို့​ငါ​ကြွ​လာ​ခြင်း​ဖြစ်​၏။ ယ​နေ့ သင်​မြင်​ရ​သည့်​ဗျာ​ဒိတ်​ရူ​ပါ​ရုံ​အ​ကြောင်း နှင့် နောင်​အ​ခါ​ငါ​ဖော်​ပြ​လတ္တံ့​သော​အ​ကြောင်း အ​ရာ​တို့​ကို​သင်​သည်​သူ​တစ်​ပါး​တို့​အား သက်​သေ​ခံ​ရ​မည်။- ငါ​သည်​သင့်​အား​ဣ​သ​ရေ​လ​အ​မျိုး​သား တို့​၏​လက်​မှ​လည်း​ကောင်း၊ ငါ​စေ​လွှတ်​၍​သင် သွား​ရောက်​ဟော​ပြော​မည့်​လူ​မျိုး​ခြား​တို့ ၏​လက်​မှ​လည်း​ကောင်း​ကယ်​ဆယ်​မည်။- သင်​သည်​လူ​မျိုး​ခြား​တို့​၏​မျက်​စိ​ကို​ဖွင့် ပေး​ရ​မည်။ သူ​တို့​အား​အ​မှောင်​မှ​အ​လင်း သို့​ကူး​မြောက်​စေ​၍ စာ​တန်​အာ​ဏာ​စက်​မှ ဘု​ရား​သ​ခင်​၏​အာ​ဏာ​စက်​သို့​ကူး​ပြောင်း စေ​ရ​မည်။ ထို​သူ​တို့​သည်​ငါ့​ကို​ယုံ​ကြည်​ခြင်း အား​ဖြင့်​အ​ပြစ်​များ​ပြေ​လွတ်​လျက် ဘု​ရား သ​ခင်​ရွေး​ကောက်​တော်​မူ​သော​လူ​စု​တော် တွင်​အ​ပါ​အ​ဝင်​ဖြစ်​ရ​လိမ့်​မည်' ဟု​မိန့် တော်​မူ​ပါ​၏။'' ``အ​ရှင်​အ​ဂြိပ္ပ​မင်း​ကြီး၊ အ​ကျွန်ုပ်​သည်​ကောင်း ကင်​မှ​ရ​ရှိ​သည့်​ဗျာ​ဒိတ်​ရူ​ပါ​ရုံ​ကို​မ​လွန်​ဆန် နိုင်​ပါ။ `သင်​တို့​သည်​နောင်​တ​ရ​၍​ဘု​ရား​သ​ခင် ထံ​ပြောင်း​လဲ​ရ​ကြ​မည်။ နောင်​တ​နှင့်​လျော်​ကန် သည့်​အ​ကျင့်​ကို​ကျင့်​ရ​ကြ​မည်' ဟု၊- ဦး​စွာ​ဒ​မာ​သက်​မြို့၊ ထို​နောက်​ယေ​ရု​ရှ​လင်​မြို့ မှ​စ​၍ ယု​ဒ​ပြည်​တစ်​ပြည်​လုံး​ရှိ​လူ​တို့​အား လည်း​ကောင်း၊ လူ​မျိုး​ခြား​တို့​အား​လည်း​ကောင်း အ​ကျွန်ုပ်​ဟော​ပြော​ပါ​၏။- ထို့​ကြောင့်​ယု​ဒ​အ​မျိုး​သား​တို့​သည် အ​ကျွန်ုပ် ကို​ဗိ​မာန်​တော်​ထဲ​တွင်​ဖမ်း​ဆီး​၍​သတ်​ရန် ကြိုး​စား​ကြ​ပါ​၏။- သို့​သော်​ဘု​ရား​သ​ခင်​သည်​အ​ကျွန်ုပ်​ကို​မ​စ တော်​မူ​သ​ဖြင့် ယ​နေ့​တိုင်​အောင်​အ​ကျွန်ုပ်​သည် အ​သက်​ရှင်​၍​ယုတ်​မြတ်​မ​ဟူ​လူ​အ​ပေါင်း​တို့ အား​သက်​သေ​ခံ​လျက်​ရှိ​ပါ​၏။ မေ​ရှိ​ယ​သည် အ​သေ​ခံ​တော်​မူ​ရ​မည်​ဟူ​၍​လည်း​ကောင်း၊ ကိုယ်​တော်​သည်​သေ​ခြင်း​မှ​အ​ဦး​ထ​မြောက် တော်​မူ​ပြီး​လျှင် ဣသ​ရေ​လ​အ​မျိုး​သား​တို့ နှင့်​လူ​မျိုး​ခြား​တို့​အား ကယ်​တင်​ခြင်း အ​လင်း​တ​ရား​တော်​ကို​ကြေ​ညာ​တော်​မူ လိမ့်​မည်​ဟူ​၍​လည်း​ကောင်း မော​ရှေ​နှင့်​ပ​ရော ဖက်​များ​ဟော​ကြား​ခဲ့​သည့်​အ​တိုင်း​အ​ကျွန်ုပ် သည်​ဟော​ပြော​ပါ​၏'' ဟု​ချေ​ပ​လျှောက် ထား​၏။ ဤ​သို့​လျှောက်​လျက်​နေ​စဉ်​ဖေတ္တု​က ``ပေါ​လု၊ သင်​သည်​ရူး​သွပ်​လေ​ပြီ။ အ​တတ်​လွန်​ကဲ​၍ သူ​ရူး​ဖြစ်​လေ​ပြီ​တ​ကား'' ဟု​အော်​၍​ပြော ၏။ ပေါ​လု​က ``အ​ရှင်​မင်း​ကြီး၊ အ​ကျွန်ုပ်​သည် သူ​ရူး​မ​ဟုတ်​ပါ။ အ​ရှင့်​အား​လေး​နက်​သော အ​မှန်​တ​ရား​ကို​လျှောက်​ထား​ခြင်း​ဖြစ်​ပါ​၏။- အ​ဂြိပ္ပ​ဘု​ရင်​မင်း​မြတ်၊ ထို​အ​မှု​အ​ရာ​များ အ​ကြောင်း​ကို​အ​ရှင်​သိ​တော်​မူ​သည်​ဖြစ်​၍ အ​ကျွန်ုပ်​သည်​အ​ရှင်​၏​ရှေ့​တော်​တွင်​ရဲ​ဝံ့​စွာ လျှောက်​ထား​ခြင်း​ဖြစ်​ပါ​သည်။ ထို​အ​မှု​အ​ရာ များ​သည်​ချောင်​ကြို​ချောင်​ကြား​တွင်​ဖြစ်​ပျက် ခဲ့​သည်​မ​ဟုတ်​ပါ။ ယင်း​အ​ကြောင်း​အ​ရာ အ​လုံး​စုံ​ကို​အ​ရှင်​မင်း​ကြီး​သိ​တော်​မူ ပြီး​ဖြစ်​သည်​ဟု​အ​ကျွန်ုပ်​ယုံ​ကြည်​ပါ​၏။- အ​ဂြိပ္ပ​ဘု​ရင်​မင်း​မြတ်၊ အ​ရှင်​သည်​ပ​ရော ဖက်​ကျမ်း​များ​ကို​ယုံ​ကြည်​တော်​မူ​ပါ သ​လော။ အ​ရှင်​ယုံ​ကြည်​တော်​မူ​ကြောင်း​ကို အ​ကျွန်ုပ်​သိ​ပါ​၏'' ဟု​လျှောက်​၏။ အ​ဂြိပ္ပ​မင်း​က ``သင်​သည်​ဤ​မျှ​တို​တောင်း သည့်​အ​ချိန်​၌ ငါ့​ကို​ခ​ရစ်​ယာန်​ဖြစ်​စေ​နိုင် မည်​ဟု​ထင်​မှတ်​ပါ​သ​လော'' ဟု​ဆို​၏။ ပေါ​လု​က ``အ​ချိန်​တို​သည်​ကြာ​သည်​မှာ ပ​ဋ္ဌာ​န​မ​ဟုတ်​ပါ။ အ​ရှင်​မင်း​ကြီး​နှင့်​တ​ကွ ယ​နေ့​အ​ကျွန်ုပ်​ပြော​ဆို​သည်​ကို နား​ထောင် လျက်​ရှိ​ကြ​သော​လူ​အ​ပေါင်း​တို့​သည် ဤ အ​နှောင်​အ​ဖွဲ့​ခံ​ရ​မှု​မှ​လွဲ​၍​အ​ကျွန်ုပ်​ကဲ့ သို့​ပင်​ဖြစ်​လာ​ကြ​စေ​ရန် ဘု​ရား​သ​ခင် ထံ​တော်​သို့​အ​ကျွန်ုပ်​ဆု​တောင်း​ပါ​၏'' ဟု လျှောက်​လေ​သည်။ ထို​အ​ခါ​မင်း​ကြီး​နှင့်​ဘု​ရင်​ခံ​တို့​သည် မိ ဖု​ရား​ဗေ​ရ​နိတ်​နှင့်​အ​ဖွဲ့​ဝင်​အ​ပေါင်း​တို့ နှင့်​တ​ကွ​နေ​ရာ​မှ​ထ​ကြ​၏။- သူ​တို့​သည်​ထို​နေ​ရာ​မှ​ထွက်​ခွာ​သွား​ပြီး နောက် ``ဤ​သူ​သည်​သေ​ဒဏ်​သို့​မ​ဟုတ်​ထောင် ဒဏ်​ခံ​ထိုက်​သည့်​ပြစ်​မှု​တစ်​စုံ​တစ်​ရာ​ကို​မျှ မ​ကူး​လွန်'' ဟု​အ​ချင်း​ချင်း​ပြော​ဆို​ကြ​၏။- အ​ဂြိပ္ပ​မင်း​က ``အ​ကယ်​၍​ဤ​သူ​သည်​ကဲ​သာ ဘု​ရင်​ထံ​သို့​အ​ယူ​ခံ​ဝင်​ရန်​မ​လျှောက်​ထား ခဲ့​ပါ​မူ​သူ့​ကို​လွှတ်​ပစ်​နိုင်​၏'' ဟု​ဖေတ္တု အား​ပြော​၏။

တမန်တော် 26:1-32 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ထိုအခါ အဂြိပ္ပ​မင်းကြီး​သည် ပေါလု​အား “သင့်​အကြောင်း​ကို သင်​ကိုယ်တိုင်​ပြောဆို​နိုင်​ပြီ”​ဟု အမိန့်​ရှိ​သဖြင့် ပေါလု​သည် လက်​ကို​ဆန့်​၍ “အဂြိပ္ပ​မင်းကြီး၊ ဂျူး​လူမျိုး​တို့​သည် အကျွန်ုပ်​အပေါ်​စွဲဆို​ထား​သည့်​အမှု​အားလုံး​နှင့်​ပတ်သက်၍ အရှင်​မင်းကြီး​၏​ရှေ့​တော်​၌ ယနေ့ ချေပ​ပြောဆို​ရ​တော့မည်​ကို မင်္ဂလာ​တစ်ပါး​ဖြစ်​သည်​ဟု အကျွန်ုပ်​မှတ်ယူ​ပါ​သည်။ အထူးသဖြင့် အရှင်​မင်းကြီး​သည် ဂျူး​လူမျိုး​တို့​၏​ဓလေ့​ထုံးစံ​နှင့် ပြဿနာ​အလုံးစုံ​တို့​ကို သိကျွမ်း​သူ​ဖြစ်​သောကြောင့် ဖြစ်​ပါ​သည်။ ထို့ကြောင့် အကျွန်ုပ်​၏​လျှောက်ထား​ချက်​ကို စိတ်ရှည်​စွာ​နားထောင်​ပေး​ပါ​ရန် အကျွန်ုပ်​တောင်းပန်​ပါ​သည်။ အကျွန်ုပ်​သည် မိမိ​လူမျိုး​ထဲ၌​လည်းကောင်း၊ ဂျေရုဆလင်​မြို့​၌​လည်းကောင်း အစ​ပြု​ခဲ့​သည့် ငယ်ရွယ်​စဉ်​ဘဝ​မှစ၍ အကျွန်ုပ်​မည်ကဲ့သို့​ပြုမူ​နေထိုင်​ခဲ့​သည်​ကို ဂျူး​လူမျိုး​အားလုံး​သိ​ကြ​ပါ​သည်။ သူ​တို့​သည် အကျွန်ုပ်​ကို ယခင်ကတည်းက သိ​ထား​ကြ​သည်​ဖြစ်၍ အကျွန်ုပ်​သည် အကျွန်ုပ်​တို့​ဘာသာ​တွင် စည်းမျဉ်း​အတင်းကျပ်​ဆုံး​သော​ဂိုဏ်း​ဖြစ်​သည့် ဖာရိရှဲ​ဂိုဏ်း​ဝင်​တစ်​ဦး​အဖြစ် အသက်ရှင်​ခဲ့​ကြောင်း သူ​တို့​သက်သေခံ​လို​လျှင် သက်သေခံ​နိုင်​ပါ​သည်။ ယခု အကျွန်ုပ်​သည် အကျွန်ုပ်​တို့​ဘိုးဘေး​များ​အား ဘုရားသခင်​ပေး​ထား​သော​ကတိ​တော်​နှင့်ဆိုင်သည့် မျှော်လင့်​ခြင်း​အတွက် ရပ်​လျက် စစ်ဆေး​စီရင်​ခံ​နေ​ရ​ခြင်း​ဖြစ်​ပါ​သည်။ အကျွန်ုပ်​တို့​၏​မျိုးနွယ်စု တစ်ဆယ့်နှစ်​မျိုး​သည် နေ့​ရော​ည​ပါ စိတ်အားထက်သန်​စွာ​ဖြင့် ဘုရားသခင်​ကို​ဝတ်ပြု​ကိုးကွယ်​လျက် ထို​ကတိ​တော်​အတိုင်း ခံစား​ရ​ရန် မျှော်လင့်​နေ​ကြ​ပါ​သည်။ အရှင်​မင်းကြီး၊ အကျွန်ုပ်​သည် ဤ​မျှော်လင့်​ခြင်း​အတွက် ဂျူး​လူမျိုး​တို့​၏​စွဲဆို​ခြင်း​ကို​ခံ​နေ​ရ​ပါ​သည်။ သေလွန်​သော​သူ​တို့​အား ဘုရားသခင်​ထမြောက်​စေ​တော်မူ​သည်​ကို မ​ယုံ​နိုင်​စရာ​ဟု အရှင်​တို့ အဘယ်ကြောင့်​ထင်မှတ်​ကြ​ပါ​သနည်း။ အမှန်စင်စစ် အကျွန်ုပ်​ကိုယ်တိုင်​သည်​လည်း နာဇရက်​မြို့သား​ယေရှု​၏​နာမ​တော်​အား ဆန့်ကျင်​သည့်​အမှု​များစွာ​တို့​ကို​ပြု​ရ​မည်​ဟု​ထင်မှတ်​၍ ဂျေရုဆလင်​မြို့​တွင် ထို​အတိုင်း​ပြု​ခဲ့​ပါ​သည်။ အကျွန်ုပ်​သည် ယဇ်ပုရောဟိတ်​အကြီးအကဲ​များ​ထံမှ အခွင့်​အာဏာ​ကို​ရရှိ​လျက် များစွာ​သော​သန့်ရှင်း​သူ​တို့​ကို ထောင်​ထဲ၌​ပိတ်လှောင်​ထား​ကာ သူ​တို့​အသတ်​ခံရ​သည့်​အခါ​လည်း ထောက်ခံ​ခဲ့​ပါ​သည်။ ဝတ်ပြု​စည်းဝေး​ကျောင်း​တိုင်း​တွင်​လည်း သူ​တို့​ကို မကြာခဏ​ပြစ်ဒဏ်​ပေး​လျက် ဘုရားသခင်​ကို​စော်ကား​ပြောဆို​ကြ​ရန် အတင်းအကျပ်​စေခိုင်း​ခဲ့​ပါ​သည်။ ထိုမျှမက သူ​တို့​အပေါ် အလွန်​ဒေါသ​ထွက်​၍ တိုင်းတစ်ပါး​မြို့​များ​သို့​တိုင်အောင် သူ​တို့​ကို လိုက်လံ​ညှဉ်းဆဲ​ခဲ့​ပါ​သည်။ ဤသို့ဖြင့် အကျွန်ုပ်​သည် ယဇ်ပုရောဟိတ်​အကြီးအကဲ​များ​၏​ခွင့်ပြု​ချက်​နှင့်​အခွင့်​အာဏာ​တို့​ပါလျက် ဒမတ်စကပ်​မြို့​သို့​သွား​စဉ် မွန်းတည့်​ချိန်​တွင် လမ်း​၌ နေ​ရောင်ခြည်​ထက်​မက​တောက်ပ​သော ကောင်းကင်​မှ​အလင်း​သည် အကျွန်ုပ်​မှစ၍ အကျွန်ုပ်​နှင့်အတူ​ခရီး​သွား​သူ​များ​ပတ်လည်​တွင် ထွန်းလင်း​သည်​ကို အကျွန်ုပ်​မြင်​ရ​ပါ​သည်၊ အရှင်​မင်းကြီး။ အကျွန်ုပ်​တို့​အားလုံး​သည် မြေ​ပေါ်သို့​လဲကျ​သွား​ရာ ဟေဗြဲ​ဘာသာစကား​ဖြင့်‘ရှောလု၊ ရှောလု၊ သင်​သည် အဘယ်ကြောင့် ငါ့​ကို​ညှဉ်းဆဲ​သနည်း။ တုတ်ချွန်​ကို​ကန်​ရန် သင့်​အတွက်​ခက်​၏’​ဟု အကျွန်ုပ်​အား​ပြော​သော​အသံ​ကို အကျွန်ုပ်​ကြား​ရ​ပါ​သည်။ ထိုအခါ အကျွန်ုပ်​က ‘သခင်၊ ကိုယ်တော်​သည် မည်သူ​ဖြစ်​ပါ​သနည်း’​ဟု မေးလျှောက်​လျှင် သခင်​ဘုရား​က‘ငါ​သည် သင်​ညှဉ်းဆဲ​သော​ယေရှု​ဖြစ်​၏။ သင်​သည်​ထ​၍ သင့်​ခြေ​ဖြင့်​မတ်တတ်ရပ်​လော့။ ငါ​သည် သင့်​ထံ​ထင်ရှား​သည်​မှာ ငါ့​ကို​သင်​မြင်​ရ​သည့်​အကြောင်း​နှင့် သင့်​အား ငါ​ထင်ရှားပြ​မည့်​အရာ​များ​အတွက် သင့်​ကို အမှု​တော်​ဆောင်​အဖြစ်​လည်းကောင်း၊ သက်သေ​အဖြစ်​လည်းကောင်း ခန့်ထား​ရန်​ဖြစ်​၏။ ငါ​သည် ဂျူး​လူမျိုး​၏​လက်​မှ​လည်းကောင်း၊ လူမျိုးခြား​တို့​၏​လက်​မှ​လည်းကောင်း သင့်​ကို​ကယ်နုတ်​မည်။ ထို​သူ​တို့​ထံသို့​သင့်​ကို ငါ​စေလွှတ်​၏။ ဤသည်ကား သူ​တို့​၏​မျက်စိ​ကို​ဖွင့်​ပေး​၍ သူ​တို့​ကို အမှောင်​မှ အလင်း​သို့​လည်းကောင်း၊ စာတန်​၏​အခွင့်​အာဏာ​မှ ဘုရားသခင်​ထံသို့​လည်းကောင်း ပြောင်းလဲ​စေ​သဖြင့် သူ​တို့​သည် ငါ့​ကို​ယုံကြည်​ခြင်း​အားဖြင့် အပြစ်​များ​ခွင့်လွှတ်​ခြင်း​ကျေးဇူး​ကို​ခံစားရ​ကာ သန့်ရှင်း​စေ​ခြင်း​ခံရ​သော​သူ​တို့​ထဲတွင် ပါဝင်​ရ​မည့်​အကြောင်း​တည်း’​ဟု မိန့်​တော်မူ​ခဲ့​ပါ​သည်။ ထို့ကြောင့် အဂြိပ္ပ​မင်းကြီး၊ အကျွန်ုပ်​သည် ကောင်းကင်ဘုံ​မှ​ဗျာဒိတ်​ရူပါရုံ​ကို နားမထောင်​၍​မ​နေ​ဘဲ ဦးစွာ ဒမတ်စကပ်​မြို့​၌​ရှိ​သော​သူ​တို့​ကို​လည်းကောင်း၊ ထို့နောက် ဂျေရုဆလင်​မြို့​နှင့် ယုဒ​နယ်​တစ်နယ်လုံး​၌​ရှိ​သော​သူ​တို့​ကို​လည်းကောင်း၊ လူမျိုးခြား​တို့​ကို​လည်းကောင်း နောင်တရ​၍ ဘုရားသခင်​ထံ​ပြောင်းလဲ​ကာ နောင်တ​နှင့်​ထိုက်တန်​သော​အမှု​များ​ကို ပြု​ကြ​ရန် ဟောပြော​ခဲ့​ပါ​သည်။ ဤ​အကြောင်း​များ​ကြောင့် ဂျူး​လူမျိုး​တို့​သည် အကျွန်ုပ်​ကို ဗိမာန်​တော်​၌​ဖမ်းဆီး​၍ သတ်​ရန်​ကြိုးစား​ခဲ့​ကြ​သည်။ သို့ရာတွင် အကျွန်ုပ်​သည် ဘုရားသခင်​၏​မစ​ခြင်း​ကျေးဇူး​ကို​ခံစား​ရ​၍ ယနေ့​တိုင်အောင် ရပ်​လျက် လူကြီး​လူငယ်​တို့​အား သက်သေခံ​နေ​ပါ​သည်။ ထိုသို့​သက်သေခံ​ရာ​၌ နောင်တွင် ဖြစ်ပျက်​မည်​ဟု မောရှေ​နှင့်​ပရောဖက်​တို့​ဟောပြော​ခဲ့​သည့်​အရာ​များ​မှတစ်ပါး အခြား​မည်သည့်​အရာ​ကို​မျှ မ​ပြောဆို​ခဲ့​ပါ။ သူ​တို့​ဟောပြော​ခဲ့​သည့်​အရာ​မှာ ခရစ်တော်​သည် ဝေဒနာ​ခံစား​ရ​လျက် သေ​သော​သူ​တို့​ထဲမှ အဦးဆုံး​ရှင်ပြန်​ထမြောက်​ခြင်း​အားဖြင့် အစ္စရေး​လူမျိုး​နှင့် လူမျိုးခြား​တို့​ထံ အလင်း​တရား​ကို​ဟောပြော​တော်မူ​မည်​ဟူသည့်​အကြောင်း ဖြစ်​ပါ​သည်”​ဟု ချေပ​ပြောဆို​လေ​၏။ ပေါလု​သည် ဤသို့​ချေပ​ပြောဆို​နေ​စဉ် ဖေတ္တု​မင်း​က “ပေါလု၊ သင်​သည်​ရူးသွပ်​နေ​ပြီ။ သင်​၏​လွန်ကဲ​သော​ကျမ်းဂန်​လေ့လာ​မှု​သည် သင့်​ကို သူရူး​ဖြစ်​စေ​ပြီ”​ဟု ကျယ်လောင်​သော​အသံ​ဖြင့် ဆို​လေ​၏။ သို့သော် ပေါလု​က “မြတ်​သော​ဖေတ္တု​မင်း၊ အကျွန်ုပ်​မ​ရူးသွပ်​ပါ။ မှန်ကန်​၍ သင့်မြတ်​သော​စကား​တို့​ကို ပြောဆို​နေ​ခြင်း​သာ ဖြစ်​ပါ​သည်။ အဂြိပ္ပ​မင်းကြီး​သည် ဤ​အကြောင်းအရာ​များ​ကို သိ​တော်မူ​သည်​ဖြစ်၍ ရှေ့​တော်​၌ ရဲရင့်​စွာ​ပြောဆို​နေ​ခြင်း​ဖြစ်​ပါ​သည်။ ဤ​အရာ​များ​သည် ဆိတ်ကွယ်​ရာ​အရပ်​၌​ဖြစ်ပျက်​ခဲ့​သည့်​အရာ​မ​ဟုတ်​သောကြောင့် ၎င်း​တို့​ထဲမှ မင်းကြီး​မသိ​သော​အရာ​တစ်စုံတစ်ခု​မျှ ရှိ​မည်​မ​ဟုတ်​ဟု အကျွန်ုပ်​ထင်မြင်​ပါ​သည်။ အဂြိပ္ပ​မင်းကြီး၊ အရှင်​သည် ပရောဖက်​ကျမ်း​များ​ကို ယုံကြည်​တော်မူ​ပါ​သလော။ ယုံကြည်​တော်မူ​ကြောင်း အကျွန်ုပ်​သိ​ပါ​သည်”​ဟု လျှောက်​လေ​၏။ ထိုအခါ အဂြိပ္ပ​မင်းကြီး​က “သင်​သည် တိုတောင်း​သော​အချိန်​အတွင်း​၌ ငါ့​ကို​ခရစ်ယာန်​ဖြစ်​အောင် စည်းရုံး​နေ​ပါ​တကား”​ဟု ပေါလု​အား ဆို​လေ​၏။ ပေါလု​က​လည်း “တိုတောင်း​သော​အချိန်​အတွင်း​ဖြစ်စေ၊ ကြာရှည်​သော​အချိန်​အတွင်း​ဖြစ်စေ အရှင်​မင်းကြီး​သာမက ယနေ့ အကျွန်ုပ်​၏​စကား​ကို​နားထောင်​သူ​အပေါင်း​တို့​သည်​လည်း ဤ​ချည်နှောင်​ခြင်း​မှတစ်ပါး အကျွန်ုပ်​ကဲ့သို့​ဖြစ်လာ​ကြ​ရန် ဘုရားသခင်​ထံ အကျွန်ုပ်​ဆုတောင်း​ပါ​သည်”​ဟု လျှောက်​လေ​၏။ ထိုအခါ မင်းကြီး​နှင့်​ဘုရင်ခံ​တို့​သည်​ထ​ပြီး မိဖုရား​ဗေရနိတ်​မှစ၍ သူ​တို့​နှင့်အတူ​ထိုင်​နေ​သော​သူ​တို့​သည်​လည်း ထ​ကြ​၏။ သူ​တို့​သည် ထွက်ခွာ​သွား​ပြီးနောက် “ဤ​သူ​သည် သေဒဏ်​၊ သို့မဟုတ် အချုပ်အနှောင်​ခံထိုက်​သော​အရာ တစ်စုံတစ်ခု​မျှ မ​ပြု​ခဲ့​ပါ”​ဟု အချင်းချင်း​ပြောဆို​ကြ​၏။ အဂြိပ္ပ​မင်းကြီး​က​လည်း ဖေတ္တု​မင်း​အား “ဤ​သူ​သည် ဆီဇာ​ဧကရာဇ်​ထံ အယူခံ​မ​ဝင်​ခဲ့​လျှင် သူ့​ကို​လွှတ်ပေး​နိုင်​သည်”​ဟု ဆို​လေ​၏။