YouVersion လိုဂို
ရှာရန် အိုင်ကွန်

တမန်တော် 16:6-10

တမန်တော် 16:6-10 Judson Bible (JBMLE)

ဖြူ​ဂိ​ပြည်၊ ဂ​လာ​တိ​ပြည်​ကို လျှောက်​သွား​ပြီး​မှ အာ​ရှိ​ပြည်၌ နှုတ်​က​ပတ်​တ​ရား​တော်​ကို မ​ဟော​စေ​ခြင်း​ငှာ သန့်​ရှင်း​သော ဝိ​ညာဉ်​တော်​သည် မြစ်​တား​တော်​မူ​သ​ဖြင့်၊- မု​သိ​ပြည်​သို့​ရောက်၍၊ ဗိ​သု​နိ​ပြည်​သို့ သွား​မည်​ပြု​ကြ​စဉ်၊ ဝိ​ညာဉ်​တော်​သည် အ​ခွင့်​ပေး​တော်​မ​မူ​သော​ကြောင့်၊- မု​သိ​ပြည်​အ​နား​မှာ​လျှောက်၍ တ​ရော​မြို့​သို့ ရောက်​ကြ၏။ ည​အ​ခါ​ပေါ​လု​သည် ဗျာ​ဒိတ်​ရူ​ပါ​ရုံ​ကို​မြင်​ရ၍၊ မာ​ကေ​ဒေါ​နိ လူ​တစ်​ယောက်​က၊ မာ​ကေ​ဒေါ​နိ​ပြည်​သို့ ကူး​ပါ။ ငါ​တို့​ကို​မ​စ​ပါ​ဟု ရပ်​လျက် တောင်း​ပန်၏။- ထို​ဗျာ​ဒိတ်​ရူ​ပါ​ရုံ​ကို မြင်​ရ​လျှင်၊ မာ​ကေ​ဒေါ​နိ​ပြည်၌ ဧ​ဝံ​ဂေ​လိ​တ​ရား​ကို ဟော​စေ​ခြင်း​ငှ သ​ခင်​ဘု​ရား​သည် ငါ​တို့​ကို​ခေါ်​တော်​မူ​သည်​ဟု ငါ​တို့​သ​ဘော​ကျ​သ​ဖြင့်၊ ထို​ပြည်​သို့​သွား​ခြင်း​ငှာ ချက်​ချင်း​ရှာ​ကြံ​ကြ၏။

တမန်တော် 16:6-10 Common Language Bible (BCL)

သူ​တို့​သည်​ဖြု​ဂိ​ပြည်​နှင့်​ဂ​လာ​တိ​ပြည်​တို့ ကို​ဖြတ်​သွား​ကြ​၏။ သန့်​ရှင်း​သော​ဝိ​ညာဉ်​တော် သည် သူ​တို့​အား​အာ​ရှ​ပြည်​၌​နှုတ်​က​ပတ်​တ​ရား တော်​ကို​ဟော​ပြော​ခွင့်​ပေး​တော်​မ​မူ။- သူ​တို့​သည်​မု​သိ​ပြည်​နယ်​စပ်​သို့​ရောက်​ကြ​သော အ​ခါ ဗိ​သုန်​ပြည်​သို့​သွား​ရန်​ကြိုး​စား​ကြ​၏။ သို့​ရာ​တွင်​သ​ခင်​ယေ​ရှု​၏​ဝိ​ညာဉ်​တော်​က​ခွင့် ပြု​တော်​မ​မူ​သ​ဖြင့်၊- မု​သိ​ပြည်​ကို​ဖြတ်​၍​တ​ရော​မြို့​သို့​ရောက်​ကြ​၏။- ပေါ​လု​သည်​ညဥ့်​အ​ခါ​ဗျာ​ဒိတ်​ရူ​ပါ​ရုံ​တွင် ``မာ​ကေ​ဒေါ​နိ​ပြည်​သို့​ဖြတ်​ကူး​၍​အ​ကျွန်ုပ် တို့​အား​ကူ​ညီ​မ​စ​ပါ'' ဟု​မာ​ကေ​ဒေါ​နိ ပြည်​သား​တစ်​ယောက်​သည်​ရပ်​လျက်​တောင်း​ပန် နေ​သည်​ကို​မြင်​ရ​၏။- ဤ​သို့​ဗျာ​ဒိတ်​ရူပါ​ရုံ​ကို​ပေါ​လု​မြင်​ပြီး​နောက် ချက်​ချင်း​ပင်​ကျွန်ုပ်​တို့​သည်​မာ​ကေ​ဒေါ​နိ​ပြည် သို့​သွား​ရန်​ပြင်​ဆင်​ကြ​၏။ အ​ဘယ်​ကြောင့်​ဆို သော်​မာ​ကေ​ဒေါ​နိ​ပြည်​သား​တို့​အား​သ​တင်း ကောင်း​ကို​ဟော​ပြော​ရန် ကျွန်ုပ်​တို့​အား​ဘု​ရား သ​ခင်​စေ​ခိုင်း​တော်​မူ​သည်​ဟု​ဆုံး​ဖြတ်​ချက် ချ​ကြ​ခြင်း​ကြောင့်​ဖြစ်​၏။

တမန်တော် 16:6-10 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ထို့နောက် သူ​တို့​သည် ဖြူဂိ​ပြည်​နှင့်​ဂလာတိ​ပြည်​တို့​ကို ဖြတ်​သွား​ကြ​သောအခါ အာရှ​ပြည်​တွင် နှုတ်ကပတ်​တရား​ကို​မ​ဟောပြော​ရန် သန့်ရှင်း​သော​ဝိညာဉ်​တော်​၏​တားမြစ်​ခြင်း​ကို ခံရ​ကြ​၏။ တစ်ဖန် မုသိ​ပြည်​နယ်စပ်​သို့​ရောက်​၍ ဗိသုနိ​ပြည်​သို့​သွား​ရန် ကြိုးစား​ကြ​ရာ သခင်​ယေရှု​၏​ဝိညာဉ်​တော်​သည် သူ​တို့​ကို ခွင့်​မ​ပြု​ခဲ့​ပေ။ ထို့ကြောင့် သူ​တို့​သည် မုသိ​ပြည်​ကို​ဖြတ်​၍ တရော​မြို့​သို့ ဆင်းသွား​ကြ​၏။ ည​အခါ ပေါလု​သည် ရူပါရုံ​တစ်​ခု​ကို မြင်​ရ​၏။ ထို​ရူပါရုံ​၌ မာကေဒေါနိ​ပြည်သား​တစ်​ဦး​သည် ရပ်​လျက် “မာကေဒေါနိ​ပြည်​သို့ ကူး​လာ​၍ အကျွန်ုပ်​တို့​ကို ကူညီ​ပေး​ပါ”​ဟု သူ့​အား တောင်းပန်​ပြောဆို​၏။ ထို​ရူပါရုံ​ကို ပေါလု​မြင်​ရ​သောအခါ သူ​တို့​အား ကောင်းမြတ်​သော​သတင်း​ကို​ဟောပြော​စေရန် ဘုရားသခင်​သည် ငါ​တို့​ကို ခေါ်​တော်မူ​ပြီ​ဟု ကောက်ချက်​ချ​၍ ချက်ချင်း​ပင် မာကေဒေါနိ​ပြည်​သို့​သွား​ရန် ကြိုးစား​ကြ​၏။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။