YouVersion လိုဂို
ရှာရန် အိုင်ကွန်

တမန်တော် 12:3-25

တမန်တော် 12:3-25 Judson Bible (JBMLE)

ယု​ဒ​လူ​တို့​သည် အား​ရ​ဝမ်း​မြောက်​ခြင်း ရှိ​သည်​ကို​မြင်​လျှင်၊ အ​ဇု​မ​ပွဲ​နေ့​ရက်​တို့၌ တစ်​ဖန်​ထပ်၍၊- ပေ​တ​ရု​ကို​လည်း ဖမ်း​ဆီး​ပြီး​မှ၊ ပ​သ​ခါ​ပွဲ​လွန်​လျှင် လူ​များ​တို့​အား ထုတ်​ပေး​မည်​အ​ကြံ​နှင့် အ​စောင့်​အ​ရှောက်​စစ်​သူ​ရဲ တစ်​ကျိပ်​ခြောက်​ယောက်​တို့၌​အပ်၍ ထောင်​ထဲ​မှာ လှောင်​ထား​လေ၏။- ပေ​တ​ရု​သည် ထောင်​ထဲ၌ အ​ကျဉ်း​နေ​ရ​စဉ်၊ သင်း​ဝင်​သူ​တို့​သည် သူ့​အ​ဖို့​ကြိုး​စား၍ ဘု​ရား​သ​ခင်​ကို ဆု​တောင်း​ပ​တ္ထ​နာ​ပြု​ကြ၏။ ပေ​တ​ရု​သည် ဟေ​ရုဒ်​မင်း​ထုတ်​ခါ​နီး၊ ည​အ​ချိန်​တွင် သံ​ကြိုး​နှစ်​စင်း​နှင့် ချည်​နှောင်​ခြင်း​ကို​ခံ​ရ​လျက်၊ စစ်​သူ​ရဲ​နှစ်​ယောက်​တို့​အ​လယ်၌ အိပ်​ပျော်၍၊ အ​စောင့်​များ​တို့​သည် ထောင်​တံ​ခါး​ရှေ့​မှာ စောင့်​နေ​ကြ၏။- ထို​အ​ခါ ထာ​ဝ​ရ​ဘု​ရား၏ ကောင်း​ကင်​တ​မန်​သည် ပေါ်​လာ​လျှင် ထောင်​အိမ်၌ အ​လင်း​ထွန်း​တောက်​လေ၏။ ကောင်း​ကင်​တ​မန်​သည် ပေ​တ​ရု၏ နံ​ဘေး​ကို​ပုတ်​ခတ်၍၊ အ​လျင်​အ​မြန်​ထ​လော့​ဟု ဆို​လျက်​ထ​စေ၏။ သံ​ကြိုး​သည်​လည်း ပေ​တ​ရု​လက်​မှ ကျွတ်​လေ၏။- ကောင်း​ကင်​တ​မန်​က​လည်း၊ သင်၏ ခါး​ပန်း​ကို​စည်း​လော့။ ခြေ​နင်း​ကို​လည်း​စည်း​လော့​ဟု ဆို​လျှင်၊ ဆို​သည်​အ​တိုင်း ပေ​တ​ရု​ပြု၏။ ဝတ်​လုံ​ကို​ခြုံ၍ ငါ့​နောက်​သို့​လိုက်​လော့​ဟု ဆို​ပြန်၏။- ပေ​တ​ရု​သည် ထွက်၍​လိုက်​သော်​လည်း၊ ကောင်း​ကင်​တ​မန် ပြု​သ​မျှ​တို့​သည် မှန်​သော​အ​မှု​အ​ရာ​ဖြစ်​သည်​ဟု မ​သိ​မ​မှတ်​ဘဲ၊ မိ​မိ​သည် ဗျာ​ဒိတ်​ရူ​ပါ​ရုံ​ကို မြင်​သည်​ဟု​ထင်​လေ၏။- လူ​စောင့်​နှစ်​တန်​ကို လွန်​သွား၍ မြို့​ထဲ​သို့ ဝင်​သော​သံ​တံ​ခါး​သို့ ရောက်​လျှင်၊ ထို​တံ​ခါး​သည် အ​လို​လို​ပွင့်​သ​ဖြင့် သူ​တို့​သည်​ထွက်၍ လမ်း​တစ်​ကြောင်း၌​လျှောက်​သွား​ပြီး​မှ၊ ကောင်း​ကင်​တ​မန်​သည် ချက်​ချင်း ပေ​တ​ရု​မှ ခွာ၍ သွား​လေ၏။ ပေ​တ​ရု​သည် သ​တိ​ရ​လျှင်၊ ယ​ခု​ပင် သ​ခင်​ဘု​ရား​သည် မိ​မိ​ကောင်း​ကင်​တ​မန်​ကို စေ​လွှတ်၍ ဟေ​ရုဒ်​မင်း​လက်​မှ​လည်း​ကောင်း၊ ယု​ဒ​လူ​တို့၏ မျှော်​လင့်​ခြင်း​မှ​လည်း​ကောင်း၊ ငါ့​ကို​ကယ်​နုတ်​တော်​မူ​သည်​ကို ငါ​အ​မှန်​သိ၏​ဟု အောက်​မေ့​စဉ်၊- လူ​များ​စု​ဝေး၍ ဆု​တောင်း​ရာ၊ မာ​ကု​အ​မည်​သစ်​ကို​ရ​သော ယော​ဟန်၏​အ​မိ​ဖြစ်​သော မာ​ရိ၏​အိမ်​သို့​ရောက်၍၊- အိမ်​ဦး​တံ​ခါး​ကို​ခေါက်​လေ​သော်၊ ရော​ဒေ​အ​မည်​ရှိ​သော မိန်း​မ​ငယ်​တစ်​ယောက်​သည် နား​ထောင်​ခြင်း​ငှာ​လာ၍၊- ပေ​တ​ရု၏​စ​ကား​သံ​ကို သိ​လျှင်၊ ဝမ်း​မြောက်​သော​အား​ဖြင့် တံ​ခါး​ကို​မ​ဖွင့်​ဘဲ အ​ထဲ​သို့​ပြေး​ဝင်၍၊ ပေ​တ​ရု​သည် တံ​ခါး​ရှေ့​မှာ​ရပ်​နေ​သည်​ဟု ကြား​ပြော၏။- ထို​သူ​တို့​က၊ သင်​သည်​အ​ရူး​ဖြစ်၏​ဟု ထို​မိန်း​မ​ငယ်​အား​ဆို​ကြ​သော်​လည်း၊ ပေ​တ​ရု​အ​မှန်​ရှိ​သည်​ဟု သူ​သည်​ခိုင်​မာ​စွာ​ဆို​လျှင်၊ ပေ​တ​ရု၏ ကောင်း​ကင်​တ​မန်​ဖြစ်​လိမ့်​မည်​ဟု ဆို​ကြ၏။- ပေ​တ​ရု​သည် ခေါက်၍​နေ​သော်၊ တံ​ခါး​ကို​ဖွင့်​ကြ၍ သူ့​ကို​မြင်​သ​ဖြင့် အ​လွန်​တ​ရာ​အံ့​ဩ​ကြ၏။- ပေ​တ​ရု​သည်​လည်း ထို​သူ​တို့​ကို​တိတ်​ဆိတ်​စွာ နေ​စေ​ခြင်း​ငှာ မိ​မိ​လက်​နှင့်​အ​မှတ်​ပေး၍ မိ​မိ​ကို ထောင်​ထဲ​က သ​ခင်​ဘု​ရား​နုတ်​တော်​မူ သော​အ​ကြောင်း​အ​ရာ​ကို ဖော်​ပြ​ပြီး​မှ၊ သင်​တို့​သွား၍ ယာ​ကုပ်​နှင့် ညီ​အစ်​ကို​တို့​အား ဤ​အ​ကြောင်း​များ​ကို ပြန်​ကြား​ကြ​လော့​ဟု ဆို​ပြီး​လျှင်၊ ထွက်၍​အ​ခြား​တစ်​ပါး​သို့ သွား​လေ၏။- မိုး​လင်း​သော​အ​ခါ စစ်​သူ​ရဲ​တို့​သည် ပေ​တ​ရု၌ အ​ဘယ်​သို့ ဖြစ်​သ​နည်း​ဟု ရုန်း​ရင်း​ခတ်​မျှ​ဖြစ်​ကြ၏။- ဟေ​ရုဒ်​မင်း​သည် ပေ​တ​ရု​ကို​ရှာ၍ မ​တွေ့​သည်​ရှိ​သော်၊ စောင့်​ရှောက်​သော​သူ​တို့​ကို စစ်​ကြော​ပြီး​မှ သတ်​မည်​အ​ကြောင်း​ကို စီ​ရင်​လေ၏။ ထို​နောက်၊ ဟေ​ရုဒ်​မင်း​သည် ယု​ဒ​ပြည်​မှ ကဲ​သ​ရိ​မြို့​သို့​သွား၍ နေ​သည်​ရှိ​သော်၊ တု​ရု​မြို့​သား​နှင့် ဇိ​ဒုန်​မြို့​သား​တို့​ကို အ​မျက်​ထွက်​လေ၏။ ထို​သူ​တို့​သည် တ​ညီ​တ​ညွတ်​တည်း​လာ​ကြ၍၊ ဗ​လ​တ္တု​အ​မည်​ရှိ​သော အ​တွင်း​ဝန်​ကို ဖျောင်း​ဖျ​ပြီး​မှ၊ အ​မျက်​တော်​ပြေ​မည်​အ​ကြောင်း တောင်း​ပန်​ကြ၏။ အ​ကြောင်း​မူ​ကား၊ သူ​တို့​ပြည်​သည် ပြည်​တော်​ကို​မှီ၍ ကျွေး​မွေး​ခြင်း​ကို​ခံ​ရ၏။- ဟေ​ရုဒ်​မင်း​သည်​လည်း ချိန်း​ချက်​သော​နေ့၌ မင်း​မြောက် တန်​ဆာ​ကို​ဝတ်​ဆင်၍ ပ​လ္လင်​တော်​ပေါ်​မှာ ထိုင်​လျက် ထို​သူ​တို့​အား မိန့်​တော်​မူ၏။- လူ​များ​တို့​က၊ ဤ​အ​သံ​သည် လူ၏​အ​သံ​မ​ဟုတ်။ ဘု​ရား​သ​ခင်၏ အ​သံ​ဖြစ်၏​ဟု ကြွေး​ကြော်​ကြ​သည်​ရှိ​သော်၊- ထို​မင်း​ကြီး​သည် ဘု​ရား​သ​ခင်၏ ဂုဏ်​အ​သ​ရေ​တော်​ကို မ​ထောက်​ထား​သော​ကြောင့်၊ ထို​ခ​ဏ​ချင်း​တွင် ထာ​ဝ​ရ​ဘု​ရား၏ ကောင်း​ကင်​တ​မန်​သည် ဒဏ်​ခတ်၍၊ ကိုယ်​တွင်း၌ ပိုး​များ​ကိုက်​သ​ဖြင့် အ​နိ​စ္စ​ရောက်​လေ၏။- ဘု​ရား​သ​ခင်၏ သာ​သ​နာ​တော်​သည် တိုး​ပွား​များ​ပြား​လေ၏။- ဗာ​န​ဗ​နှင့် ရှော​လု​တို့​သည် လုပ်​ကျွေး​ခြင်း​အ​မှု​ကို ဆောင်​ရွက်​ပြီး​လျှင်၊ မာ​ကု​အ​မည်​သစ်​ကို​ရ​သော ယော​ဟန်​ကို​လည်း ခေါ်​ခဲ့၍ ယေ​ရု​ရှ​လင်​မြို့​မှ​ပြန်​ကြ၏။

တမန်တော် 12:3-25 Common Language Bible (BCL)

ထို​အ​မှု​ကို​ယု​ဒ​အ​မျိုး​သား​တို့​နှစ်​သက်​ကြ သ​ဖြင့် သူ​သည်​ပေ​တ​ရု​ကို​လည်း​ဖမ်း​ဆီး​၏။ (ထို​အ​ချိန်​ကား​တ​ဆေး​မဲ့​မုန့်​ပွဲ​တော်​အ​ခါ ဖြစ်​၏။)- ဟေ​ရုဒ်​သည်​ပေ​တ​ရု​ကို​ဖမ်း​ဆီး​ပြီး​နောက် စစ် သား​လေး​ယောက်​စီ​ပါ​သော​တပ်​စု​ငယ်​လေး​စု လက်​သို့​အပ်​ကာ​အ​ကျဉ်း​ချ​ထား​၏။ ပ​သ​ခါ ပွဲ​လွန်​သော​အ​ခါ သူ့​ကို​ယု​ဒ​အ​မျိုး​သား တို့​ရှေ့​တွင်​စစ်​ဆေး​၍​ဒဏ်​စီ​ရင်​ရန်​အ​ကြံ ရှိ​၏။- သို့​ဖြစ်​၍​ပေ​တ​ရု​သည်​ထောင်​ထဲ​မှာ​အ​ကျဉ်း ချ​ထား​ခြင်း​ကို​ခံ​ရ​၏။ သို့​သော်​အ​သင်း​တော် ဝင်​အ​ပေါင်း​တို့​သည်​ပေ​တ​ရု​၏​အ​တွက် စိတ် အား​ထက်​သန်​စွာ​ဘု​ရား​သ​ခင်​ထံ​ဆု​တောင်း ပတ္ထ​နာ​ပြု​လျက်​နေ​ကြ​၏။ ဟေ​ရုဒ်​မင်း​သည်​ပေ​တ​ရု​ကို​လူ​တို့​ရှေ့​သို့ ခေါ်​ထုတ်​စစ်​ဆေး​မည့်​နေ့​မ​ရောက်​မီ​ည​၌ ပေ​တ​ရု​သည်​စစ်​သား​နှစ်​ယောက်​၏​ကြား​တွင် အိပ်​ပျော်​လျက်​နေ​၏။ သူ့​ကို​သံ​ကြိုး​နှစ်​ချောင်း ဖြင့်​ချည်​နှောင်​ထား​၏။ ထောင်​တံ​ခါး​ရှေ့​တွင်​လည်း အ​စောင့်​တပ်​သား​များ​သည်​စောင့်​ကြပ်​လျက် ရှိ​ကြ​၏။- ထာ​ဝ​ရ​ဘု​ရား​၏​ကောင်း​ကင်​တ​မန်​သည် ပေ​တ​ရု​အ​နီး​တွင်​ရုတ်​တ​ရက်​ပေါ်​လာ​၍ အ​ချုပ်​ခန်း​သည်​ထွန်း​လင်း​လျက်​နေ​၏။ ကောင်း ကင်​တ​မန်​သည်​ပေ​တ​ရု​၏​ပ​ခုံး​ကို​ပုတ်​၍ ``မြန်​မြန်​ထ​လော့'' ဟု​ဆို​ကာ​နှိုး​၏။ ထို​အ​ခါ သံ​ကြိုး​တို့​သည်​ပေ​တ​ရု​၏​လက်​မှ​ကျွတ် ကျ​၏။- ကောင်း​ကင်​တ​မန်​က ``သင်​၏​ခါး​ပန်း​ကို​စည်း​၍ ဖိ​နပ်​ကို​စီး​လော့'' ဟု​ဆို​၏။ ပေ​တ​ရု​သည်​ထို သို့​ဆို​သည့်​အ​တိုင်း​ပြု​၏။ ထို​နောက်​ကောင်း​ကင် တ​မန်​က ``ဝတ်​လုံ​ကို​ခြုံ​၍​ငါ့​နောက်​သို့​လိုက် လော့'' ဟု​ဆို​၏။- ပေ​တ​ရု​သည်​အ​ချုပ်​ခန်း​မှ​ထွက်​၍ ကောင်း​ကင် တ​မန်​၏​နောက်​သို့​လိုက်​လေ​၏။ သူ​သည်​ကောင်း​ကင် တ​မန်​ပြု​သော​အ​မှု​ကို​တ​ကယ်​အ​ဖြစ်​အ​ပျက် ဟူ​၍​မ​သိ။ ဗျာ​ဒိတ်​ရူ​ပါ​ရုံ​ကို​မြင်​လျက်​နေ​သည် ဟူ​၍​သာ​ထင်​မှတ်​၏။- သူ​တို့​သည်​ကင်း​နှစ်​တန်​ကို​ကျော်​လွန်​သွား​ပြီး လျှင် ထောင်​အ​ထွက်​သံ​တံ​ခါး​သို့​ရောက်​ကြ​၏။ ထို​တံ​ခါး​သည်​အ​လို​အ​လျောက်​ပွင့်​သ​ဖြင့် သူ​တို့​သည်​ထွက်​၍​လမ်း​အ​တိုင်း​လိုက်​သွား ကြ​၏။ ထို​နောက်​ကောင်း​ကင်​တ​မန်​သည်​ရုတ် တ​ရက်​ပေ​တ​ရု​ထံ​မှ​ထွက်​ခွာ​သွား​လေ​၏။ ပေ​တ​ရု​သည်​ပြန်​၍​သ​တိ​ရ​လာ​သော​အ​ခါ ``သ​ခင်​ဘု​ရား​သည်​မိ​မိ​၏​ကောင်း​ကင်​တ​မန် ကို​စေ​လွှတ်​၍ ငါ့​ကို​ဟေ​ရုဒ်​၏​လက်​မှ​လည်း ကောင်း၊ ယု​ဒ​အ​မျိုး​သား​တို့​ငါ့​အား​သက်​ရောက် စေ​ရန် မျှော်​လင့်​သ​မျှ​သော​ဘေး​မှ​လည်း​ကောင်း ကယ်​ဆယ်​တော်​မူ​သည်​ကို​ယ​ခု​ငါ​သိ​ပြီ'' ဟု ဆို​၏။ ဤ​သို့​သိ​ရှိ​လာ​သော​အ​ခါ သူ​သည်​ယော​ဟန် မာ​ကု​၏​အ​မိ​မာ​ရိ​၏​အိမ်​သို့​သွား​၏။ ထို အိမ်​တွင်​လူ​အ​မြောက်​အ​မြား​စု​ဝေး​၍​ဆု တောင်း​ပတ္ထ​နာ​ပြု​လျက်​နေ​ကြ​၏။- ပေ​တ​ရု​သည်​အိမ်​တံ​ခါး​ကြီး​ရှိ​တံ​ခါး​ငယ် ကို​ခေါက်​လျှင် ရော​ဒေ​နာ​မည်​ရှိ​သူ​အ​စေ​ခံ​မ က​လေး​သည်​တံ​ခါး​ဖွင့်​ရန်​လာ​၏။- သူ​သည်​ပေ​တ​ရု​၏​အ​သံ​ကို​မှတ်​မိ​သ​ဖြင့် လွန်​စွာ​ဝမ်း​မြောက်​ရ​ကား တံ​ခါး​ကို​မ​ဖွင့်​ဘဲ အိမ်​ထဲ​သို့​ပြေး​ဝင်​ကာ​တံ​ခါး​ဝ​သို့​ပေ​တ​ရု ရောက်​နေ​ကြောင်း​ကို​လူ​တို့​အား​ပြော​၏။- ထို​သူ​တို့​က ``သင်​ရူး​လေ​ပြီ'' ဟု​ဆို​၏။ သို့ သော်​အ​စေ​ခံ​မ​က​လေး​က​မိ​မိ​ပြော​သည့် အ​တိုင်း အ​မှန်​ပင်​ဖြစ်​ကြောင်း​ပြော​နေ​သ​ဖြင့် သူ​တို့​က ``ထို​သူ​သည်​ပေ​တ​ရု​၏​ကိုယ်​စောင့် ကောင်း​ကင်​တ​မန်​ဖြစ်​တန်​ရာ​၏'' ဟု​ဆို​ကြ​၏။ ပေ​တ​ရု​သည်​တံ​ခါး​ကို​ခေါက်​မြဲ​ခေါက်​လျက် နေ​သော် သူ​တို့​သည်​တံ​ခါး​ဖွင့်​လိုက်​သော​အ​ခါ ပေ​တ​ရု​ကို​မြင်​သ​ဖြင့်​အံ့​သြ​ကြ​၏။- ပေ​တ​ရု​က​ဆိတ်​ဆိတ်​နေ​ကြ​ရန်​လက်​ရိပ်​ပြ ပြီး​လျှင် မိ​မိ​အား​သ​ခင်​ဘု​ရား​သည်​အ​ဘယ် သို့​ထောင်​ထဲ​မှ​ထုတ်​ဆောင်​လာ​ကြောင်း​ကို​ပြော ပြ​လေ​၏။ ထို​နောက် ``ဤ​အ​ကြောင်း​ကို​ယာ​ကုပ် နှင့်​အ​ခြား​ညီ​အစ်​ကို​တို့​အား​ပြော​ပြ​ကြ​ပါ'' ဟု​မှာ​ကြား​ပြီး​လျှင်​အ​ခြား​အ​ရပ်​သို့​ထွက် ခွာ​သွား​၏။ မိုး​လင်း​သော​အ​ခါ ``ပေ​တ​ရု​အ​ဘယ်​မှာ နည်း'' ဟု​ဆို​၍ အ​စောင့်​စစ်​သား​တို့​သည်​လွန် စွာ​ကြောက်​လန့်​တုန်​လှုပ်​ကြ​၏။- ဟေ​ရုဒ်​မင်း​သည်​ပေ​တ​ရု​ကို​ရှာ​စေ​ရာ​မ​တွေ့ သ​ဖြင့် အ​စောင့်​စစ်​သား​တို့​အား​စစ်​ဆေး​မေး မြန်း​၍ သေ​ဒဏ်​ပေး​ရန်​အ​မိန့်​ချ​မှတ်​လိုက်​လေ သည်။ ထို​နောက်​ဟေ​ရုဒ်​မင်း​သည် ယု​ဒ​ပြည်​မှ​ထွက်​ခွာ ၍ ကဲ​သ​ရိ​မြို့​တွင်​ကာ​လ​အ​နည်း​ငယ်​စံ​နေ တော်​မူ​၏။ ဟေ​ရုဒ်​မင်း​သည်​တု​ရု​မြို့​သား​များ​နှင့် ဇိ​ဒုန် မြို့​သား​တို့​အ​ပေါ်​တွင်​များ​စွာ​အ​မျက်​ထွက် သ​ဖြင့် ထို​မြို့​သား​တို့​သည်​စု​ရုံး​လျက်​မင်း ကြီး​ထံ​သို့​လာ​ရောက်​ကြ​၏။ ဦး​စွာ​ပ​ထ​မ နန်း​တော်​အုပ် ဗ​လတ္တု​၏​အ​ကူ​အ​ညီ​ကို​ရ​ယူ ကြ​၏။ ထို့​နောက်​ဟေ​ရုဒ်​မင်း​ထံ​သို့​ဝင်​၍​ငြိမ်း ချမ်း​ရေး​အ​တွက် စ​ကား​ကမ်း​လှမ်း​ကြ​၏။ အ​ဘယ်​ကြောင့်​ဆို​သော်​သူ​တို့​၏​ပြည်​သည် ဟေ​ရုဒ်​မင်း​၏​ပြည်​ကို​မှီ​ခို​စား​သောက်​ရ သော​ကြောင့်​ဖြစ်​၏။ ဟေ​ရုဒ်​မင်း​သည်​ချိန်း​ချက်​ထား​သည့်​နေ့​၌ မင်း မြောက်​တန်​ဆာ​များ​ကို​ဝတ်​ဆင်​ပြီး​လျှင် ရာ​ဇ ပလ္လင်​တော်​ပေါ်​တွင်​ထိုင်​တော်​မူ​လျက် လူ​တို့ အား​မိန့်​ခွန်း​မြွက်​ကြား​တော်​မူ​၏။- ထို​သူ​တို့​က ``ဤ​အ​သံ​သည်​လူ​၏​အ​သံ မ​ဟုတ်။ ဘု​ရား​သ​ခင်​၏​အ​သံ​ဖြစ်​၏'' ဟု ကြွေး​ကြော်​ကြ​၏။- ထို​အ​ခါ​မင်း​ကြီး​သည်​ဘု​ရား​သ​ခင်​၏ ဂုဏ်​တော်​ကို​မ​ထောက်​သည့်​အ​တွက် ချက်​ချင်း ပင်​ထာ​ဝ​ရ​ဘု​ရား​၏​ကောင်း​ကင်​တ​မန်​သည် သူ့​ကို​ဒဏ်​ခတ်​သ​ဖြင့် သန်​ထိုး​၍​ကွယ်​လွန် တော်​မူ​လေ​သည်။ ဘု​ရား​သ​ခင်​၏​နှုတ်​က​ပတ်​တ​ရား​တော်​မူ ကား​ပျံ့​နှံ့​၍ ယုံ​ကြည်​သူ​အ​ရေ​အ​တွက် တိုး​ပွား​လျက်​နေ​၏။ ဗာ​န​ဗ​နှင့်​ရှော​လု​တို့​သည် မိ​မိ​တို့​ဆောင်​ရွက် ရန်​ရှိ​သည့်​အ​မှု​ကိစ္စ​များ​ကို​ဆောင်​ရွက်​ကြ ပြီး​နောက် ယော​ဟန်​မာ​ကု​ကို​ခေါ်​၍​ယေ​ရု ရှ​လင်​မြို့​မှ​ပြန်​ခဲ့​ကြ​၏။

တမန်တော် 12:3-25 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ထို​အမှု​ကို ဂျူး​လူမျိုး​တို့ နှစ်သက်​ကြ​ကြောင်း​တွေ့မြင်​လျှင် တစ်ဖန် ထပ်၍ ပေတရု​ကို​လည်း​ဖမ်းဆီး​ရန် စီစဉ်​လေ​၏။ ထိုအချိန်​သည် တဆေးမဲ့​မုန့်​ပွဲတော်​အချိန်​ဖြစ်​၏။ ဟေရုဒ်​မင်း​သည် ပေတရု​ကို​ဖမ်းဆီး​၍​ထောင်​ထဲ၌​ထည့်​ထား​ပြီးလျှင် သူ့​ကို​စောင့်ကြပ်​ရန် စစ်သား​လေး​ဦး​ဖြင့်​ဖွဲ့​ထား​သော တပ်ဖွဲ့​လေး​ဖွဲ့​ထံသို့ အပ်နှံ​ထား​၏။ သူ​သည် ပသခါ​ပွဲတော်​လွန်​လျှင် ပေတရု​ကို လူထု​ရှေ့တွင်​ထုတ်ဆောင်​ရန် ကြံရွယ်​ထား​လေ​၏။ ဤသို့ဖြင့် ပေတရု​သည် ထောင်​ထဲ၌ ထိန်းသိမ်း​ထား​ခြင်း​ခံရ​၏။ သို့ရာတွင် အသင်းတော်​သည် သူ့​အတွက် ဘုရားသခင်​ထံသို့ စိတ်အား​ထက်သန်​စွာ​ဆုတောင်း​လျက်​နေ​၏။ ဟေရုဒ်​မင်း​သည် ပေတရု​ကို​ထုတ်ဆောင်​ရန် ကြံရွယ်​ထား​သည့်​နေ့​မတိုင်မီ​ည​၌ ပေတရု​သည် သံကြိုး​နှစ်​ချောင်း​ဖြင့်​ချည်နှောင်​ခြင်း​ခံရ​လျက် စစ်သား​နှစ်​ဦး​ကြား​တွင် အိပ်ပျော်​နေ​၏။ အစောင့်​များ​သည်​လည်း တံခါး​ရှေ့တွင် ထောင်​ကို​စောင့်ကြပ်​နေ​ကြ​၏။ ထိုစဉ် ထာဝရ​ဘုရား​၏​ကောင်းကင်တမန်​သည် ရုတ်တရက်​ပေါ်လာ​သဖြင့် ထောင်ခန်း​ထဲ၌ အလင်းရောင်​ထွန်းလင်း​လေ​၏။ ကောင်းကင်တမန်​သည် ပေတရု​၏​နံဘေး​ကို​ပုတ်​လျက် သူ့​ကို​နှိုး​ကာ “မြန်မြန်​ထ​လော့”​ဟု ဆို​လေ​၏။ ထိုအခါ သံကြိုး​များ​သည် သူ​၏​လက်​မှ ကျွတ်ကျ​သွား​လေ​၏။ ထို့နောက် ကောင်းကင်တမန်​က “ခါးပန်း​စည်း​၍ သင့်​ဖိနပ်​ကို​စီး​လော့”​ဟု ဆို​သဖြင့် သူ​သည် ထို​အတိုင်း​ပြု​လေ​၏။ တစ်ဖန် “သင်​၏​ဝတ်ရုံ​ကို​ခြုံ​၍ ငါ့​နောက်​သို့​လိုက်​လော့”​ဟု ဆို​လေ​ရာ ပေတရု​သည် ထွက်​၍ လိုက်​သွား​လေ​၏။ သို့သော် ကောင်းကင်တမန်​အားဖြင့် ဖြစ်ပျက်​နေ​သော​အရာ​သည် အမှန်တကယ်​ဖြစ်​ကြောင်း​မ​သိ​ဘဲ ရူပါရုံ​ကို​မြင်​နေ​ရ​သည်​ဟူ၍​သာ သူ​ထင်မှတ်​နေ​၏။ သူ​တို့​သည် အစောင့်​ချ​ရာ​ပထမ​နေရာ​နှင့်​ဒုတိယ​နေရာ​တို့​ကို ဖြတ်သွား​ပြီးလျှင် မြို့​သို့​သွား​သည့်​သံ​တံခါး​သို့ ရောက်လာ​ကြ​၏။ ထို​တံခါး​သည်​လည်း သူ​တို့​အတွက် အလိုအလျောက်​ပွင့်​သဖြင့် သူ​တို့​သည်​ထွက်​၍ လမ်းကြား​တစ်​ခု​အတိုင်း ဆက်သွား​ကြ​စဉ် ကောင်းကင်တမန်​သည် ပေတရု​ထံမှ ချက်ချင်း​ထွက်ခွာ​သွား​လေ​၏။ ထိုအခါ ပေတရု​သည် သတိ​ပြန်​ဝင်လာ​၍ “သခင်​ဘုရား​သည် မိမိ​၏​ကောင်းကင်တမန်​ကို​စေလွှတ်​ပြီး ဟေရုဒ်​မင်း​၏​လက်​မှ​လည်းကောင်း၊ ဂျူး​လူမျိုး​တို့​မျှော်မှန်း​ထား​သော​အရာ​အားလုံး​မှ​လည်းကောင်း ငါ့​ကို​ကယ်နုတ်​တော်မူ​သည်​ကို ယခု ငါ​အမှန်​သိ​ပြီ”​ဟု ဆို​၏။ သူ​သည် ဤသို့​သိရှိ​ပြီးနောက် မာကု​ဟု​ခေါ်​သော​ယောဟန်​၏​မိခင်​မာရိ​အိမ်​သို့​သွား​လေ​၏။ ထို​အိမ်​တွင် လူ​များစွာ​စုဝေး​လျက် ဆုတောင်း​နေ​ကြ​၏။ ပေတရု​သည် အိမ်​အဝင်​တံခါး​ကို​ခေါက်​ရာ ရောဒေ​အမည်​ရှိ အစေခံ​မိန်းမ​သည် မေးမြန်း​ရန်​လာ​၍ ပေတရု​၏​အသံ​ကို​မှတ်မိ​သောအခါ ဝမ်းမြောက်​သောကြောင့် တံခါး​ကို​မ​ဖွင့်​ဘဲ အထဲသို့​ပြေး​ဝင်​ကာ တံခါးဝ​၌ ပေတရု​ရပ်​နေ​သည်​ဟု ပြောကြား​လေ​၏။ လူ​တို့​က​လည်း “သင်​သည် ရူးသွပ်​နေ​ပြီ”​ဟု သူ့​အား ဆို​ကြ​၏။ သို့သော် သူ​သည် မိမိ​ပြော​သည့်​အတိုင်း အမှန်​ဖြစ်​ကြောင်း အခိုင်အမာ​ပြောဆို​သောအခါ သူ​တို့​က “ပေတရု​၏​ကောင်းကင်​တမန်​ဖြစ်​လိမ့်မည်”​ဟု ဆို​ကြ​၏။ သို့ရာတွင် ပေတရု​သည် တံခါး​ကို ဆက်၍​ခေါက်​နေ​သဖြင့် သူ​တို့​သည် တံခါး​ကို​ဖွင့်​လိုက်​သောအခါ ပေတရု​ကို​မြင်​၍ အံ့ဩ​ငေးမော​ကြ​၏။ ပေတရု​သည် သူ​တို့​ကို တိတ်ဆိတ်​စွာ​နေ​ကြ​ရန်​လက်ရိပ်​ပြ​ပြီး သခင်​ဘုရား​သည် မိမိ​အား ထောင်​ထဲမှ မည်ကဲ့သို့ ထုတ်ဆောင်​လာ​ခဲ့​သည်​ကို သူ​တို့​အား ပြောပြ​၏။ ထို့နောက် “ဤ​အကြောင်းအရာ​များ​ကို ယာကုပ်​နှင့်​ညီအစ်ကို​တို့​အား ပြောပြ​ကြ​လော့”​ဟု ဆို​ပြီးလျှင် အခြား​အရပ်​သို့ ထွက်ခွာ​သွား​လေ​၏။ မိုးလင်း​သောအခါ ပေတရု​မည်သို့​ဖြစ်​သွား​သနည်း​ဟု စစ်သား​များ​အကြား​တွင် အကြီးအကျယ်​ရုတ်ရုတ်သဲသဲ​ဖြစ်​လေ​၏။ ဟေရုဒ်​မင်း​သည် ပေတရု​ကို ကြိုးစား​ရှာဖွေ​သော်လည်း မ​တွေ့​သဖြင့် အစောင့်​တို့​ကို​စစ်ဆေး​၍ သေဒဏ်​ပေး​ရန် အမိန့်​ချ​လေ​၏။ ထို့နောက် ယုဒ​ပြည်​မှ ဆီဇာရီးယား​မြို့​သို့ ဆင်းသွား​၍ ထို​မြို့​၌​နေ​လေ​၏။ ဟေရုဒ်​မင်း​သည် တိုင်ရာ​မြို့သား​နှင့်​ဆီဒုန်​မြို့သား​တို့​အပေါ် ပြင်းစွာ​ဒေါသ​ထွက်​သဖြင့် သူ​တို့​သည် မင်းကြီး​ထံသို့ တစ်စုတစ်ဝေးတည်း​လာ​ကြ​၍ မင်းကြီး​၏​အတွင်းဝန်​ဗလတ္တု​ကို​စည်းရုံး​ကာ ငြိမ်းချမ်း​မှု​ရရှိ​ရန်​အတွက် တောင်းပန်​ကြ​၏။ အဘယ်ကြောင့်​ဆိုသော် သူ​တို့​ပြည်​သည် မင်းကြီး​၏​ပြည်​မှ အစားအစာ​ကို​ရရှိ​သောကြောင့်​ဖြစ်​၏။ ဟေရုဒ်​မင်း​သည် ချိန်းဆို​ထား​သော​နေ့​၌ မင်း​ဝတ်တန်ဆာ​များ​ကို​ဝတ်ဆင်​လျက် ပလ္လင်​တော်​ပေါ်တွင်​ထိုင်​ကာ ထို​သူ​တို့​အား မိန့်ခွန်း​မြွက်ကြား​လေ​၏။ လူစုလူဝေး​က​လည်း “ဤ​အသံ​သည် လူ​၏​အသံ​မ​ဟုတ်။ ဘုရားသခင်​၏​အသံ​ဖြစ်​၏”​ဟု ကြွေးကြော်​ကြ​၏။ မင်းကြီး​သည် ဘုရားသခင်​၏​ဘုန်း​တော်​ကို​မ​ချီးမွမ်း​သောကြောင့် ထို​ခဏချင်း​တွင် ထာဝရ​ဘုရား​၏​ကောင်းကင်​တမန်​သည် သူ့​ကို ဒဏ်ခတ်​သဖြင့် သူ​သည် ပိုး​စား​ခံရ​၍ အနိစ္စရောက်​လေ​၏။ ထိုအခါ ဘုရားသခင်​၏​နှုတ်ကပတ်​တရား​သည်​ပျံ့နှံ့​လျက် တိုးပွား​လေ​၏။ ဗာနဗ​နှင့်​ရှောလု​တို့​သည် ထောက်ပံ့​ခြင်း​အမှု​ကို ပြီးစီး​အောင်​ဆောင်ရွက်​ပြီးနောက် မာကု​ဟု​ခေါ်​သော​ယောဟန်​ကို မိမိ​တို့​နှင့်အတူ​ခေါ်ဆောင်​၍ ဂျေရုဆလင်​မြို့​မှ ပြန်လာ​ကြ​၏။