YouVersion လိုဂို
ရှာရန် အိုင်ကွန်

တမန်တော် 16:1-5

တမန်တော် 16:1-5 Judson Bible (JBMLE)

ထို​နောက်​မှ ပေါ​လု​သည် ဒေ​ရ​ဗေ​မြို့​နှင့် လု​တ္တ​ရ​မြို့​သို့ ရောက်​လေ၏။ လု​တ္တ​ရ​မြို့၌ တိ​မော​သေ​အ​မည်​ရှိ​သော တ​ပည့်​တော်​တစ်​ယောက် ရှိ၏။ သူ၏​အ​မိ​ကား၊ ယုံ​ကြည်​သော ယု​ဒ​မိန်း​မ​ဖြစ်၏။ အ​ဘ​ကား၊ ဟေ​လ​သ​လူ​ဖြစ်၏။- ထို​သူ​သည်​လု​တ္တ​ရ​မြို့၊ ဣ​ကော​နိ​မြို့၌​ရှိ​သော ညီ​အစ်​ကို​တို့​တွင် အ​သ​ရေ​ရှိ​သော​သူ​ဖြစ်၏။- ပေါ​လု​သည် ထို​သူ​ကို​ခေါ်​ခြင်း​ငှာ အ​လို​ရှိ၍၊ သူ၏​အ​ဘ​သည် ဟေ​လ​သ​လူ​ဖြစ်​သည်​ကို ထို​အ​ရပ်​တို့၌​ရှိ​သော ယု​ဒ​လူ​အ​ပေါင်း​တို့​သည် သိ​သော​ကြောင့်၊ အ​ရေ​ဖျား​လှီး​ခြင်း​ကို သူ့​အား​ပေး​လေ၏။- သူ​တို့​သည် မြို့​များ​ကို​လျှောက်​သွား​စဉ်​တွင်၊ ယေ​ရု​ရှ​လင်​မြို့၌ နေ​သော​တ​မန်​တော်​တို့​နှင့် သင်း​အုပ်​တို့​သည် စီ​ရင်​သော​ပ​ညတ်​တို့​ကို အ​သင်း​များ​ကျင့်​စောင်​ဖို့​ရာ အပ်​ပေး​ကြ၏။- ထို​သို့​အ​သင်း​တော်​တို့​သည် ယုံ​ကြည်​ခြင်း၌ တည်​ကြည်​မြဲ​မြံ​သည်​ဖြစ်၍၊ အ​ရေ​အ​တွက်​အား​ဖြင့် တစ်​နေ့​ထက်​တစ်​နေ့ တိုး​ပွား​များ​ပြား​ကြ၏။

တမန်တော် 16:1-5 Common Language Bible (BCL)

ပေါ​လု​သည်​ဒေ​ရ​ဗေ​မြို့​နှင့်​လုတ္တ​ရ​မြို့​သို့​ရောက် ရှိ​လာ​၏။ လုတ္တ​ရ​မြို့​တွင်​တိ​မော​သေ​နာ​မည်​ရှိ သော​တ​ပည့်​တော်​တစ်​ဦး​ရှိ​၏။ သူ​၏​မိ​ခင်​သည် ယုံ​ကြည်​သူ​ယု​ဒ​အ​မျိုး​သ​မီး​ဖြစ်​သော်​လည်း သူ​၏​ဖ​ခင်​မှာ​ဂရိ​အ​မျိုး​သား​ဖြစ်​၏။- သူ​သည်​လုတ္တ​ရ​မြို့​နှင့်​ဣ​ကော​နိ​မြို့​ရှိ ညီ​အစ် ကို​တို့​၏​ချီး​မွမ်း​ခြင်း​ကို​ခံ​ရ​၏။- ပေါ​လု​သည်​သူ့​ကို​မိ​မိ​နှင့်​အ​တူ​လိုက်​စေ​လို သ​ဖြင့် သူ့​အား​အ​ရေ​ဖျား​လှီး​မင်္ဂ​လာ​ပေး​၏။ ဤ​သို့​ပြု​ရ​ခြင်း​အ​ကြောင်း​မှာ​တိ​မော​သေ​၏ ဖ​ခင်​သည်​ဂ​ရိ​အ​မျိုး​သား​ဖြစ်​ကြောင်း ထို အ​ရပ်​ရှိ​ယု​ဒ​အ​မျိုး​သား​တို့​သိ​ကြ​သော ကြောင့်​ဖြစ်​၏။- သူ​တို့​သည်​မြို့​များ​ကို​ဖြတ်​၍​သွား​ကြ​သော အ​ခါ ယေ​ရု​ရှ​လင်​မြို့​၌​နေ​သော​တ​မန်​တော် များ​နှင့်​အ​သင်း​တော်​လူ​ကြီး​များ​ပြ​ဋ္ဌာန်း သော​ပ​ညတ်​များ​ကို​ရှင်း​လင်း​ပြော​ပြ​ကာ ယုံ​ကြည်​သူ​တို့​လိုက်​နာ​ကျင့်​သုံး​ရန်​ညွှန် ကြား​ကြ​၏။- သို့​ဖြစ်​၍​အ​သင်း​တော်​တို့​၏​ယုံ​ကြည်​ခြင်း ပို​မို​ခိုင်​မြဲ​လာ​လျက် နေ့​စဉ်​နေ့​တိုင်း​အ​ရေ အ​တွက်​အား​ဖြင့်​တိုး​တက်​များ​ပြား​လား ၏။

တမန်တော် 16:1-5 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ထို့နောက် ပေါလု​သည် ဒေရဗေ​မြို့​မှတစ်ဆင့် လုတ္တရ​မြို့​သို့ ရောက်​လာ​၏။ ထို​အရပ်​၌ တိမောသေ​အမည်​ရှိ တပည့်​တော်​တစ်​ဦး​ရှိ​၏။ သူ​သည် ယုံကြည်​သူ​ဂျူး​အမျိုးသမီး​၏​သား​ဖြစ်​သော်လည်း သူ​၏​ဖခင်​မှာ​မူ ဂရိ​အမျိုးသား​ဖြစ်​၏။ သူ​သည် လုတ္တရ​နှင့်​ဣကောနိ​မြို့​ရှိ ညီအစ်ကို​တို့​တွင် ဂုဏ်​သတင်း​ကောင်း​သော​သူ​ဖြစ်​၏။ ပေါလု​သည် သူ့​ကို မိမိ​နှင့်အတူ​လိုက်​စေ​လို​၍ ထို​အရပ်​၌​ရှိ​သော ဂျူး​လူမျိုး​တို့​ကြောင့် သူ့​အား အရေဖျား​လှီး​ခြင်း​ပေး​၏။ အကြောင်းမူကား သူ​၏​ဖခင်​သည် ဂရိ​အမျိုးသား​ဖြစ်​ကြောင်း သူတို့​အားလုံး​သိ​နေ​ကြ​၏။ ထို့နောက် သူ​တို့​သည် မြို့​များ​ကို​ဖြတ်​သွား​ရင်း ဂျေရုဆလင်​မြို့​၌​ရှိ​သော​တမန်တော်​များ​နှင့် အသင်းတော်​အကြီးအကဲ​များ​ဆုံးဖြတ်​ထား​သော​စည်းမျဉ်း​တို့​ကို စောင့်ထိန်း​စေရန် လူ​တို့​အား​ပေးအပ်​ကြ​၏။ ဤသို့ဖြင့် အသင်းတော်​များ​သည် ယုံကြည်​ခြင်း​ပိုမို​ခိုင်မာ​လာ​၍ တစ်နေ့တခြား လူ​ဦးရေ​တိုးပွား​လာ​၏။