YouVersion လိုဂို
ရှာရန် အိုင်ကွန်

တမန်တော် 1:12-14

တမန်တော် 1:12-14 Judson Bible (JBMLE)

ထို​အ​ခါ ယေ​ရု​ရှ​လင်​မြို့​နှင့် ဥ​ပုသ်​နေ့​တစ်​နေ့​ခ​ရီး​သာ​ကွာ၍ သံ​လွင်​အ​မည်​ရှိ​သော​တောင်​မှ ယေ​ရု​ရှ​လင်​မြို့​သို့ တ​မန်​တော်​တို့​သည် ပြန်​ကြ၏။- ရောက်​ကြ​လျှင်၊ ပေ​တ​ရု၊ ယာ​ကုပ်၊ ယော​ဟန်၊ အ​န္ဒြေ၊ ဖိ​လိ​ပ္ပု၊ သော​မ၊ ဗာ​သော​လ​မဲ၊ မဿဲ၊ အာ​လ​ဖဲ၏​သား​ယာ​ကုပ်၊ ရှိ​မုန်​ဇေ​လုတ်၊ ယာ​ကုပ်​ညီ ယု​ဒ​တို့​သည် တည်း​နေ​ရာ​အိမ်​အ​ထက်​ခန်း​သို့ တက်​ကြ၏။- ထို​သူ​အ​ပေါင်း​တို့​သည် ယေ​ရှု၏​မယ်​တော်​မာ​ရိ​မှ​စ၍ မိန်း​မ​တို့​နှင့်​လည်း​ကောင်း၊ ညီ​တော်​တို့​နှင့်​လည်း​ကောင်း၊ တ​ညီ​တ​ညွတ်​တည်း ကြိုး​စား၍ ဆု​တောင်း​ပ​တ္ထ​နာ​ပြု​လျက် နေ​ကြ၏။

တမန်တော် 1:12-14 Common Language Bible (BCL)

ထို​နောက်​တ​မန်​တော်​တို့​သည်​သံ​လွင်​နာ​မည် တွင်​သော​တောင်​မှ ယေ​ရု​ရှ​လင်​မြို့​သို့​ပြန်​ကြ​၏။ သံ​လွင်​တောင်​သည်​ယေ​ရု​ရှ​လင်​မြို့​နှင့်​ခ​ရီး မိုင်​ဝက်​ခန့်​ဝေး​၏။- သူ​တို့​သည်​မြို့​ထဲ​သို့​ဝင်​၍ မိ​မိ​တို့​တည်း​ခို​ရာ အိမ်​အ​ထက်​ခန်း​သို့​သွား​ကြ​၏။ ထို​သူ​တို့​ကား ပေ​တ​ရု၊ ယော​ဟန်၊ ယာ​ကုပ်၊ အန္ဒြေ၊ ဖိ​လိပ္ပု၊ သော​မ၊ ဗာ​သော​လ​မဲ၊ မ​ဿဲ၊ အာ​လ​ဖဲ​၏​သား​ယာ​ကုပ်၊ မျိုး​ချစ်​စိတ်​ထက်​သန်​သူ​ရှိ​မုန်​နှင့်​ယာ​ကုပ်​၏ သား​ယု​ဒ​တို့​ဖြစ်​၏။- သူ​တို့​သည်​သ​ခင်​ယေ​ရှု​နှင့်​မယ်​တော်​ဖြစ်​သူ မာ​ရိ​အ​ပါ​အ​ဝင်​အ​မျိုး​သ​မီး​အ​ချို့​တို့ နှင့်​လည်း​ကောင်း၊ ကိုယ်​တော်​၏​ညီ​တော်​များ​နှင့် လည်း​ကောင်း မ​ကြာ​ခ​ဏ​တွေ့​ဆုံ​၍​ဆု​တောင်း ပတ္ထ​နာ​ပြု​လျက်​နေ​ကြ​၏။

တမန်တော် 1:12-14 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ထို့နောက် သူ​တို့​သည် သံလွင်​အမည်​ရှိ​သော​တောင်​မှ ဂျေရုဆလင်​မြို့​သို့ ပြန်သွား​ကြ​၏။ ထို​တောင်​သည် ဂျေရုဆလင်​မြို့​နှင့် မိုင်ဝက်​ခန့်​အကွာအဝေး​၌​ရှိ​၏။ သူ​တို့​သည် မြို့​ထဲသို့​ဝင်​သောအခါ မိမိ​တို့​တည်း​နေ​သော အိမ်​၏​အထက်ခန်း​သို့​တက်​ကြ​၏။ ထို​သူ​တို့​မှာ ပေတရု၊ ယာကုပ်၊ ယောဟန်၊ အန္ဒြေ၊ ဖိလိပ္ပု၊ သောမ၊ ဗာသောလမဲ၊ မဿဲ၊ အာလဖဲ​၏​သား​ယာကုပ်၊ မျိုးချစ်​ပုဂ္ဂိုလ်​ရှိမုန်​နှင့် ယာကုပ်​၏​သား​ယုဒ​တို့​ဖြစ်​ကြ​၏။ သူ​တို့​အားလုံး​သည် အမျိုးသမီး​များ​နှင့် ယေရှု​၏​မယ်တော်​မာရိ​မှစ၍ ကိုယ်တော်​၏​ညီ​တော်​များ​နှင့်အတူ တစ်စိတ်​တစ်သဘောတည်း​ဖြင့် ဆုတောင်း​ခြင်း​အမှု​ကို အစဉ်တစိုက်​ပြု​နေ​ကြ​၏။