တမန်တော် 16:37
တမန်တော် 16:37 Judson Bible (JBMLE)
ပေါလုက၊ ရောမလူဖြစ်သော ငါတို့ကို ဓမ္မသတ်အတိုင်း မစီရင်ဘဲလျက်၊ စစ်ကဲတို့သည် ထင်ရှားစွာရိုက်၍ ထောင်ထဲမှာ လှောင်ထားပြီးမှ၊ တိတ်ဆိတ်စွာနှင့် ထုတ်ကြမည်လော။ ထိုသို့မပြုသင့်။ ကိုယ်တိုင်လာ၍ ငါတို့ကို နုတ်ယူကြစေဟု ရုံးလုလင်တို့အား ပြောဆို၏။
တမန်တော် 16:37 Common Language Bible (BCL)
သို့ရာတွင်ပေါလုက ``ရောမနိုင်ငံသားများ ဖြစ်သောငါတို့အားစစ်ကြောစီရင်ခြင်းမ ပြုဘဲ ငါတို့ကိုလူပရိသတ်ရှေ့တွင်ရိုက်နှက် ၍အကျဉ်းချထားခဲ့ကြ၏။ ယခုငါတို့ကို တိတ်တဆိတ်လွှတ်လိုကြပါသလော။ ထိုသို့ မပြုသင့်။ သူတို့ကိုယ်တိုင်လာ၍ငါတို့ကို ထောင်မှထုတ်ကြပါစေ'' ဟုရဲအရာရှိ တို့အားပြော၏။
တမန်တော် 16:37 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
သို့သော် ပေါလုသည် ထိုနယ်ထိန်းတို့အား “သူတို့သည် ရောမနိုင်ငံသားဖြစ်ကြသောငါတို့ကို မစစ်ဆေးဘဲ လူအများရှေ့၌ ရိုက်နှက်လျက် ထောင်ထဲ၌ထည့်ထားကြပြီးမှ ယခု ငါတို့ကို တိတ်တဆိတ်ပြန်လွှတ်ကြမည်လော။ ထိုသို့မပြုသင့်။ သူတို့ကိုယ်တိုင်လာ၍ ငါတို့ကို ခေါ်ထုတ်ကြပါစေ”ဟု ဆိုလေ၏။