YouVersion လိုဂို
ရှာရန် အိုင်ကွန်

တမန်တော် 12:12-17

တမန်တော် 12:12-17 Judson Bible (JBMLE)

လူ​များ​စု​ဝေး၍ ဆု​တောင်း​ရာ၊ မာ​ကု​အ​မည်​သစ်​ကို​ရ​သော ယော​ဟန်၏​အ​မိ​ဖြစ်​သော မာ​ရိ၏​အိမ်​သို့​ရောက်၍၊- အိမ်​ဦး​တံ​ခါး​ကို​ခေါက်​လေ​သော်၊ ရော​ဒေ​အ​မည်​ရှိ​သော မိန်း​မ​ငယ်​တစ်​ယောက်​သည် နား​ထောင်​ခြင်း​ငှာ​လာ၍၊- ပေ​တ​ရု၏​စ​ကား​သံ​ကို သိ​လျှင်၊ ဝမ်း​မြောက်​သော​အား​ဖြင့် တံ​ခါး​ကို​မ​ဖွင့်​ဘဲ အ​ထဲ​သို့​ပြေး​ဝင်၍၊ ပေ​တ​ရု​သည် တံ​ခါး​ရှေ့​မှာ​ရပ်​နေ​သည်​ဟု ကြား​ပြော၏။- ထို​သူ​တို့​က၊ သင်​သည်​အ​ရူး​ဖြစ်၏​ဟု ထို​မိန်း​မ​ငယ်​အား​ဆို​ကြ​သော်​လည်း၊ ပေ​တ​ရု​အ​မှန်​ရှိ​သည်​ဟု သူ​သည်​ခိုင်​မာ​စွာ​ဆို​လျှင်၊ ပေ​တ​ရု၏ ကောင်း​ကင်​တ​မန်​ဖြစ်​လိမ့်​မည်​ဟု ဆို​ကြ၏။- ပေ​တ​ရု​သည် ခေါက်၍​နေ​သော်၊ တံ​ခါး​ကို​ဖွင့်​ကြ၍ သူ့​ကို​မြင်​သ​ဖြင့် အ​လွန်​တ​ရာ​အံ့​ဩ​ကြ၏။- ပေ​တ​ရု​သည်​လည်း ထို​သူ​တို့​ကို​တိတ်​ဆိတ်​စွာ နေ​စေ​ခြင်း​ငှာ မိ​မိ​လက်​နှင့်​အ​မှတ်​ပေး၍ မိ​မိ​ကို ထောင်​ထဲ​က သ​ခင်​ဘု​ရား​နုတ်​တော်​မူ သော​အ​ကြောင်း​အ​ရာ​ကို ဖော်​ပြ​ပြီး​မှ၊ သင်​တို့​သွား၍ ယာ​ကုပ်​နှင့် ညီ​အစ်​ကို​တို့​အား ဤ​အ​ကြောင်း​များ​ကို ပြန်​ကြား​ကြ​လော့​ဟု ဆို​ပြီး​လျှင်၊ ထွက်၍​အ​ခြား​တစ်​ပါး​သို့ သွား​လေ၏။

တမန်တော် 12:12-17 Common Language Bible (BCL)

ဤ​သို့​သိ​ရှိ​လာ​သော​အ​ခါ သူ​သည်​ယော​ဟန် မာ​ကု​၏​အ​မိ​မာ​ရိ​၏​အိမ်​သို့​သွား​၏။ ထို အိမ်​တွင်​လူ​အ​မြောက်​အ​မြား​စု​ဝေး​၍​ဆု တောင်း​ပတ္ထ​နာ​ပြု​လျက်​နေ​ကြ​၏။- ပေ​တ​ရု​သည်​အိမ်​တံ​ခါး​ကြီး​ရှိ​တံ​ခါး​ငယ် ကို​ခေါက်​လျှင် ရော​ဒေ​နာ​မည်​ရှိ​သူ​အ​စေ​ခံ​မ က​လေး​သည်​တံ​ခါး​ဖွင့်​ရန်​လာ​၏။- သူ​သည်​ပေ​တ​ရု​၏​အ​သံ​ကို​မှတ်​မိ​သ​ဖြင့် လွန်​စွာ​ဝမ်း​မြောက်​ရ​ကား တံ​ခါး​ကို​မ​ဖွင့်​ဘဲ အိမ်​ထဲ​သို့​ပြေး​ဝင်​ကာ​တံ​ခါး​ဝ​သို့​ပေ​တ​ရု ရောက်​နေ​ကြောင်း​ကို​လူ​တို့​အား​ပြော​၏။- ထို​သူ​တို့​က ``သင်​ရူး​လေ​ပြီ'' ဟု​ဆို​၏။ သို့ သော်​အ​စေ​ခံ​မ​က​လေး​က​မိ​မိ​ပြော​သည့် အ​တိုင်း အ​မှန်​ပင်​ဖြစ်​ကြောင်း​ပြော​နေ​သ​ဖြင့် သူ​တို့​က ``ထို​သူ​သည်​ပေ​တ​ရု​၏​ကိုယ်​စောင့် ကောင်း​ကင်​တ​မန်​ဖြစ်​တန်​ရာ​၏'' ဟု​ဆို​ကြ​၏။ ပေ​တ​ရု​သည်​တံ​ခါး​ကို​ခေါက်​မြဲ​ခေါက်​လျက် နေ​သော် သူ​တို့​သည်​တံ​ခါး​ဖွင့်​လိုက်​သော​အ​ခါ ပေ​တ​ရု​ကို​မြင်​သ​ဖြင့်​အံ့​သြ​ကြ​၏။- ပေ​တ​ရု​က​ဆိတ်​ဆိတ်​နေ​ကြ​ရန်​လက်​ရိပ်​ပြ ပြီး​လျှင် မိ​မိ​အား​သ​ခင်​ဘု​ရား​သည်​အ​ဘယ် သို့​ထောင်​ထဲ​မှ​ထုတ်​ဆောင်​လာ​ကြောင်း​ကို​ပြော ပြ​လေ​၏။ ထို​နောက် ``ဤ​အ​ကြောင်း​ကို​ယာ​ကုပ် နှင့်​အ​ခြား​ညီ​အစ်​ကို​တို့​အား​ပြော​ပြ​ကြ​ပါ'' ဟု​မှာ​ကြား​ပြီး​လျှင်​အ​ခြား​အ​ရပ်​သို့​ထွက် ခွာ​သွား​၏။

တမန်တော် 12:12-17 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

သူ​သည် ဤသို့​သိရှိ​ပြီးနောက် မာကု​ဟု​ခေါ်​သော​ယောဟန်​၏​မိခင်​မာရိ​အိမ်​သို့​သွား​လေ​၏။ ထို​အိမ်​တွင် လူ​များစွာ​စုဝေး​လျက် ဆုတောင်း​နေ​ကြ​၏။ ပေတရု​သည် အိမ်​အဝင်​တံခါး​ကို​ခေါက်​ရာ ရောဒေ​အမည်​ရှိ အစေခံ​မိန်းမ​သည် မေးမြန်း​ရန်​လာ​၍ ပေတရု​၏​အသံ​ကို​မှတ်မိ​သောအခါ ဝမ်းမြောက်​သောကြောင့် တံခါး​ကို​မ​ဖွင့်​ဘဲ အထဲသို့​ပြေး​ဝင်​ကာ တံခါးဝ​၌ ပေတရု​ရပ်​နေ​သည်​ဟု ပြောကြား​လေ​၏။ လူ​တို့​က​လည်း “သင်​သည် ရူးသွပ်​နေ​ပြီ”​ဟု သူ့​အား ဆို​ကြ​၏။ သို့သော် သူ​သည် မိမိ​ပြော​သည့်​အတိုင်း အမှန်​ဖြစ်​ကြောင်း အခိုင်အမာ​ပြောဆို​သောအခါ သူ​တို့​က “ပေတရု​၏​ကောင်းကင်​တမန်​ဖြစ်​လိမ့်မည်”​ဟု ဆို​ကြ​၏။ သို့ရာတွင် ပေတရု​သည် တံခါး​ကို ဆက်၍​ခေါက်​နေ​သဖြင့် သူ​တို့​သည် တံခါး​ကို​ဖွင့်​လိုက်​သောအခါ ပေတရု​ကို​မြင်​၍ အံ့ဩ​ငေးမော​ကြ​၏။ ပေတရု​သည် သူ​တို့​ကို တိတ်ဆိတ်​စွာ​နေ​ကြ​ရန်​လက်ရိပ်​ပြ​ပြီး သခင်​ဘုရား​သည် မိမိ​အား ထောင်​ထဲမှ မည်ကဲ့သို့ ထုတ်ဆောင်​လာ​ခဲ့​သည်​ကို သူ​တို့​အား ပြောပြ​၏။ ထို့နောက် “ဤ​အကြောင်းအရာ​များ​ကို ယာကုပ်​နှင့်​ညီအစ်ကို​တို့​အား ပြောပြ​ကြ​လော့”​ဟု ဆို​ပြီးလျှင် အခြား​အရပ်​သို့ ထွက်ခွာ​သွား​လေ​၏။