YouVersion လိုဂို
ရှာရန် အိုင်ကွန်

၂ တိမောသေ 2:8-13

၂ တိမောသေ 2:8-13 Judson Bible (JBMLE)

ဒါ​ဝိဒ်​အ​မျိုး​ဖြစ်​သော ယေ​ရှု​ခ​ရစ်​သည်၊ ငါ​ဟော​သော ဝံ​ဂေ​လိ​တ​ရား​အ​တိုင်း၊ သေ​ခြင်း​မှ ထ​မြောက်​တော်​မူ​သည်​ဟု အောက်​မေ့​လော့။- ထို​တ​ရား​ကြောင့် ငါ​သည်​လူ​ဆိုး​ကဲ့​သို့ ချည်​နှောင်​ခြင်း​တိုင်​အောင် ဆင်း​ရဲ​ဒု​က္ခ​ကို​ခံ​ရ၏။ သို့​သော်​လည်း၊ ဘု​ရား​သ​ခင်၏​နှုတ်​က​ပတ်​တ​ရား​တော်​သည် ချည်​နှောင်​ခြင်း​နှင့် ကင်း​လွတ်၏။- ထို​ကြောင့် ရွေး​ကောက်​တော်​မူ​သော သူ​တို့​သည်၊ ထာ​ဝ​ရ ဘုန်း​အ​သ​ရေ​နှင့်​တ​ကွ ယေ​ရှု​ခ​ရစ်​အား​ဖြင့် ကယ်​တင်​ခြင်း​သို့​ရောက်​စိမ့်​သော​ငှာ၊ သူ​တို့​အ​ဖို့ အ​ရာ​ရာ​ကို ငါ​သည်း​ခံ​ရ၏။- သ​စ္စာ​စ​ကား​ဟူ​ကား၊ ထို​သ​ခင်​နှင့်​အ​တူ​သေ​လျှင်၊ အ​တူ​ရှင်​လိမ့်​မည်။- သည်း​ခံ​လျှင်၊ ထို​သ​ခင်​နှင့်​အ​တူ စိုး​စံ​လိမ့်​မည်။ ထို​သ​ခင်​ကို ငါ​တို့​သည် ငြင်း​ပယ်​လျှင်၊ ငါ​တို့​ကို ငြင်း​ပယ်​တော်​မူ​လိမ့်​မည်။- ငါ​တို့​သည် မ​ယုံ​ကြည်​သော်​လည်း၊ ထို​သ​ခင်​သည် သ​စ္စာ​တည်​သ​ဖြင့် ကိုယ်​ကို ငြင်း​ပယ်​တော်​မ​မူ​နိုင်။

၂ တိမောသေ 2:8-13 Common Language Bible (BCL)

ငါ​ဟော​ပြော​သော​သ​တင်း​ကောင်း​အ​ရ​ဒါ​ဝိဒ် မင်း​မှ​ဆင်း​သက်​တော်​မူ​၍​သေ​ခြင်း​မှ​ရှင် ပြန်​ထ​မြောက်​တော်​မူ​သော​ယေ​ရှု​ခ​ရစ်​ကို သ​တိ​ရ​လော့။- ငါ​သည်​ထို​သ​တင်း​ကောင်း​အ​တွက်​ကြောင့် ရာ​ဇ​ဝတ်​ကောင်​ကဲ့​သို့​ဒုက္ခ​ရောက်​လျက်​ရှိ​၏။ သံ​ကြိုး​များ​နှင့်​ပင်​အ​ချည်​အ​နှောင်​ခံ​ရ​၏။ သို့​သော်​ဘု​ရား​သ​ခင်​၏​နှုတ်​က​ပတ်​တော် မူ​ကား​ချုပ်​နှောင်​မှု​နှင့်​ကင်း​လွတ်​၏။- ထို့​ကြောင့်​ငါ​သည်​ဘု​ရား​သ​ခင်​ရွေး​ကောက် တော်​မူ​သော​လူ​စု​တော်​၏​အ​တွက်​မည့်​သည့် ဒုက္ခ​ဆင်း​ရဲ​ကို​မ​ဆို​ခံ​၏။ ဤ​သို့​ခံ​ခြင်း​မှာ သူ​တို့​သည်​လည်း​ထာ​ဝ​ရ​ဘုန်း​အ​သ​ရေ နှင့်​တ​ကွ​ယေ​ရှု​ခ​ရစ်​အား​ဖြင့်​ကယ်​တင် ခြင်း​ကို​ခံ​ရ​စေ​ရန်​ဖြစ်​၏။- အောက်​ပါ​စ​ကား​သည်​သစ္စာ​စ​ကား​ဖြစ်​ပေ​သည်။ ``ငါ​တို့​သည်​ကိုယ်​တော်​နှင့်​အ​တူ​သေ​လျှင် ကိုယ်​တော်​နှင့်​အ​တူ​ရှင်​လိမ့်​မည်။ ခံ​နိုင်​ရည်​ရှိ​လျှင်​ကိုယ်​တော်​နှင့်​အ​တူ​စိုး​စံ​ရ လိမ့်​မည်။ ကိုယ်​တော်​အား​စွန့်​ပယ်​လျှင်​ကိုယ်​တော်​သည် ငါ​တို့​အား​စွန့်​ပယ်​တော်​မူ​လိမ့်​မည်။ ငါ​တို့​သစ္စာ​ဖောက်​လျှင်​ကိုယ်​တော်​သည် သစ္စာ​ဖောက်​တော်​မ​မူ။ အ​ဘယ်​ကြောင့်​ဆို​သော်​ကိုယ်​တော်​သည် မိ​မိ​သစ္စာ​တော်​ကို​ပယ်​ဖျက်​တော်​မ​မူ​နိုင် သော​ကြောင့်​ဖြစ်​၏''

၂ တိမောသေ 2:8-13 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ငါ​ဟောပြော​သည့် ကောင်းမြတ်​သော​သတင်း​အရ ဒါဝိဒ်​၏​အမျိုးအနွယ်​မှ​ပေါ်ထွန်း​လျက် သေ​သော​သူ​တို့​ထဲမှ ထမြောက်​တော်မူ​သော ယေရှု​ခရစ်တော်​ကို သတိရ​လော့။ ငါ​သည် ဤ​ကောင်းမြတ်​သော​သတင်း​အတွက် ရာဇဝတ်သား​ပမာ ချည်နှောင်​ခြင်း​ခံရ​သည့်​တိုင်အောင် ဆင်းရဲ​ဒုက္ခ​ကို​ခံရ​၏။ သို့သော် ဘုရားသခင်​၏​နှုတ်ကပတ်တော်​သည် ချည်နှောင်​ခြင်း​ခံရ​သည်​မ​ဟုတ်။ ထို့ကြောင့် ရွေးကောက်​ခံရ​သော​သူ​တို့​သည် ခရစ်တော်​ယေရှု​၌​ရှိ​သော​ကယ်တင်​ခြင်း​ကို ထာဝရ​ဘုန်း​အသရေ​နှင့်တကွ ရရှိ​နိုင်​မည့်​အကြောင်း ငါ​သည် သူ​တို့​အတွက် အရာရာ​ကို​သည်းခံ​၏။ အောက်ပါ​စကား​သည် သစ္စာ​စကား​ဖြစ်​၏။ ငါ​တို့​သည် ကိုယ်တော်​နှင့်အတူ​သေ​လျှင် ကိုယ်တော်​နှင့်အတူ​အသက်ရှင်​ကြ​လိမ့်မည်။ ငါ​တို့​သည် သည်းခံ​လျှင် ကိုယ်တော်​နှင့်အတူ​စိုးစံ​ရ​ကြ​လိမ့်မည်။ ကိုယ်တော်​ကို​ငြင်းပယ်​မည်​ဆိုလျှင် ကိုယ်တော်​သည်​လည်း ငါ​တို့​ကို​ငြင်းပယ်​တော်မူ​လိမ့်မည်။ ငါ​တို့​သည် သစ္စာ​မ​ရှိ​လျှင်​လည်း ကိုယ်တော်​၏​သစ္စာ​တော်​သည် တည်မြဲ​တော်မူ​၏။ အကြောင်းမူကား ကိုယ်တော်​သည် မိမိကိုယ်ကို​မ​ငြင်းပယ်​နိုင်။