YouVersion လိုဂို
ရှာရန် အိုင်ကွန်

တမန်တော် 2:16-21

တမန်တော် 2:16-21 Judson Bible (JBMLE)

ဤ​အ​ရာ​ကား ပ​ရော​ဖက်​ယော​လ​ဟော​ဖူး​သော​အ​ရာ ဖြစ်​သ​တည်း။- ဟော​ဖူး​သော​အ​ချက်​ကား၊ နောင်​ကာ​လ၌ လူ​မျိုး​တ​ကာ​တို့​အ​ပေါ်​သို့ ငါ၏​ဝိ​ညာဉ်​တော်​ကို ငါ​သွန်း​လောင်း​မည်။ သင်​တို့၏​သား​သ​မီး​တို့​သည် ပ​ရော​ဖက်​ဉာဏ်​နှင့် ဟော​ပြော​ရ​ကြ​လိမ့်​မည်။ အ​သက်​ငယ်​သော​သူ​တို့​သည် ဗျာ​ဒိတ်​ရူ​ပါ​ရုံ​တို့​ကို မြင်​ရ​ကြ​လိမ့်​မည်။ အ​သက်​ကြီး​သော​သူ​တို့​သည်​လည်း နိ​မိတ်​အိပ်​မက်​တို့​ကို မြင်​မက်​ရ​ကြ​လိမ့်​မည်။- ထို​ကာ​လ၌​လည်း ငါ၏​အ​မှု​ကို​ဆောင်​ရွက်​သော ယောက်ျား​မိန်း​မ​တို့​အ​ပေါ်​သို့ ငါ၏​ဝိ​ညာဉ်​တော်​ကို ငါ​သွန်း​လောင်း၍၊ သူ​တို့​သည် ပ​ရော​ဖက်​ဉာဏ်​နှင့် ဟော​ပြော​ရ​ကြ​လိမ့်​မည်။- အ​ထက်​မိုး​ကောင်း​ကင်၌ အံ့​ဖွယ်​သော အ​ရာ​တို့​ကို​လည်း​ကောင်း၊ အောက်​အ​ရပ်​မြေ​ကြီး​ပေါ်၌ သွေး၊ မီး​လျှံ၊ မီး​ခိုး​တည်း​ဟူ​သော ပု​ပ္ပ​နိ​မိတ်​တို့​ကို​လည်း​ကောင်း ငါ​ပြ​မည်။- ထာ​ဝ​ရ​ဘု​ရား၏ ထူး​မြတ်​သော​နေ့​ကြီး​မ​တိုင်​မီ၊ နေ​သည် မှောင်​မိုက်​အ​တိ​ဖြစ်​လိမ့်​မည်။ လ​သည်​လည်း သွေး​ဖြစ်​လိမ့်​မည်။- ထို​အ​ခါ​ထာ​ဝ​ရ​ဘု​ရား​ကို ပ​တ္ထ​နာ​ပြု​သော​သူ​ရှိ​သ​မျှ​တို့​သည် ကယ်​တင်​တော်​မူ​ခြင်း​သို့ ရောက်​ရ​ကြ​လ​တ္တံ့​ဟု ဘု​ရား​ဗျာ​ဒိတ်​တော်​ရှိ၏။

တမန်တော် 2:16-21 Common Language Bible (BCL)

ဤ​အ​မှု​အ​ရာ​ကား​ပ​ရော​ဖက်​ယော​လ ဟော​ကြား​ခဲ့​သည့်​အ​မှု​အ​ရာ​ပင်​ဖြစ်​၏။ ထို ပ​ရော​ဖက်​က၊ `အ​ဆုံး​စွန်​သော​နေ့​များ​၌​ငါ​သည်​လူ​မျိုး အ​ပေါင်း​တို့ အ​ပေါ်​သို့​ငါ​၏​ဝိ​ညာဉ်​တော်​ကို​သွန်း​လောင်း မည်။ သင်​တို့​၏​သား​သ​မီး​များ​သည်​ငါ​၏​နှုတ်​က​ပတ် တ​ရား​တော်​ကို​ဟော​ပြော​ကြ​လိမ့်​မည်။ လူ​ပျို​လူ​ရွယ်​တို့​သည်​ဗျာ​ဒိတ်​ရူ​ပါ​ရုံ​များ​ကို မြင်​ကြ​လိမ့်​မည်။ လူ​အို​တို့​သည်​အိပ်​မက်​များ​မြင်​မက်​ကြ​လိမ့်​မည်။ ထို​နေ့​ရက်​ကာ​လ​၌​ငါ​၏​အ​စေ​ခံ​သူ​ယောကျာ်း၊ မိန်း​မ​များ​အ​ပေါ်​သို့​ငါ​၏​ဝိ​ညာဉ်​တော်​ကို သွန်း​လောင်း​မည်။ သူ​တို့​သည်​ငါ​၏​နှုတ်​က​ပတ်​တ​ရား​တော်​ကို ဟော​ပြော​ကြ​လိမ့်​မည်။ အ​ထက်​အ​ရပ်​ကောင်း​ကင်​တွင်​နိ​မိတ် လက္ခ​ဏာ​များ​ကို​လည်း​ကောင်း၊ အောက်​အ​ရပ်​မြေ​ကြီး​ပေါ်​တွင်​အံ့​သြ​ဖွယ်​သော အ​ရာ​များ​ကို​လည်း​ကောင်း​ငါ​ပြ​မည်။ သွေး၊မီး​လျှံ၊မီး​ခိုး​တည်း​ဟူ​သော ပုပ္ပ​နိ​မိတ်​များ​ကို​ငါ​ပြ​မည်။ ထာ​ဝ​ရ​ဘု​ရား​၏​နေ့​ထူး​နေ့​မြတ်​ကြီး​မ​ကျ ရောက်​မီ နေ​သည်​မှောင်​အ​တိ​ဖြစ်​လိမ့်​မည်။ လ​သည်​လည်း​သွေး​ကဲ့​သို့​နီ​လိမ့်​မည်။ ထို​အ​ခါ​ထာ​ဝ​ရ​ဘု​ရား​၏​နာ​မ​တော်​ကို အ​မှီ​ပြု​၍၊ ဆု​တောင်း​ပတ္ထနာ​ပြု​ကြ​သူ​အ​ပေါင်း​တို့​သည် ကယ်​တင်​တော်​မူ​ခြင်း​ကို​ခံ​ရ​ကြ​လိမ့်​မည်' ဟူ​၍​ဟော​ပြော​ခဲ့​သ​တည်း။

တမန်တော် 2:16-21 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ဤ​အရာ​သည် ပရောဖက်​ယောလ​ဟောပြော​ထား​သော​အရာ​ပင်​ဖြစ်​၏။ ဟောပြော​ထား​သော​အရာ​မှာ ‘ဘုရားသခင်​မိန့်​တော်မူ​သည်​ကား ငါ​သည် နောက်ဆုံး​သော​နေ့ရက်​တို့​၌ လူ​အပေါင်း​တို့​အပေါ်သို့ ငါ​၏​ဝိညာဉ်​ကို​သွန်းလောင်း​မည်။ ထိုအခါ သင်​တို့​၏​သား​သမီး​များ​သည် ပရောဖက်ပြု​ဟောပြော​ကြ​လိမ့်မည်။ သင်​တို့​ထဲမှ​လူငယ်​များ​သည် ဗျာဒိတ်​ရူပါရုံ​များ​ကို​မြင်​ရ​ကြ​လိမ့်မည်။ သင်​တို့​ထဲမှ​သက်ကြီးဝါကြီး​များ​သည် အိပ်မက်​များ​ကို​မြင်မက်​ကြ​လိမ့်မည်။ ထို​နေ့ရက်​တို့​၌ ငါ​သည် ငါ​၏​အစေခံ​ယောက်ျား​နှင့် ငါ​၏​အစေခံ​မိန်းမ​တို့​အပေါ်သို့ ငါ​၏​ဝိညာဉ်​ကို​သွန်းလောင်း​သဖြင့် သူ​တို့​သည် ပရောဖက်ပြု​ဟောပြော​ကြ​လိမ့်မည်။ အထက်​ကောင်းကင်​၌ အံ့သြဖွယ်ရာ​များ​ကို​လည်းကောင်း၊ အောက်​မြေကြီး​ပေါ်၌ သွေး၊ မီးလျှံ​နှင့် မီးခိုး​ငွေ့​တည်းဟူသော နိမိတ်​လက္ခဏာ​များ​ကို​လည်းကောင်း ငါ​ပြ​မည်။ ထာဝရ​ဘုရား​၏​ထူးမြတ်​သော​နေ့​ကြီး​မ​ရောက်​မီ နေ​သည် မှောင်မိုက်​သွား​၍ လ​သည် သွေး​ဖြစ်သွား​လိမ့်မည်။ ထိုအခါ ထာဝရ​ဘုရား​၏​နာမ​တော်​ကို ပတ္ထနာ​ပြု​သော​သူ​အပေါင်း​တို့​သည် ကယ်တင်​ခြင်း​ခံရ​ကြ​လိမ့်မည်’​ဟူ၍ ဖြစ်​၏။