YouVersion လိုဂို
ရှာရန် အိုင်ကွန်

တမန်တော် 2:17-18

တမန်တော် 2:17-18 Judson Bible (JBMLE)

ဟော​ဖူး​သော​အ​ချက်​ကား၊ နောင်​ကာ​လ၌ လူ​မျိုး​တ​ကာ​တို့​အ​ပေါ်​သို့ ငါ၏​ဝိ​ညာဉ်​တော်​ကို ငါ​သွန်း​လောင်း​မည်။ သင်​တို့၏​သား​သ​မီး​တို့​သည် ပ​ရော​ဖက်​ဉာဏ်​နှင့် ဟော​ပြော​ရ​ကြ​လိမ့်​မည်။ အ​သက်​ငယ်​သော​သူ​တို့​သည် ဗျာ​ဒိတ်​ရူ​ပါ​ရုံ​တို့​ကို မြင်​ရ​ကြ​လိမ့်​မည်။ အ​သက်​ကြီး​သော​သူ​တို့​သည်​လည်း နိ​မိတ်​အိပ်​မက်​တို့​ကို မြင်​မက်​ရ​ကြ​လိမ့်​မည်။- ထို​ကာ​လ၌​လည်း ငါ၏​အ​မှု​ကို​ဆောင်​ရွက်​သော ယောက်ျား​မိန်း​မ​တို့​အ​ပေါ်​သို့ ငါ၏​ဝိ​ညာဉ်​တော်​ကို ငါ​သွန်း​လောင်း၍၊ သူ​တို့​သည် ပ​ရော​ဖက်​ဉာဏ်​နှင့် ဟော​ပြော​ရ​ကြ​လိမ့်​မည်။

တမန်တော် 2:17-18 Common Language Bible (BCL)

`အ​ဆုံး​စွန်​သော​နေ့​များ​၌​ငါ​သည်​လူ​မျိုး အ​ပေါင်း​တို့ အ​ပေါ်​သို့​ငါ​၏​ဝိ​ညာဉ်​တော်​ကို​သွန်း​လောင်း မည်။ သင်​တို့​၏​သား​သ​မီး​များ​သည်​ငါ​၏​နှုတ်​က​ပတ် တ​ရား​တော်​ကို​ဟော​ပြော​ကြ​လိမ့်​မည်။ လူ​ပျို​လူ​ရွယ်​တို့​သည်​ဗျာ​ဒိတ်​ရူ​ပါ​ရုံ​များ​ကို မြင်​ကြ​လိမ့်​မည်။ လူ​အို​တို့​သည်​အိပ်​မက်​များ​မြင်​မက်​ကြ​လိမ့်​မည်။ ထို​နေ့​ရက်​ကာ​လ​၌​ငါ​၏​အ​စေ​ခံ​သူ​ယောကျာ်း၊ မိန်း​မ​များ​အ​ပေါ်​သို့​ငါ​၏​ဝိ​ညာဉ်​တော်​ကို သွန်း​လောင်း​မည်။ သူ​တို့​သည်​ငါ​၏​နှုတ်​က​ပတ်​တ​ရား​တော်​ကို ဟော​ပြော​ကြ​လိမ့်​မည်။

တမန်တော် 2:17-18 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ဟောပြော​ထား​သော​အရာ​မှာ ‘ဘုရားသခင်​မိန့်​တော်မူ​သည်​ကား ငါ​သည် နောက်ဆုံး​သော​နေ့ရက်​တို့​၌ လူ​အပေါင်း​တို့​အပေါ်သို့ ငါ​၏​ဝိညာဉ်​ကို​သွန်းလောင်း​မည်။ ထိုအခါ သင်​တို့​၏​သား​သမီး​များ​သည် ပရောဖက်ပြု​ဟောပြော​ကြ​လိမ့်မည်။ သင်​တို့​ထဲမှ​လူငယ်​များ​သည် ဗျာဒိတ်​ရူပါရုံ​များ​ကို​မြင်​ရ​ကြ​လိမ့်မည်။ သင်​တို့​ထဲမှ​သက်ကြီးဝါကြီး​များ​သည် အိပ်မက်​များ​ကို​မြင်မက်​ကြ​လိမ့်မည်။ ထို​နေ့ရက်​တို့​၌ ငါ​သည် ငါ​၏​အစေခံ​ယောက်ျား​နှင့် ငါ​၏​အစေခံ​မိန်းမ​တို့​အပေါ်သို့ ငါ​၏​ဝိညာဉ်​ကို​သွန်းလောင်း​သဖြင့် သူ​တို့​သည် ပရောဖက်ပြု​ဟောပြော​ကြ​လိမ့်မည်။